Sales Hotline : 09448001653       Download App



ဘွဲ့လွန် အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာ (Dip. E.LT) အချိန်ပြည့်သင်တန်း စတင်လျှောက်ထားနိုင်

 

 

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဘွဲ့လွန်အင်္ဂလိပ်စာ သင်ကြားရေးဒီပလိုမာ (Dip. E.LT)  (၁)နှစ်သင်တန်းကို မန္တလေး တက္ကသိုလ်၌ စတင်ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းကို လျှောက်ထားလိုသူများ အနေဖြင့် သတ်မှတ်ထားသော လျှောက်လွှာပုံစံများကို ထုတ်ယူပြီး မန္တလေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ၂၀၂၃ခုနှစ် မေလ ၂ ရက်နေ့မှ ၂၀၂၃ခုနှစ် မေလ ၁၈ရက်နေ့ အထိ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။

 

ပမာဏအဆင့်ရွေးချယ်ခံရသူများအား ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် သင်တန်းဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို မန္တလေးတက္ကသိုလ်၌ ဖြေဆိုရမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများသည် လူတွေ့စစ်ဆေးမှု ထပ်မံဖြေဆိုရမည်ဖြစ်သည်။

Advertisement 

Click Here > Tun Tauk Plastic Industry

သင်တန်းမှာ ၂၀၂၃ခုနှစ် ဇွန်လ ၁ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းချိန်အတိုင်း အချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  •  ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

 

  • အနိမ့်ဆုံးပညာအရည်အချင်းမှာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။

 

  • အစိုးရလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူများဖြစ်ပါက သက်ဆိုင်ရာဌာန    အကြီးအကဲ၏ သင်တန်းအား အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း ခွင့်ပြုချက် ထောက်ခံချက်လက်မှတ် ပါရှိရမည်။

 

  • လျှောက်ထားသူသည် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်း ထောက်ခံချက် (မူရင်း)  တင်ပြရမည်။

 

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက မန္တလေးတက္ကသိုလ်၏ သင်တန်းရေးရာဌာန ဖုန်နံပါတ် ဖြစ်သော ၀၂ ၄၀၆၈၄၉၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

Source: 

 

 

Latest Post Local News University / College Read 897 times