ASEAN-Japan Youth Forum ဆိုတာ အာဆီယံနဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်တက်ရောက်နေဆဲကျောင်းသား၊ ကျောင်းသူတွေ လျှောက်ထားလို့ရပြီး ဂျပန်နဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံကို Field Trip အခမဲ့ သွားရောက်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
Japan Foundation၊ ASEAN University Network (AUN) နှင့် Center for Southeast Asian Studies (Kyoto University) တို့က ဦးစီးပြီး အာဆီယံမှ လူငယ်တွေကို လူမှုပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်မယ့် မျိုးဆက်သစ်လူငယ်တွေဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ အစီအစဉ်ပါ။
၂၀၂၆ ခုနှစ် Theme ကတော့ "Live in Harmony with Nature: Reimagining the Biosphere from Asian Perspectives" ဖြစ်ပြီး မတူကွဲပြားတဲ့ ဒေသဆိုင်ရာ ရှုထောင့်တွေကတဆင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို စူးစမ်းလေ့လာလိုသူတွေ လျှောက်ထားနိုင်ပါတယ်။
ဒီအစီအစဉ်က ၂၀၂၆ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအထိ ငါးလကျော်ကြာ ကြာမြင့်မှာဖြစ်ဖြစ်ပြီး အွန်လိုင်းဆွေးနွေးပွဲတက်ရောက်မှုတွေအပြင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့ကို လေ့လာရေးခရီးထွက်ရမှာ ဖြစ်ပါတယ်။
ပရိုဂရမ်အစီအစဉ် လျာထားချက်
ထောက်ပံ့ပေးမယ့်အရာများ
ဘယ်သူတွေ လျှောက်ထားလို့ရလဲ?
ဘယ်လို လျှောက်ရမလဲ?
နောက်ဆုံးသတ်မှတ်ရက်များ
Application Deadline - 1 May 2026 (23.59 hrs, GMT+7, Bangkok time)
First Round Results: 29 May 2026
Second Round (Online Interview): 1–26 June 2026
Final Results Announcement: 10 July 2026
အစီအစဉ်နဲ့ပတ်သက်၍ ဖြစ်စေ၊ လျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်၍ ဖြစ်စေ အသေးစိတ် သိရှိလိုပါက [email protected] (cc: Ms. Pimapsorn Thanawong at [email protected]) တို့ကို အီးမေးလ်ပေးပို့ စုံစမ်းနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။