ထားဝယ်တက္ကသိုလ်တွင် Diploma in Business Law ဖွင့်လှစ်မည်

ထား၀ယ်တက္ကသိုလ် ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ Diploma in Business Law (DBL) သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ဖွင့်လှစ်ပါမည်။

အဆိုပါဒီပလိုမာသင်တန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြရမည်။

သင်တန်းအား ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၉) လကြာ တက်ရောက်ရပါမည်။ သင်တန်းအချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၇) နာရီမှ (၉) နာရီအထိ ဖြစ်သည်။ 

သင်တန်းကို ဇန်နဝါရီ (၆) ရက်နေ့ကနေ (၉) ရက်နေ့အထိ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများကို ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကြေညာပေးပါမည်။ 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာန ဖုန်း ( ၀၉-၄၂၁၀၉၁၇၂၇) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သသည်။ 

=================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 518 times