Sales Hotline : 09448001653       Download App



အလုပ်အကိုင် အခွင့်အလမ်းကောင်း ရှာဖွေနေသူများအတွက် Career Fair

 

 

အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေနေသူများအတွက် AYA ဘဏ်မှ ကြီးမှူးကျင်းပမည့် အလုပ်အကိုင် ခေါ်ယူပွဲကြီးကို ဇန်နဝါရီလ ၂၉ ရက်(တနင်္ဂနွေနေ့) တွင် AYA ဘဏ် ရုံးချုပ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

 

အဆိုပါပွဲမှာ နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Junior Banking Assistant (JBA) ရာထူးအတွက် ခေါ်ယူသွားမည်ဖြစ်သည်။  ရုံးချုပ်လိပ်စာမှာ အမှတ် (၄၁၆)၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်သည်။ 

 

ယခုတစ်ခေါက် အလုပ်အကိုင်ခေါ်ယူပွဲတွင် အလုပ်အင်တာဗျူးပါ တစ်ပါတည်း ရရှိနိုင်မည့်အပြင် အလုပ်လျှောက်ရင်း အခြားစိတ်ဝင်စားစရာ ကောင်းသည့် အစီအစဥ်များပါ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးရာဇဝင် အချက်အလက် (Updated CV) ကို တစ်ပါတည်း ယူဆောင်လာကြရန် လိုအပ်သည်။ 

ဧရာဝတီဘဏ်ကို ၂၀၁၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးဘဏ် ဖြစ်သည်။ ဧရာဝတီဘဏ်၏ ဝန်ဆောင်မှုကို သုံးစွဲသူဦးရေမှာ လက်ရှိတွင် ၃.၂ သန်းကျော်ရှိပြီး ဝန်ထမ်းပေါင်း ၈၅၀၀ ကျော်ဖြင့် လည်ပတ်နေသည်။ 

 

ဘဏ်ခွဲပေါင်း ၂၆၅ ဘဏ်အထိ ဖွင့်လှစ်ထားပြီးဖြစ်သော ပုဂ္ဂလိကဘဏ်ကြီးတစ်ခု ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှာဖွေနေသူများအတွက် ဧရာဝတီဘဏ်မှ ကြိုဆိုလျှက် ရှိကြောင်း သိရသည်။ 

 

ရုံးချုပ်လိပ်စာလင့်ခ် > https://bit.ly/3HianuO

 

Latest Post Local News Vocational Read 368 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176