Sales Hotline : 09448001653    



ဂျာမနီနိုင်ငံက တက္ကသိုလ်တွေမှာ တက်ရောက်နိုင်မယ့် DAAD- EPOS ပညာသင်ဆု

မြန်မာနိုင်ငံမှ လူငယ်များအနေဖြင့် လာမည့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ဘွဲ့လွန်သင်တန်းများဆိုင်ရာ DAAD- EPOS ပညာသင်ဆုကို စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ဂျာမန်သံရုံးမှ ထုတ်ပြန် ကြေညာထားသည်။

 

အဆိုပါ DAAD ပညာသင်ဆုကို ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အလုပ်အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိသော ဘွဲ့ရများ လျှောက်ထားနိုင်ပြီး ဂျာမနီနိုင်ငံရှိ အစိုးရတက္ကသိုလ်များ (သို့) အစိုးရအသိအမှတ်ပြု တက္ကသိုလ်များတွင် ဘွဲ့လွန်မဟာတန်းများ တက်ရောက်ရန် အခွင့်အလမ်းများ ရရှိမည် ဖြစ်သည်။

 

လျှောက်ထားနိုင်မည့် ဘာသာရပ်များ

  • Economic Sciences/ Business Administration/ Political Economics
  • Development Cooperation
  • Engineering and Related Sciences
  • Regional and Urban Planning
  • Agricultural and Forest Sciences
  • Natural and Environmental Sciences
  • Medicine/Public Health
  • Social Sciences, Education and Law
  • Media Studies

 

ဘာသာရပ်များနှင့် လျှောက်လွှာပိတ်ရက်များ ကြည့်ရန်

> https://t.ly/OrFXU 

 

မိမိရွေးချယ်သည့် ကျောင်းနှင့် ဘာသာရပ်များအပေါ် မူတည်ပြီး ပညာသင်ယူရမည့် ကာလမှာ (၁၂) လမှ (၄၂) လအထိ ကြာမြင့်မည် ဖြစ်ကာ ပညာသင်စရိတ်ကိုလည်း တစ်လလျှင် Graduate များအတွက်  934 Euro နှင့် Doctoral Candidate များအတွက် 1,200 Euro ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

 

Ad > Better World

 

ယခုပညာသင်ဆုတွင် ပညာသင်စရိတ်အပြင် ကျန်းမာရေးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှုများအတွက် အာမခံလည်း ပါဝင်ပြီး တချို့ အခြေအနေများတွင် ခရီးစရိတ်များ၊ လစဉ် ငှားရမ်းခများနှင့် မိသာစုဝင်များအတွက် လစဉ်ထောက်ပံ့ကြေးများပါ ရရှိမည်ဟု သိရသည်။

 

လိုအပ်ချက်များ

  • ပညာသင်ဆု လျှောက်ထားသူများသည် သက်ဆိုင်ရာ ပညာရေးလိုအပ်ချက်များ ပြည့်မီရမည် ဖြစ်ပြီး ဂျာမနီတွင် မိမိသင်ယူလိုသည့် Study Programme တစ်ခုကို ပြီးမြောက် အောင်မြင်စွာ တက်ရောက်ရမည်။ 
  • ဘွဲ့ရ ဖြစ်ရမည်။ ( အနည်းဆုံး ပညာသင်နှစ် လေးနှစ် တက်ရောက်ပြီးသော ) 
  • လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရမည်။
  • တက္ကသိုလ် တက်ရောက်နေစဉ် ကာလအတွင်း စိတ်ပါဝင်စားစွာ ပညာသင်ယူရမည် ဖြစ်ပြီး ပညာသင်နှစ်ပြီးသည့် နောက်ပိုင်းတွင်လည်း မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အတွက် ပံ့ပိုးကူညီရန်၊ လူမှုတာဝန်ယူမှုများ လုပ်ဆောင်ရန် လိုအပ်သည်။

 

EPOS Brochure ( 2023- 2024 ) ကို လေ့လာရန်

> https://t.ly/Opl_z  

 

EPOS Brochure ( 2024- 2025 ) ကို ကြည့်ရန်

> https://t.ly/j5U9i 

 

ပညာသင်ဆုအကြောင်း၊ ဘာသာရပ် တစ်ခုချင်းစီ၏ လျှောက်လွှာပိတ်ရက်များနှင့် အသေးစိတ် အချက်အလက်များကို ထပ်မံ သိရှိလိုပါက အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။ 

> daad.de/go/en/stipa50076777   

International Latest Post University / College Read 1417 times