ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Certificate သင်တန်း (၂) ခု

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် အောက်ဖော်ပြပါကျွမ်းကျင်မှုအတတ်ပညာ သင်တန်းများကို ဇူလိုင်လ (၁၄) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် ဇူလိုင်လ (၁၃) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

  • Laboratory Technical Training Course
  • Certificate in Child Development and Childcare (CDCC)

အရည်အချင်း သတ်မှတ်ချက်

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများဖြစ်ရပါမယ်။
  • အသက်ကန့်သတ်ချက်မရှိပါ။

သင်တန်းကာလမှာ (၃) လဖြစ်ပြီး တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။ သင်တန်းကြေးမှာ (၉) သောင်းကျပ် ဖြစ်သည်။

သင်တန်းအား ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာသင်တန်းအလိုက် Certificate လက်မှတ်များ ရရှိပါမည်။

စိတ်ဝင်စားသူများက လျှောက်လွှာပုံစံကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ဇူလိုင် (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရယူ လျှောက်ထားနိုင်သည်။ 

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း-၀၉-၈၉၁၇၄၁၃၉၀၊ ၀၉-၄၄၈၀၁၇၆၇၈၊ ၀၉-၅၀၅၅၆၉၆ တို့ကို ရုံးချိန်တွင်း ဆက်သွယ်နိုင်သည်။

=========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 665 times