Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် Executive မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချမည်

 

 

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသက် (၃၀) ပြည့်ပြီးသူများ လျှောက်ထားနိုင်သော Executive Level မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရှိရသည်။ 

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဖွင့်လှစ်ပို့ချမည့်  မဟာဘွဲ့သင်တန်းများမှာ  အောက်ပါအတိုင်း ဖြစ်သည်_

 

  1. စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ EMBA ( ပုံမှန်သင်တန်း )

  2. ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ EMPA ( Online သင်တန်း )

  3. ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ EMDevS ( Online သင်တန်း )

  4. ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပညာမဟာဘွဲ့ EMBF ( Online သင်တန်း )

 

သင်တန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ ဘာသာရပ်များ၏ သက်ဆိုင်ရာ ဌာနများတွင် သတ်မှတ်ရက်အတွင်း လျှောက်လွှာတင်သွင်းနိုင်သည်_


 

စဥ်

သင်တန်းအမည်

လျှောက်လွှာတင်သွင်းရမည့်ရက် 

ရေးဖြေဖြေဆိုရမည့်ရက်

ဆက်သွယ်ရမည့် နယ်မြေ/ဖုန်းနံပါတ်

၁။ 

EMBA (ပုံမှန်)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ

၂၀၂၃ မေလ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့)

လှိုင်နယ်မြေ

(၀၁ ၈၆၆၄၆၈၄)

၂။

EMPA (Online)

၂၀၂၃ ဧပြီလ ၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၁၈ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၁ ၇၅၁၂၆၃၃)

၃။ 

EMDevS (Online)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၂၅ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၁ ၇၅၂၆၆၁၃)

၄။

EMBF(Online)

၂၀၂၃ မတ်လ ၂၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ

၂၀၂၃ ဇွန်လ ၄ ရက်နေ့

(တနင်္ဂနွေနေ့)

ကမာရွတ်နယ်မြေ

(၀၉၄၄၂၆၃၁၈၉၈)


 

Advertisement 

Click Here > Grand Winner 

ဖော်ပြပါသင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

  • စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ EMBA (ပုံမှန်သင်တန်း) အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈) နှစ် ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level စီမံခန့်ခွဲမှုအဆင့် လုပ်သက် (၈) နှစ်ရှိရမည် ဖြစ်သည်။ 

  • ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့ EMPA (Online သင်တန်း) အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၂) နှစ် ရှိရမည်ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level စီမံခန့်ခွဲမှုအဆင့် လုပ်သက် (၂) နှစ် ရှိရမည် ဖြစ်သည်။ 

  • ဖွံ့ဖြိုးရေး ပညာမဟာဘွဲ့ EMDevS (Online သင်တန်း)အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၂) နှစ်ရှိရမည် ဖြစ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်း နှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level စီမံခန့်ခွဲမှုအဆင့် လုပ်သက် (၂) နှစ်ရှိရမည်ဖြစ်သည်။ 

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ EMBF (Online သင်တန်း) အတွက် ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် (အဆင့်မြင့်စီမံခန့်ခွဲမှု) အတွေ့အကြုံလုပ်သက် အနည်းဆုံး (၅)နှစ်ရှိရမည်။

  • ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အသက် (၃၀) ပြည့်မီပြီးသူ ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုတွင်  အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

  • သင်တန်းဝင်ခွင့်ရေးဖြေ စာမေးပွဲနှင့် လူတွေ့အကဲဖြတ် စစ်ဆေးခြင်းကို လူကိုယ်တိုင် လာရောက်ဖြေဆိုနိုင်သူ ဖြစ်ရမည်။

 

သင်တန်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ သင်တန်းအသီးသီး၏ ဌာနခွဲ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

 

Source > 

 

Latest Post Local News University / College Read 998 times