Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံး Application များ

 

အင်္ဂလိပ်စာလေ့လာဖို့ အကောင်းဆုံး Application များ

Application များသည်အင်္ဂလိပ်စာလေ့လာရန်အလွန်ကောင်းသောကိရိယာတစ်ခုဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် လေ့လာလို့ရပြီး ပျော်စရာလည်း ကောင်းပါတယ်။

 

Application များက သင်၏ဖုန်းတွင်စာသင်ခန်းသေးသေးလေးတစ်ခုနှင့်တူပါတယ်။ ပျင်းနေသောအခါ ဒါမှမဟုတ် အချိန်ရှိရင်ရှိသလို အသုံးပြုနိုင်ပါတယ်။ Application များက စာသင်ခန်းများကဲ့သို့ အပြည့်အ၀ အစားမထိုးနိုင်သော်လည်း အင်္ဂလိပ်စာသင်ခန်းစာမျးကို လေ့လာဖို့အတွက်တော့ များစွာ ဖြည့်စွက်ပေးနိုင်ပါတယ်။

များစွာသော ဝေါဟာရတွေ၊ သဒ္ဒါသင်ခန်းစာတွေ၊ ပုံပြင်တွေနဲ့ အသံဖိုင်များနဲ့ စုံစုံလင်လင် လေ့လာနိုင်ပါတယ်။ ကဲ အောက်မှာ ဖော်ပြပေးထားတဲ့ App များကို Download မဆွဲရသေးဘူးဆိုရင် ခုပဲ Download လုပ်ဖို့ အကြံပြုပါရစေ။

 

 

၁. Duolingo – The best all-rounder
Website >>> https://bit.ly/3qaMZEK
Application >>> https://bit.ly/2NdJTkH 

1._Duolingo.jpg

ကမ္ဘာပေါ်မှာလူကြိုက်အများဆုံး ဘာသာစကားလေ့လာတဲ့ App ကတော့ Duolingo ဆိုတာ ယုံမှားသံသယဖြစ်စရာမဖြစ်ပါဘူး။ Duolingo မှာ (၃၄) နာရီ လေ့လာသင်ယူခြင်းက တက္ကသိုလ်စာသင်ခန်းတစ်ခုရဲ့ ဘာသာစကားသင်ခန်းစာနဲ့တူညီတယ်ဆိုတာကို သင်သိပါသလား။
ဒီ App ကို အသုံးပြုတဲ့အခါမှာ Game တစ်ခုကို ကစားရတာနဲ့ဆင်တူပါတယ်။ စကားလုံးအသစ်တွေ၊ သဒ္ဒါတည်ဆောက်ပုံတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့ လေ့လာရတာ ပျော်စရာကောင်းပါတယ်။
ဘာသာစကား လေ့လာရတာ ပျင်းစရာကောင်းတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးမှာမဟုတ်ပါဘူး။ Website နဲ့ App ထဲမှာလည်း ဘာသာစကား ၂၂ မျိုးကိုလေ့လာနိုင်ပြီး ကွဲပြားခြားနားတဲ့ Course ပေါင်း ၉၉ ခုတောင် ရှိနေပါပြီ။

အခမဲ့လို့တောင်မထင်ရအောင် အသေးစိတ် Detail ကျကျထည့်ပေးထားတာကြောင့် အိပ်မှာနေရင်း၊ အလုပ်မှာနေရင်း လေ့လာမယ်သူတွေအတွက် တော်တော်အဆင်ပြေပါတယ်။

 

၂. Quiz your English – The best for exam prep
Website >>> https://bit.ly/3q67pi6
Application >>> https://bit.ly/2Ov1ZiZ 

 

2._Cambridge-Quiz-your-English.jpg

မင်းက စာမေးပွဲအတွက်ပြင်ဆင်နေတယ်ဆိုပါက အင်္ဂလိပ်စာ ဉာဏ်စမ်း (Quiz) အတွက် အကောင်းဆုံး App ကတော့ "Quiz your English" ဆိုတဲ့ application လေးပါပဲ။
ဒီ Application ကတော့ Cambridge Assessment English မှဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး Cambridge B2 First နှင့် IELTS အတွက်အထူးအဆင့်များရှိပါတယ်။ ဝေါဟာရတွေ၊ သဒ္ဒါလေ့ကျင့်ခန်းတွေ၊ ဉာဏ်စမ်းမေးခွန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုင် ရှိလှတဲ့ Application လေးပါပဲ။ ဒီထဲမှာပါတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို သူငယ်ချင်းများ၊ မိသားစုများနဲ့လည်း ကစားနိုင်ပါတယ်။

 

၃. The British Council – The best for grammar
Website >>> https://bit.ly/2NjXy9K
Application >>> https://bit.ly/2Z8eNO2

 

