Sales Hotline : 09448001653   Find A Tutor     Download App



ကိုရီးယား EPS-TOPIK စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများအတွက် အလုပ်လျှောက်လွှာခေါ်ယူ

 

 

၂၀၂၂ ခုနှစ် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမှုစနစ် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ 

ကုန်ထုတ်လုပ်ငန်း ပထမအသုတ် ဖြေဆိုအောင်မြင်ပြီးသူများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူ

နေကြောင်း သိရှိရသည်။

 

လျှောက်လွှာထုတ်ယူရာတွင် အောက်ပါအချက်များ သတိပြုရမည်ဖြစ်သည်_

 

  • လျှောက်လွှာအား ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်းများ နှင့်အတူပြသ ထုတ်ယူရမည်။

  • ဓာတ်ပုံရိုက်ခြင်းအား စာမေးပွဲစစ်ဆေးခဲ့စဥ်က တင်ပြသည့်ပုံ၊ နိုင်ငံကူးလက်မှတ်ပါပုံ နှင့် ယခု တင်ပြသည့် ဓာတ်ပုံတို့ကို ကွဲလွဲမှု မရှိစေရန် သတိပြုရမည်။

  • ကျန်းမာရေးစစ်ဆေးခြင်းအား သတ်မှတ်ထားသည့် ဆေးခန်းများ၌သာ ပြုလုပ်ရမည်။

 

အလုပ်လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • အလုပ်လျှောက်လွှာတင်ရန် နိုင်ငံကူးလက်မှတ် PJ(Passport for Job)ဖြင့်သာလက်ခံမည်ဖြစ်သည်

  • နိုင်ငံကူးလက်မှတ် မူရင်း နှင့် မိတ္တူ (သက်တမ်း အနည်းဆုံး (၁)နှစ်ကျန်ရှိရမည်)

  • အလုပ်လျှောက်လွှာနှင့် ဆေးသားကောင်းမွန်သည့် နောက်ခံကာလာ အဖြူရောင် (3.5cm * 4.5cm) ပတ်စ်ပို့ဓာတ်ပုံ (၃) ပုံ

  • ကျန်းမာရေးစစ်ဆေးချက်မှတ်တမ်းမူရင်း နှင့် မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း နှင့် မိတ္တူ

  • ကိုယ်ပိုင်ငွေစာရင်း Bank Account ဖော်ပြရမည်ဖြစ်သဖြင့် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ် တစ်ခုခုတွင် နိုင်ငံကူးလက်မှတ်ပါ အမည်အတိုင်းဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ဘဏ်ငွေစာရင်း စာအုပ်မူရင်း/မိတ္တူ

  • အိမ်ထောင်စုစာရင်းမိတ္တူ

  • ပညာအရည်အချင်းအထောက်အထားမိတ္တူ

  • စက်မှု/လက်မှုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အထောက်အထားရှိပါက မိတ္တူ

  • အခြားလုပ်ငန်းခွင် Training သင်တန်းဆင်းလက်မှတ်များ ရှိပါက မိတ္တူ

 

စာမေးပွဲအောင်မြင်ပြီးသူများအတွက် လျှောက်လွှာများအား ဖော်ပြပါနေ့ရက်/ ခုံနံပါတ်များအတိုင်း ထုတ်ပေးသွားမည်ဖြစ်သည်။

 

(က) ၃၀-၁-၂၀၂၃ ရက်နေ့  ခုံအမှတ်     ၅၀၇၀၀၀၀၄   မှ   ခုံအမှတ်     ၅၀၇၀၂၅၉၉ ထိ

 

(ခ) ၃၁-၁-၂၀၂၃ ရက်နေ့  ခုံအမှတ်     ၅၀၇၀၂၆၀၂   မှ   ခုံအမှတ်     ၅၀၇၀၅၂၄၄ ထိ

 

(ဂ) ၁-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၅၂၅၁   မှ   ခုံအမှတ်     ၅၀၇၀၈၂၅၃ ထိ

 

(ဃ) ၂-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၈၂၅၅   မှ   ခုံအမှတ်     ၅၀၇၁၂၃၆၄ ထိ


 

ကျန်းမာရေးစစ်ဆေးအောင်မြင်ပြီးသူများ၏ အလုပ်လျှောက်လွှာများ ပြန်လည်တင်သွင်ခြင်းကို အောက်ဖော်ပြပါ နေ့ရက်များ၌ ယှဥ်တွဲဖော်ပြပါ ခုံနံပါတ်များအတိုင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

(က) ၃-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၀၀၀၄   မှ   ခုံအမှတ်     ၅၀၇၀၁၃၆၉ ထိ

 

(ခ) ၄-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၁၃၇၀   မှ   ခုံအမှတ်     ၅၀၇၀၂၇၇၁ ထိ

 

(ဂ) ၆-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၂၇၇၂   မှ   ခုံအမှတ်     ၅၀၇၀၄၁၆၁ ထိ

 

(ဃ) ၇-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၄၁၆၆   မှ   ခုံအမှတ်     ၅၀၇၀၅၆၅၅ ထိ

 

(င) ၈-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၅၆၅၆   မှ   ခုံအမှတ်     ၅၀၇၀၇၂၅၄ ထိ

 

(စ) ၉-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၇၂၅၇   မှ   ခုံအမှတ်     ၅၀၇၀၈၉၂၂ ထိ

 

(ဆ) ၁၀-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၀၈၉၂၃   မှ   ခုံအမှတ်    ၅၀၇၁၀၇၁၇ ထိ

 

(ဇ) ၁၁-၂-၂၀၂၃ ရက်နေ့   ခုံအမှတ်     ၅၀၇၁၀၇၁၈   မှ   ခုံအမှတ်     ၅၀၇၁၂၃၆၄ ထိ တို့ဖြစ်ကြသည်။

 

Local News Latest Post Read 103 times