မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေ ဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တက္ကသိုလ်/ဒီဂရီကောလိပ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း အထောက်အထား တင်ပြရပါမည်။
လျှောက်လွှာပုံစံကို ဒီဇင်ဘာ (၁၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဝယ်ယူ လျှောက်ထားနိုင်ပါသည်။
သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်သောကြောင့် ဒီဇင်ဘာ (၂၄) ရက်နေ့၊ နံနက် (၉) နာရီမှ (၁၀) နာရီအထိ မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဖြေဆိုရပါမည်။
ဝင်ခွင့်အောင်မြင်သူများစာရင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး ဒီဇင်ဘာ (၂၉) ရက်နေ့တွင် သင်တန်း စတင် ဖွင့်လှစ်ပါမည်။
သင်တန်းအား (၉) လ တက်ရောက်ရမည်ဖြစ်ပြီး ပထမနှစ်ဝက် (၂၀၂၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ ခုနှစ် ဧပြီအထိ)၊ ဒုတိယနှစ်ဝက် (၂၀၂၆ ခုနှစ် ဇွန်လမှ အောက်တိုဘာလအထိ) ဖြစ်သည်။
သင်တန်းအား တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပါက Diploma in Business Law (စီးပွားရေးဥပဒေ ဒီပလိုမာ) လက်မှတ်ကို ရရှိပါမည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာန (ဖုန်း-၀၉-၄၀၂၆၆၂၀၀၈) ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်သည်။
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။