Sales Hotline : 09448001653       Download App



ဂျပန်စာအခမဲ့လေ့လာနိုင်သော Free Website များ

 

 

ဂျပန်နိုင်ငံကို ကျောင်းသွားတတ်ချင်တာပဲဖြစ်ဖြစ်၊ Japan Anime တွေကို ဘာသာပြန်မလိုပဲ ကြည့်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်လိုအပ်ချက်အရ ဂျပန်ဘာသာစကား သင်ယူချင်တာပဲဖြစ်ဖြစ် ဂျပန်ဘာသာစကားကို စိတ်ဝင်စားလို့ လေ့လာချင်တဲ့သူတွေအတွက် Online ကနေလေ့လာနိုင်မယ့် Free Website လေးတွေ ဖော်ပြပေးလိုက် ပါတယ်။Online Self-Learning Free Website ‌လေးတွေဖြစ်လို့ ကိုယ်အားတဲ့အချိန်မှလေ့လာနိုင်ပါတယ်။

 

  1. Tofugu

၂၀၀၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Website လေးဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု၊ရိုးရာဓလေ့ တွေကိုပါ လေ့လာနိုင်ပါတယ်။ ဂျပန်စာကို ပေါ့ပေါ့ပါးပါး လေ့လာနိုင်တဲ့ အကောင်းဆုံး Online Learning Free Website တွေထဲကတစ်ခုပါ။ Self-Study လုပ်နေတဲ့သူတွေအတွက်အဆင် ပြေအောင်ဖန်တီးပေးထားတဲ့ Online Textbook ဖြစ်တဲ့ Textfugu နဲ့လည်း ချိတ်ဆက် ပေးထားပါတယ်။ 

 

  1. Learn Japanese Language

ဂျပန်ဘာသာစကားမှာ သင်ကြားရမယ့် hiragana, katakana နဲ့ Kanji (တရုတ်စာလုံး) တွေရှိပါတယ်။ Kanji စာလုံးတွေဆို တရုတ်စာလုံးတွေဆိုတဲ့ အတိုင်း စုတ်ချက်တွေကလည်း ခက်ခဲရှုပ်ထွေးပါတယ်။ ဒီဝက်ဘ်ဆိုဒ်လေးမှာတော့ စာလုံးရေးနည်းတွေကိုပါ Tutorial နဲ့ သေသေချာချာ ဖော်ပြပေးထားတာမို့ လေ့လာရတာ အနည်းနဲ့အများ လွယ်ကူရှင်းလင်းစေမှာပါ။

  1. Japanese 101 

ဒီဝက်ဘ်ဆိုဒ်လေးကတော့ ဂျပန်ဘာသာစကားအပြင် တစ်ခြားဘာသာစကားမျိုးစုံကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဂျပန်ဝေါဟာရတွေကို အခြေခံကစပြီး စုံစုံလင်လင် လေ့လာလို့ရပါတယ်။ ဝေါဟာရတွေအပြင်  ဂျပန်ရုပ်မြင်သံကြားအစီအစဥ်နှင့်  အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဝက်ဘ်ဆိုဒ်၊ Forum တွေနဲ့လည်း ချိတ်ဆက်ပေးထားပါသေးတယ်။

 

  1. Japanese Pod 101

ဒီဝက်ဘ်ဆိုဒ်ကတော့ Register အရင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်ခန်းစာတွေကို ဗီဒီယိုဖိုင်၊ အသံဖိုင်တွေနဲ့ရယူနိုင်ပြီးသတင်းစာတွေကိုပါအခမဲ့ရယူနိုင်ပါတယ်။ ချိတ်ဆက်တင်ပေးထားတဲ့ Forum တွေကလည်း အကြံအဉာဏ်တွေ အကူအညီတွေ များစွာရယူနိုင်ပါတယ်။

 

  1. MLC Japanese Language School Resources 

MLC Japanese Language School ကတော့ ဂျပန်နိုင်ငံတိုကျိုမြို့မှာရှိတဲ့ ကျောင်းဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဂျပန်စာလေ့လာဖို့အတွက် ဒေါင်းလုပ်လုပ်လို့ရတဲ့ PDF File တွေကိုတင်ပေး ထားပါတယ်။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွေကိုလည်း အစမ်းဝင်ဖြေကြည့်ပြီး ကိုယ့်ရဲ့ Japanese Language Level ကို ဆန်းစစ်နိုင်ပါတယ်။ 


 

ဂျပန်ဘာသာစကားဟာ ယနေ့ခေတ် မြန်မာနိုင်ငံမှာ အထူးခေတ်စားလာပြီး ဂျပန်နိုင်ငံကို ပညာတော်သင်သွားတဲ့သူတွေ၊ အလုပ်သွားရောက်လုပ်ကိုင်သူတွေလည်း တစ်နှစ်ပြီးတစ်နှစ် သွားရောက်နှုန်း မြင့်တတ်လာပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပဲ လုပ်ငန်းခွင်တိုးတက်မှုအတွက် လေ့လာထားမယ်ဆိုရင်လည်း လေ့လာသင်ယူဖို့ အသင့်တော်ဆုံး ဘာသာစကားထဲမှာ ပါဝင်နေတာ ဖြစ်တဲ့အတွက် သင်တန်းမတက်သေးရင်တောင် အားလပ်ချိန်မှာပဲဖြစ်ဖြစ် Self-Learning လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

Knowledge Latest Post Vocational Read 850 times