Sales Hotline : 09448001653       Download App



မိမိကလေးကို ထိုင်းမှာ ကျောင်းထားလိုသူတွေအတွက် Edunection Summit

ထိုင်း- မြန်မာ ပညာရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု “Thai-Myanmar Edunection Summit 2023" ကို လာမယ့် မေလ ၂၈ ရက်နေ့ နံနက် (၈) နာရီကနေ နေ့လည် (၁) နာရီအထိ ရန်ကုန်မြို့ Chatrium Hotel, Royal Lake, Yangon မှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ဒီပွဲကို  ထိုင်းသံရုံးရဲ့ အားပေး ထောက်ပံ့မှု၊ A Bank ရဲ့ ပံ့ပိုးမှုနဲ့အတူ Thai Business Association of Myanmar (TBAM) က ကြီးမှူး ကျင်းပသွားမှာ ဖြစ်ပြီး  ထိုင်းနိုင်ငံမှာရှိတဲ့ ထိပ်တန်း နိုင်ငံတကာ ကျောင်း (၉) ကျောင်း ( KG to Grade 12 ) က ပါဝင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ အခြေခံ မူလတန်းကျောင်း ပညာရေးကနေ အထက်တန်းကျောင်း ပညာရေးအထိ ပညာရေးစနစ်တွေအကြောင်းနဲ့ အဲဒီကနေတစ်ဆင့် အဆင့်မြင့် ပညာရေးလမ်းကြောင်းကို ဆက်လက် တက်ရောက်နိုင်မယ့် ပညာ‌လေ့လာသင်ယူမှုလမ်းကြောင်းတွေကို ဒီပွဲကနေတစ်ဆင့် သိရှိနိုင်မှာပါ။

 

ဖော်ပြပါ ကျောင်းတွေက သူတို့ရဲ့ ကျောင်းလခ၊ ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်တွေ၊ ကျောင်းသားနဲ့ မိဘအုပ်ထိန်းသူတွေအတွက် တည်းခိုနေထိုင်ရေး စတဲ့ ကိစ္စရပ်တွေ၊ ကျောင်းအစီအစဉ်တွေကိုလည်း ရှင်းလင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
 

Advertisement

Click Here > Better World

 

ပွဲမှာ ပါဝင် ဆွေးနွေးမယ့် ကျောင်းများ

  • Brighton College Bangkok

  • St. Stephen’s International School

  • Denla British School (DBS)

  • Denla Trilingual School

  • Heathfield International School Bangkok

  • KIS International School

  • Rugby School Thailand

  • Singapore International School Of Bangkok

  • Berkeley International School

 

ပွဲကို တက်ရောက်မယ့် ကျောင်းသားမိဘတွေအနေနဲ့ နိုင်ငံတကာကျောင်းတွေက ကျောင်းတာဝန်ရှိသူတွေနဲ့ တိုက်ရိုက် တွေ့ဆုံပြီး မိိမ သိရှိတာတွေကို  မေးမြန်းနိုင်မှာ ဖြစ်သလို စာရင်းသွင်း လျှောက်ထားနိုင်မှာပါ။။

 

နိုင်ငံတကာကျောင်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်လိုတဲ့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေ၊ Private School တွေအတွက်လည်း Open House Trip အစီအစဉ်တွေ ရှိတာကြောင့် မိတ်ဖက်လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေနဲ့ အကျိုးကျေးဇူးတွေပါ ရရှိနိုင်ပါတယ်။

 

Edunection Summit ကို စိတ်ပါဝင်စားလို့ ပါဝင် တက်ရောက်လိုသူတွေအနေနဲ့ အောက်ကလင့်ခ်မှာ Online Registration ပြုလုပ်နိုင်ပြီး ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကိုလည်း ပွဲနဲ့ ပတ်သတ်တာတွေကို အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

 

Registration Link

> https://forms.gle/pdsATrvk27C2q1qEA 

 

ဆက်သွယ်ရန်

09777212333, 09777121333

 

Local News Read 731 times