3._The-British-Council-8-of-the-best-apps-for-learning-English-.jpg

 အင်္ဂလိပ်စာ Grammar တွေ လေ့လာဖို့အကောင်းဆုံး App ကိုညွှန်ပါဆိုရင်တော့ ဒီ "Learn English Grammar (UK edition)" လေးကို ညွှန်းရမှာပါပဲ။ ဒီ Learn English ကတော့ British Council မှ ထုတ်လုပ်ထားတဲ့ App တစ်ခုဖြစ်ပြီး အမျိုးမျိုးသော အကြောင်းအရာတွေ၊ သင်ခန်းစာတွေ၊ ဂိမ်းတွေ များစွာပါရှိပါတယ်။
Beginner level Imperatives၊ မေးခွန်းများ၊ Simple Present နှင့် Gerunds တို့မှ စ၍ အဆင့်မြင့်တာဝန်များနှင့်လိုအပ်ချက်များအပေါ်အဆင့်မြင့်သင်ခန်းစာများအထိ လေ့လာနိုင်တဲ့ App တစ်ခုပါ။ သင်ခန်းစာတစ်ခုပြီးဆုံးသွားတိုင်း မင်းရဲ့ အင်္ဂလိပ်စာ Level တိုးတက်မှုကို စစ်ဆေးနိုင်ပါသေးတယ်။

 

၄. HelloTalk – The best for speaking
Website >>> https://bit.ly/3rC6c2g
Application >>> https://bit.ly/2MLNXZP

 

4.HelloTalk-8-of-the-best-apps-for-learning-English.jpg

စကားပြောလေ့ကျင့်ဖို့အဖော်မရှိဘူးဖြစ်နေလား၊ မစိုးရိမ်နဲ့နော်။ Hello Talk က အသင်းဝင်ပေါင်း ၁၅သန်းကျော်နဲပ ဆက်သွယ်ပေးတဲ့ အခမဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဆိုလိုတာက မင်းနဲ့အတူ အင်္ဂလိပ်စကားပြောလေ့ကျင့်ပေးဖို့ Native Speaker တွေ အဆင်သင့်ရှိနေတယ်ဆိုတာပါပဲ။ Video Call ခေါ်ဖို့ မဝံ့မရဲဖြစ်နေတယ်ဆိုရင်လည်း ပြသနာမရှိပါဘူး။ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့ Voice Record တွေ Text Message တွေနဲ့အတူ လေ့ကျင့်နိုင်ပါတယ်။

 

၅. Grammarly – The best for writing
Website >>> https://bit.ly/3tJ9JOi
Application >>> https://bit.ly/2MXM8J3

 

5.Grammarly-8-of-the-best-apps-for-learning-English.jpg

အင်္ဂလိပ်စာအရေးအသား တိုးတက်စေဖို့ အထောက်အကူပြုတဲ့ Application တွေ များစွာရှိပါတယ်။ အဲ့ဒီ့ထဲမှာမှ အကောင်းဆုံးဆိုရင်တော့ Grammarly ကို ညွှန်ပြရမှာပဲဖြစ်ပါတယ်။ ဒီ Application က မင်းရဲ့အမှားများကို စစ်ဆေးပေးရုံသာမက ဘာကြောင့်မှားရတယ်ဆိုတာကိုလည်း ရှင်းပြနိုင်တဲ့အတွက် ထပ်တူအမှားမျိုး နောက်ထပ်မမှားအောင် သင်ခန်းစာ ယူနိုင်ပါတယ်။ Phone ထဲမှာ၊ ကွန်ပျူတာမှာ ဘယ်နေရာမမှာမဆို သင့်ရဲ့ စာလုံးပေါင်းအမှားတွေကို စစ်ဆေးပေးနိုင်ပါတယ်။

 

၆. BBC Learning English – The best for everyday English
Website >>> https://bbc.in/3rFNwyF
Application >>> https://bit.ly/3a8WHlp
 

6.BBC-Learning-English-8-of-the-best-apps-for-learning-English.jpg

ဒီ Application မှာ အကောင်းဆုံးကတော့(၃)မိနစ်သာကြာသော နေ့စဉ်သင်ခန်းစာများပဲဖြစ်ပါတယ်။ ဝေါဟာရအသစ်တွေ၊ သတင်းတွေ၊ ပုံပြင်တွေကို နားထောင်နိုင်ပါတယ်။ နေ့စဉ်အင်္ဂလိပ်စကားပြောလည်း လေ့ကျင့်နိုင်တယ်။

 

ဒီ Application များမှတဆင့် အင်္ဂလိပ်စာလေ့လာမှု တိုးတက်နိုင်ကြပါစေ။

High Read 1330 times