Sales Hotline : 09448001653       Download App



(၁၀) တန်း မအောင်သေးတဲ့ အမျိုးသမီးတွေ ပညာသင်ဆုနဲ့ တက်ရောက်နိုင်မယ့် Asia University

 

Asia University of Women မှ အထက်တန်းမအောင်မြင်သေးတဲ့ အမျိုးသမီးလေးများ၊ အဓိကအားဖြင့် မြန်မာနိုင်ငံပညာရေးမှာ ၉ တန်း၊ ၁၀ တန်းဖြင့် ရပ်တန့်နေသော  အမျိုးသမီးလေးများ အတွက် ပညာရေးကို ရှေ့ဆက်သင်ယူနိုင်မယ့် အခွင့်အရေးတစ်ရပ် ယူဆောင်လို့ လာခဲ့ပါပြီ။

 

ဒါကတော့ Asia University of Women က ပေးအပ်တဲ့ Undergraduate ပရိုဂရမ်ပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ကတော့ အချိန်ကာလအားဖြင့် ၄ နှစ်တာ တက်ရောက်ရမှာပါ။ ဒီပရိုဂရမ်က ပညာတော်သင်ဆုဆိုပေမယ့် တအားကြီး ခက်ခဲတာမျိုး  မရှိဘဲ  ဝင်ခွင့်စာမေးပွဲနဲ့ အင်တာဗျူးပဲ ဖြေဆိုရမှာပါ။ နေစရိတ်၊ စားစရိတ်ကအစ ကိုယ်ဖြေဆိုနိုင်တဲ့ ရလဒ်ပေါ် မူတည်ပြီး ထောက်ပံ့ပေးပါတယ်။

 

ဒါဆို Asia University of Women ဆို ဘာလဲ နည်းနည်း ရှင်းပြပေးချင်ပါတယ်။ Asia University of Women ဆိုတာကတော့ အာရှတိုက်မှာ ပညာတတ်အမျိုးသမီး မျိုးဆက်သစ်လေးများ ထွက်ပေါ်လာစေရန် ဘင်္ဂလားဒေ့ချ်ရှ်နိုင်ငံ ချီတာဂွန်မြို့မှာ ဖွင့်လှစ်ထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျောင်းသားများရဲ့ မိသားစုငွေကြေးနောက်ခံကို ပဓာနမထားပဲ ပရဟိတစိတ်ကိုသာ အခြေခံပြီး ကူညီထောက်ပံ့ပေးနေတဲ့ တက္ကသိုလ်တစ်ခုပါ။ 

                                                            Advertisements

                                                            Click Here > Myittar Mon

ဒါဆို ဒီပရိုဂရမ်မှာ ဘာတွေတက်နိုင်လဲ ကြည့်လိုက်ကြရအောင်

 

  • Computer science

  • Environmental Sciences

  • Bioinformatics & Biotechnology

  • Economics

  • Public Health Studies

  • Politics Philosophy & Economics (PPE) စတဲ့ ဘာသာရပ်များကို ရွေးချယ်တက်ရောက်လို့ ရပါတယ်။

 

တက်ရောက်ဖို့အတွက် လိုအပ်ချက်များအနေနဲ့ကတော့ သက်တမ်းရှိ ပတ်စ်ပို့တ်နဲ့ ကိုယ်နောက်ဆုံး ပြီးဆုံးခဲ့တဲ့ ပညာရေး အတန်းပညာ အရည်အချင်း ထောက်ခံချက်ကို ပြနိုင်ရင် ရပါပြီ။ ဝင်ခွင့်စာမေးပွဲ နဲ့ အင်တာဗျူးတော့ ဖြေဆိုရမှာ ဖြစ်ပါတယ်။

 

လျှောက်ထားရမယ့်လင့်ခ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ Deadline ကတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ပါ။ အချိန်လည်း နီးနေပြီမို့ အမြန်လေး လျှောက်ထားကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

လျှောက်ထားရမည့်လင့်ခ် 

> http://admission.auwerp.org  

 

ဒီပရိုဂရမ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိချင်တယ်ဆိုရင် ကျောင်းရဲ့ တိုက်ရိုက် ဖုန်းနံပါတ်များဖြစ်တဲ့ +8801958509005/ 01926673016 များနှင့် အီးမေးလ်လိပ်စာ ဖြစ်သော [email protected] သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Latest Post Local Read 790 times