Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာ အရေးအသားအတွက် အထောက်အကူပြုပေးမယ့် App

 

 

အင်္ဂလိပ်စာဘာသာစကားက နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့အတွက်အလုပ်အကိုင် အခွင့်အလမ်းအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ်၊ ကျောင်းတက်ရင်ပဲဖြစ်ဖြစ်၊ လူငယ်၊ လူကြီး ပြောစရာမလိုအောင်ကို ကျွမ်းကျင်ထားသင့်တဲ့ ဘာသာရပ်ထဲမှာ နံပါတ်တစ်အနေနဲ့ ရပ်တည်နေပါတယ်။ 

 

ဒါကြောင့် ကိုယ့်ရဲ့ အင်္ဂလိပ်စာအရေးအသားကို အထောက်အကူ ပြုပေးမယ့် App တစ်ခုလောက်တော့ ဖုန်းထဲမှာ ဆောင်ထားသင့်ပါတယ်။ ဒီတစ်ခါမှာတော့ စာရေးတဲ့အခါမှာ ကိုယ့်ရဲ့ စာလုံးပေါင်း၊ သဒ္ဒါအမှားတစ်ခုချင်းစီကို ပြုပြင်ပေးမယ့် Application တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

အဲဒါကတော့ Grammarly App ပါ။ ဒီ App က အင်္ဂလိပ်စာရေးသားမှုအတွက် အပြည့်အဝ စိတ်ချ ယုံကြည်ရပါတယ်။ စာရေးဆရာတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျောင်းသား/ကျောင်းသူ တော်တော်များများ ဒီ App ကို အင်္ဂလိပ်စာ ရေးတဲ့နေရာမှာ အသုံးပြုကြပါတယ်။ 

 

Grammarly App ဆိုတာဘာလဲ

=================

Grammarly App ဆိုတာကတော့ ၂၀၀၉ ခုနှစ်မှာ တီထွင် ထုတ်လုပ်ထားပြီး  ဝက်ဘ်ဆိုဒ်၊ အီးမေးလ်၊ စာဖိုင်၊ စာရွက်စာတမ်း၊ ဆိုရှယ်မီဒီယာပေါ်က စာတွေမှာ အင်္ဂလိပ်လို ရေးသားထားတဲ့ ဘယ်စာကိုမဆို သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံ၊ စကားလုံးရွေးချယ်မှုနဲ့ ပုံစံအမှားတွေကို ရှာဖွေပြုပြင်ပေးတဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ 

 

App အသုံးပြုခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

===========================

  • အင်္ဂလိပ်စာ အရေးအသား တိုးတက် ကောင်းမွန်လာခြင်း

  • တိကျသော သဒ္ဒါအသုံးအနှုန်းများနှင့် အကြံပြုချက်များကို သိရှိလေ့လာနိုင်ခြင်း

  • စာရေးသားမှုပုံစံအား ကိုယ်လိုချင်တဲ့ Format အတွင်း ကိုက်ညီမှုရှိစေခြင်း

  • စာလုံးတစ်လုံး ရိုက်ထည့်ရုံနဲ့ အလားတူစာလုံးများကိုပါ Suggestion ပြသခြင်း

  • Word Prediction များ ပါရှိခြင်း

  • စာအရေးအသားကို Formal, Neutral နှင့် Informal Level (၃) ခုကြား ချိန်ညှိပေးခြင်း

  • Microsoft Word,Outlook Mail, Google Docs တို့နှင့် ပေါင်းစပ်အသုံးပြုနိုင်ခြင်း

  • အချိန်နှင့်တပြေးညီ သဒ္ဒါအထားအသိုနှင့် စာလုံးပေါင်းများကို စစ်ဆေးပေးခြင်း

  • IOS နဲ့ Android (၂) မျိုးစလုံးတွင် အသုံးပြုနိုင်ခြင်း

  • စာရေးတဲ့ အလုပ်လုပ်သူများအတွက် အထူးအသုံးဝင်ခြင်း

  • Premium Version တွင် စာအရေးအသားပုံစံတူ ကူးယူခြင်းများကိုပါ စစ်ဆေးပေးနိုင်ခြင်း

  • အသုံးပြုရ လွယ်ကူပြီး နားလည်ရလည်း လွယ်ကူခြင်း

  • Premium Version မှာ ဈေးနှုန်းသက်သာခြင်း

 

App ၏ အားနည်းချက်များ

=================

  • Website Editor Version မှာ စာဖိုင်ဆိုဒ်ကို 4MB နှင့် စာလုံး‌ရေ ၁၀၀,၀၀၀ အထိသာ ခွင့်ပြုခြင်း

  • Google Docs နှင့် ပေါင်းစပ်မှုမှာ လက်ရှိတွင် စမ်းသပ်ဆဲ ကာလတွင်သာ ရှိနေခြင်း

  • Free Version တွင် စာလုံးပေါင်းနှင့် သဒ္ဒါအမှားအယွင်းတို့ကိုသာ စစ်ဆေးပေးခြင်း 

  • Premium Version ကို ဝယ်ယူရန် အလွန်တိုက်တွန်းခြင်း

 

Application အနေနဲ့ Free Version မှာတောင် ပုံမှန် အခမဲ့အသုံးပြုလို့ရတဲ့ Proofreader တွေထက်ပိုပြီး ကောင်းမွန်တာကြောင့် သင့်ရဲ့ စာရေးသားမှုတိုင်းအတွက် တည်းဖြတ်သူ တစ်ယောက်သဖွယ် အထောက်အကူပြုပေးနိုင်ပါတယ်။ 

 

App Download Link ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

 

IOS Version > https://bit.ly/409yEed 


Android Version > https://bit.ly/3kV16jQ

Knowledge Latest Post Read 648 times