Sales Hotline : 09448001653       Download App



အသက် ၁၆ နှစ်ပြည့်ပြီးသူတိုင်း တက်ရောက်နိုင်တဲ့ GED ပညာရေး

 

အခုဆိုရင်တော့ မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်ကာ ပညာဆက်လက် သင်ကြားဖို့ရာ ရွေးချယ်နိုင်တဲ့ ပညာရေးလမ်းကြောင်းများ များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ အဲဒီထဲကမှ လတ်တလောမှာ မိဘများနဲ့ ကျောင်းသားများကြား ရေပန်းစားနေတဲ့ GED (General Education Development) ပညာရေး အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

 

GED (General Education Development) ဆိုတာကတော့ အမေရိကန်အထက်တန်းအဆင့် ဒီပလိုမာ လက်မှတ်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထက်တန်းမပြီးဆုံးသေးတဲ့ ကျောင်းသား / ကျောင်းသူများ အနေနဲ့ အစားထိုးဖြေဆိုနိုင်တဲ့ စာမေးပွဲတစ်ခုပဲ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှလည်း အသိအမှတ်ပြုထားတဲ့ ပညာရေးလက်မှတ် တစ်ခုပဲဖြစ်ပါတယ်။ ထိုလက်မှတ်ကို ရရှိဖို့ဆိုရင်တော့ ကျောင်းသားများအနေနဲ့ သတ်မှတ်ထားတဲ့ ဘာသာရပ် (၄) ဘာသာကို ဖြေဆိုရမှာပါ။ ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့ အထက်တန်းကျောင်းရဲ့ သင်ရိုးထဲကမှ အဓိကဘာသာရပ်ကြီးများ ဖြစ်ကြတဲ့ English, Maths, Social Studies နဲ့ Science တို့ ဖြစ်ပါတယ်။ 

 

GED ကို ဘယ်သူတွေတက်ရောက်လဲသင့်လဲဆိုရင်တော့ တက္ကသိုလ်ဝင်တန်း (၁၀) တန်းမဖြေဆို၊ မအောင်မြင်သေးပဲ    ပညာရေး      တစ်ပိုင်းတစ်စနဲ့      ရပ်တန့်နေသူများ ၊       ပညာရေးတစ်ပိုင်းတစ်စ ဖြစ်နေပေမယ့်လည်း ပြည်ပမှာ ဆက်လက်ပညာ သင်ကြားလိုသူများ ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားချင်သူများ၊ အချိန်တိုတိုအတွင်း အထက်တန်းအဆင့် ဒီပလိုမာ အောင်လက်မှတ်တစ်ခု ရရှိလိုသူများ အားလုံး တက်ရောက်သင်ကြားသင့်ပါတယ် ။ 

 

GED ဖြေဖို့ ဘာတွေလိုအပ်သလဲဆိုရင်တော့ မြန်မာနိုင်ငံမှ ဖြေဆိုမယ့် ကျောင်းသား / ကျောင်းသူများ အနေနဲ့ အနည်းဆုံး အသက် (၁၆) နှစ်ပြည့်ဖို့ပဲ လိုအပ်ပါတယ် ။ မြန်မာကျောင်း ပညာရေးမှာ အထက်တန်း ဖြစ်တဲ့ (၈) တန်း ၊ (၉) တန်း အောင်ထားရင်တော့ ပိုပြီး ဖြေဆိုရလွယ်ကူနိုင်ပါတယ် ။ 

 

GED ရဲ့ အားသာချက်တွေကတော့ ကိုယ်တိုင် Self-study လုပ်ပြီးလည်း GED Approved Test Center တွေမှာ Register လုပ်ပြီး ဖြေဆိုလို့ရပါတယ် ။ IGCSE အတွက် ပြင်ဆင်နေသူတွေ အနေနဲ့လည်း ဖြေဆိုလို့ရပါတယ်။ 

 

ဒါပေမဲ့လည်း ကိုယ်တိုင် Self-study လုပ်ရာတွင် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲလေးတွေကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး သေချာနားမလည်တာ၊ စာလေ့လာဖို့ အတွက် Resource ရှာမရတာ၊ Study Plan ကို ကောင်းကောင်းမချနိုင်တာ၊ ကိုယ်တိုင်နားမလည်တဲ့ စာတွေအတွက် သင်ကြားပြသမှု မရှိတာ ၊ မေးခွန်းပုံစံတွေနဲ့ ပတ်သက်ပြီး မရှင်းတာ စတဲ့ အခက်အခဲတွေ ကြုံတွေ့ရနိုင်တာတော့ သတိထားဖို့ လိုအပ်ပါတယ်။ 

 

GED ရဲ့ နောက်အားသာချက်တစ်ခုကတော့ ပြင်ဆင်ဖြေဆိုချိန် (၄)လသာ အချိန်ယူရပြီး ပညာရေးခရီးလမ်းတစ်ခုကို ရှေ့ဆက်လျှောက်လှမ်းနိုင်မှာပါ။ သို့သော် တစ်ခုသတိထားရမှာက ပြည်ပမှာ ပညာဆက်လက်သင်ကြားမယ့် သူတွေအတွက် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်၊ ကောလိပ်က GED စာမေးပွဲရလာဒ်ကို အသိမှတ် ပြု / မပြု၊ လက်ခံ / မခံ တော့ ကြိုတင်စုံစမ်းထားသင့်ပါတယ် ။ 

 

GED ဟာ အမေရိကန် ပြည်ထောင်စုကောလိပ်၊ တက္ကသိုလ်၊ ထိုင်းနိုင်ငံ၊ စင်ကာပူကောလိပ်၊ တက္ကသိုလ်၊ ပုဂ္ဂလိကကျောင်း လျှောက်ထားလိုသူတွေအတွက် သင့်တော်ပါတယ်။ ဩစတေးလျ၊ ဂျပန်နှင့် UK ဘက်က တက္ကသိုလ် အချို့လည်း GED Result ကို အသိအမှတ်ပြု လက်ခံကြပါတယ် ။ 

 

GED ပညာရေးဟာ အချိန်တိုတိုအတွင်းမှာ ရရှိနိုင်တဲ့ရရှိနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အထက်တန်းကျောင်း ဒီပလိုမာလက်မှတ်တစ်ခု ဖြစ်တဲ့အပြင် ကုန်ကျစရိတ်အနည်းဆုံးနဲ့ သင်ကြားတက်မြောက် ရရှိနိုင်တဲ့ ပညာရေးလမ်းကြောင်း တစ်ခုဖြစ်တာကြောင့် မိဘတိုင်း ထည့်သွင်းစဥ်းစားသင့်တဲ့ ပညာရေးတစ်ခုပဲဖြစ်ပါတယ်။ ယခုဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း GED Exam အတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းများစွာ ရှိနေပြီပဲ ဖြစ်ပါတယ်။ 

 

High Read 5882 times