American Center Yangon ကနေ တစ်ရက်တာ ဖွင့်လှစ်ပေးသွားမယ့် "AI for Teachers" အခမဲ့သင်တန်းအကြောင်းကို မျှဝေပေးသွားပါမယ်။
ဆရာ/ဆရာမတို့ရဲ့ Professional Life မှာ AI ကို ထိရောက်စွာ အသုံးချပြီး ကျောင်းသား၊ကျောင်းသူတွေအတွက် ခေတ်မီအဆင့်မြင့်တဲ့ သင်ကြားရေးနည်းလမ်းတွေကို ဖော်ဆောင်နိုင်ဖို့အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။
ဒီသင်တန်းကို American Center Yangon မှာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး လာမယ့် မတ်လ (၁၄) ရက်၊ စနေနေ့ နေ့ခင်း (၂) နာရီကနေ (၄) နာရီခွဲအထိ အချိန်ပေး တက်ရောက်ရမှာဖြစ်ပါတယ်။
ဒီသင်တန်းတက်ပြီး ဘာတွေ သိသွားမလဲ? AI နည်းပညာတွေကို အသုံးပြုပြီး -
တက်ရောက်နိုင်သူအရေအတွက်ကို ကန့်သတ်ထားတာဖြစ်တာကြောင့် သင်တန်းကို စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ မြန်မြန်စာရင်းပေးသွင်းဖို့တော့ လိုပါမယ်။
> https://docs.google.com/forms
ဆရာ၊ဆရာမတွေအနေနဲ့ သင်တန်းတက်တဲ့အခါမှာ လက်တွေ့လုပ်ဆောင်နိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ပိုင် Laptop တွေကို ယူဆောင်သွားဖို့ လိုအပ်ပြီး Laptop မပါရှိသူတွေအတွက်တော့ Chromebook အနည်းငယ် စီစဉ်ပေးထားမှာဖြစ်ပါတယ်။
===================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။