ကိုရီးယားကို အလည်သွားချင်လို့ပဲဖြစ်ဖြစ်၊ ကေဒရာမာတွေ၊ ကေပေါ့သီချင်းတွေကို ဘာသာပြန်မလိုပဲ အဓိပ္ပါယ်နားလည်နိုင်ဖို့ပဲဖြစ်ဖြစ်၊ ယောက္ခမမြေမှာ ကျောင်းသွားတတ်ဖို့၊ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အခုပြောပြမယ့် ကိုရီးယားစာလေ့လာနိုင်တဲ့ app လေးတွေက လုံးဝအသုံးဝင်မှာပါ။
အပြင်မှာ သင်တန်းတတ်ရင်း လေ့လာကြည့်တာပဲဖြစ်ဖြစ်၊ Self-Learning အနေနဲ့ သုံးကြည့်ချင်တာဖြစ်ဖြစ်ဒီ App လေးတွေကို Try ကြည့်ဖို့ Recommend ပေးချင်ပါတယ်။
LingoDeer
ကိုရီးယားဘာသာစကားလေ့လာရန် အကောင်းဆုံး App တစ်ခုပါ။ ဒီ App ကတော့ အာရှဘာသာစကားတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ နှင့် ဗီယက်နမ် အများစုကို Focus ထားတာတာပါ။ သင်ယူရတာ ရိုးရှင်းပြီး ပျော်ဖို့ကောင်းပါတယ်။ ပုံမှန်တစ်နေ့စာတစ်နေ့ နည်းနည်းစီလေ့ကျင့်ပေးခြင်းဖြင့် သင့်အတွက် ကျွမ်းကျင်မှုကို ရရှိစေနိုင်မှာပါ။ တစ်ခြား App များနှင့်မတူပဲ သင်ခန်းစာတွေကို ဝေါဟာရများများ နှင့်ပေါင်းစပ်ပါဝင်ပြီး ယဥ်ကျေးမှုနှင့်ဆိုင်သော အချက်အလက်များလည်း အများကြီး လေ့လာနိုင်ပါတယ်။
App Download Link > Apple , Android
Drops : Learn Korea
Drops ကတော့ ကိုရီးယားစာအပါအဝင် တစ်ခြားသော ဘာသာစကားအမျိုးမျိုးအတွက် ရေပန်စားတဲ့ ဘာသာစကားသင်ယူရေး အက်ပ် တစ်ခုပဲဖြစ်ပါတယ်။ သဒ္ဒါပိုင်းထက် ဝေါဟာရ နှင့် အခြားသော စကားစုများကို ဦးစားပေးလေ့လာနိုင်သည်။ ဂိမ်း၊ဉာဏ်စမ်းပဟေဠိများနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများပါ ပါဝင်ပါတယ်။ ဒီ App က Purchase app ဖြစ်တာကြောင့် Free ကတော့ တစ်နေ့ကို အချိန် ၅ မိနစ် ကန့်သတ်ထားပါတယ်။
App Download Link > Apple, Android
Duolingo
ဒီ အက်ပ်ကတော့ လူတော်တော်များများသိထားပြီးသား ဖြစ်မှာပါ။ Google Play မှာ ရေပန်းအစားဆုံးဘာသာစကားလေ့လာရေး အက်ပ်များထဲမှ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီ အက်ပ်ကတော့ ဘာသာစကား လေ့လာမှုအတွက် ရိုးရှင်းတဲ့ ချဥ်းကပ်နည်းကိုပဲ အသုံးပြုပါတယ်။ ဝေါဟာရအသုံးအနှုန်းများ နဲ့ စကားစုအမျိုးမျိုး တည်ဆောက်ပုံကို ဖြည်းဖြည်းချင်း အချိတ်အဆက်မိမိနဲ့ ပြသပေးပါတယ်။ ဒီအက်ပ်မှာ ၃၄ နာရီကြာလေ့လာမယ်ဆိုရင် တက္ကသိုလ်အဆင့် စာသင်နှစ်တစ်ခုနဲ့ ညီမျှတယ်လို့တောင် ဆိုပါတယ်။
App Download Link > Apple, Android
Memrise
ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့အတွက် ကောင်းမွန်ဆန်းသစ်တဲ့ Flashcard စနစ်ကို အသုံးပြုထားပါတယ်။ သုံးစွဲသူတို့အတွက် ကိုယ်ပိုင် Vocab တွေကို တင်ပြနိုင်ရန်လည်း စီစဥ်ပေးထားပါသေးတယ်။ လေ့လာသူတို့အတွက် မှတ်ရလွယ်ကူစေဖို့ ဉာဏ်စမ်းပုံစံ၊ ဂိမ်းပုံစံ၊ Challenge လုပ်ရတဲ့ပုံစံလေးတွေပါဝင်ပါတယ်။ Native များနဲ့ပြောနိုင်တဲ့ Function လည်းပါဝင်ပါတယ်။
App Download Link > Apple, Android
HelloTalk Language Exchange
Hello Talk ကတော့ ဘာသာစကားသင်ယူဖို့အတွက် Social Learning App တစ်ခုပါ။ သင်က တစ်ခြားတစ်ယောက်နဲ့တွဲပြီး ဘာသာစကားသင်ယူမှုကို စတင်ရမှာပါ။ ဥပမာ - သင်က အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး ကိုရီးယားစာကို သင်ယူချင်တယ်ဆိုပါစို့။ ဒါဆို ကိုရီးယားစာကျွမ်းကျင်တဲ့သူနဲ့ တွဲရမှာပါ။ဒီ အက်ပ်မှာ ကိုယ်လေ့လာချင်တဲ့ Topic ကို ရွေးချယ်နိုင်ပြီး အသံဖိုင်ပို့တာ ၊ ရုပ်သံခေါ်ဆိုမှု နဲ့ စာပို့တဲ့လုပ်ဆောင်တွေကိုပါ လုပ်လို့ရပါတယ်။ တစ်ခုရှိတာက အခုမှ ဘာသာစကားကို စပြီး လေ့လာမယ် အခြေခံမရှိသေးဘူး ဆိုတဲ့သူတွေအတွက်တော့ သိပ်ပြီး အဆင်မပြေလှပါဘူး။
App Download Link > Apple, Android
Dongsa
ကိုရီးယားသဒ္ဒါပိုင်းထဲကမှ တစ်ခုဖြစ်တဲ့ ကြိယာ(Verb)ပိုင်းကို လေ့လာရာမှာ အကောင်းဆုံး အထောက်အကူပြုပေးမယ့် အက်ပ်ပါ။ ကြိယာနဲ့ဆိုင်တဲ့ အကြောင်းအရာ၊ အချက်အလက်အားလုံးကို လေ့လာနိုင်ပြီး ကိုရီးယားစာအရေးအသားစွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ “Dongsa” ဆိုတာ ကိုရီးယားလိုဆိုရင် “ကြိယာ” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါကြောင့် ကိုရီးယား အက္ခရာတွေကို သေချာလေ့လာချင်တယ်ဆိုရင်တော့ ဒီအက်ပ်ကို သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။
App Download Link > Apple, Android
TenguGO Hangul
ကိုရီးယားစာကို အခုမှစလေ့လာမယ့်သူတွေအတွက် အသုံးဝင်တဲ့ Beginner App ပါ။ အက္ခရာများရဲ့အသံထွက်တစ်ခုချင်းစီ၏ ပါးစပ်နှင့်လျှာအနေအထား ထားပုံကို ကာတွန်းရုပ်ပုံများဖြင့် သရုပ်ပြခြင်း၊ အသံဖိုင်ဖြင့် ထွက်ပြခြင်း စတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ဒါ့အပြင် ကိုရီးယားသမိုင်းနှင့် ဖွဲ့စည်းပုံများကိုပါ လေ့လာနိုင်ပါတယ်။ သင်ခန်းစာ၊ ဉာဏ်စမ်းပဟေဠိ၊ သင်ကြားရေးကတ် စတဲ့ သင်ကြားရေးပုံစံကို အသုံးပြုထားပါတယ်။ ကိုရီးယားဘာသာစကား ရေးသားခြင်း နှင့် ဖတ်ရှုခြင်းအတွက် သရ၊ ဗျည်းဇယားများ နှင့် ညွှန်ကြားချက်များပါ ပါဝင်ပါတယ်။