အာဆီယံဆိုင်ရာအကြောင်းအရာများကို သိရှိနိုင်မည့် ASEAN Studies သင်တန်း ဖွင့်လှစ်မည်

Southeast Asia and the Pacific (SEAP) Studies Centre - Myanmar မှ အာဆီယံဆိုင်ရာ အကြောင်းအရာများကို သင်ကြားပေးသွားမည့် "Foundation Course in ASEAN Studies" သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အာဆီယံဒေသတွင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ပထဝီရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် အကြောင်းအရာများကို Module (၉) ခုဖြင့် အခြေခံမှ စတင် သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းအား လာမည့် ဇွန်လ (၆) ရက်နေ့မှ ဇူလိုင် (၅) ရက်နေ့အထိ (၅) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး၊ ပထမထပ်တွင် တက်ရောက်နိုင်သည်။

သင်တန်းတက်ရောက်ရမည့် အချိန်နှင့်ရက်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေတို့တွင် ညနေ (၃) နာရီမှ (၅) နာရီအထိ ဖြစ်သည်။ သင်တန်းကြေးမှာ (၂) သိန်းခွဲကျပ် ဖြစ်ပြီး သင်တန်းသားဦးရေ (၆၀) ဦးသာ လက်ခံမည်ဟု သိရသည်။ 

သင်တန်းတက်ရောက်ရန် အရည်အချင်းသတ်မှတ်ချက်အနေဖြင့် အနည်းဆုံး ဒီပလိုမာတစ်ခုခု ရရှိထားသူများ (သို့) ဘွဲ့ရရှိထားသူများ တက်ရောက်နိုင်သည်။

အထူးသဖြင့် အာဆီယံနိုင်ငံများဖြင့် စီးပွားရေး ချိတ်ဆက်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများ၊ NGO ဝန်ထမ်းများ၊ ဒေသတွင်းအခြေအနေများကို စိတ်ပါဝင်စားသူများ အသက်ကန့်သတ်ချက်မရှိဘဲ တက်ရောက်နိုင်သည်။

သင်တန်းပြီးဆုံးပါက Certificate ရရှိပြီး နောက်ပိုင်းတွင် ဖွင့်လှစ်မည့် Diploma Programme တွင်လည်း ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုပါက SEAP Studies Centre - Myanmar ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် Google Form မှ တဆင့် လျှောက်ထားနိုင်သည်။

Photo Credit - Global New Light of Myanmar

News Source - မြန်မာ့အလင်း

=========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 390 times