Sales Hotline : 09448001653       Download App



အလုပ်လျှောက်ထားရာတွင် အလွန်အသုံးဝင်မည့် ၅ ပတ်တာ Career Readiness Bootcamp

 

 

Global Shapers Yangon မှ အလုပ်လျှောက်ထားတဲ့ နေရာမှာ အသုံးဝင်စေမည့် Career Readiness Bootcamp တစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Boot Camp မှာ အလုပ်တစ်ခု စတင်လုပ်ကိုင်ဖို့အတွက် ပြင်ဆင်ရာမှာ လိုအပ်သည်များ၊ သိသင့်သိထိုက်သည်များကို ဝါရင့်သဘာရင့် ပညာရှင်များမှ ၄င်းတို့၏ အတွေ့အကြုံနှင့်တစ်ကွ အတူယှဥ်တွဲလေ့လာသင်ယူရမယ့် အစီအစဥ်ဖြစ်သည်။

 

Career Readiness Bootcamp တွင် အောက်ပါအချက်အလက်များကို မျှဝေသွားမည်ဖြစ်သည်_

 

  • အလုပ်လျှောက်ရာတွင်  အခြေခံအကျဆုံးဖြစ်သည့်  Resume/CVs ရေးပုံရေးနည်း ပြင်ဆင်ခြင်း

  • Industry experts ​များနှင့် mock-interviews များလုပ်ပြီး အ​တွေ့အကြုံရယူခြင်း 

  • Bootcamperတွေအတွက်  အကြံဉာဏ်ကောင်းများ၊  ပြင်ဆင်ပုံပြင်ဆင်နည်းများကို  သာဓကများနဲ့တကွ မျှ​ဝေ​ပေးခြင်း

 

သင်တန်းကို အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်_

 

  • ပညာအရည်အချင်း  အနည်းဆုံး  ၂နှစ်မှ၃နှစ်အတွင်း  သို့မဟုတ်  လက်တလောဘွဲ့ရရှိပြီးသူဖြစ်ရမည်။

  • ရန်ကုန်ပြင်ပ လျှောက်ထားသူများကို ထူးခြားသော အခြေအနေများတွင်သာ ထည့်သွင်းစဉ်းစားပါမည်။ (*အစီအစဉ်၏နောက်ဆုံးအပတ်တွင် ပြင်ပတွေ့ဆုံပွဲအတွက် လိုအပ်ချက်အရသာ)

  • မိမိတိုးတက်ရာတိုးတက်ကြောင်းနှင့် အလုပ်အကိုင်တိုးတက်မှုကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ရမည်။

  • ၁၃ မေ မှ ၁၁ ဇွန် အထိ၊ ၅ ပတ်ကြာ အစီအစဉ်ကို ဆက်တိုက်ပါဝင်နိုင်ရမည်ဖြစ်ပြီး တက်ကြွစွာပါဝင်နိုင်ရမည်။


 

Advertisement 

Click Here > Zhong Xin

အဆိုပါ Boot Camp ကို ၂၀၂၃ ခုနှစ် မေလ ၁၃ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး တက်ရောက်ချိန် ၅ပတ်ကြာမြင့်မည်ဖြစ်သည်။ ၅ ပတ်တာကာလတွင် အပတ်စဥ်အလိုက် လုပ်ဆောင်သွားမည့် လုပ်ဆောင် ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Week 1

Program Info/Sharing Session

Week 2

Resume/Cover Letter Workshop

Week 3

Soft Skills/Etiquette/Interview Prep

Week 4

Mock Interview (Virtual/In-Person)

Week 5

Coffee Chat with Professionals

 

စိတ်ဝင်စားသူများအနေဖြင့်အောက်ဖော်ပြပါမူရင်းပို့စ်လင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုစာရင်းပေးနိုင်ပြီး ပြန်လည်ရွေးချယ်ခံရသော bootcamper အယောက် ၅၀ကို Form ပိတ်ပြီး ၅ရက်အကြာတွင် အီးမေးလ်မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်သည်။ နောက်ဆုံးလျှောက်ထားရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ဖြစ်သည်။

 

မူရင်းပို့စ်လင့်ခ် > https://bit.ly/40jHbKd  

 

Global Shapers Yangon Page မှကူးယူဖော်ပြပါသည်။

 

Latest Post Local News Read 519 times