အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၃၃) ကျောင်းတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ်သင်တန်း လျှောက်လွှာများကို စတင် လျှောက်ထားနိုင်ပါပြီ။ အင်ဂျင်နီယာကို တကယ်စိတ်ဝင်စားသော်လည်း အမှတ်မမှီသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင့်ပါသည်။ A.G.T.I တွင် ထူးချွန်စွာ အောင်မြင်သူများသည် B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်သည့် အခွင့်အရေးရှိပါသည်။
မြန်မာနိုင်ငံတွင်ရှိသော A.G.T.I ကျောင်း (၃၃) ကျောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ တီးတိန်၊ မော်လမြိုင်၊ သံတွဲ၊ တောင်ကြီး၊ အင်းစိန်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်၊ နေပြည်တော်နှင့် ဂျပန်- မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း (Japan - Myanmar Aung San Vocational Training Institute) တို့ဖြစ်သည်။
လျှောက်ထားလိုသူသည် အောက်ပါ သတ်မှတ်အရည်အချင်းကို ပြည့်မီရပါမည် -
(က) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်း သဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများ ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာ စုစုပေါင်း ရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများအလိုက် ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) မြို့ပြအင်ဂျင်နီယာ (အပိုဒ် (၂) ပါ ကျောင်းပေါင်း (၃၁)၊ ပြင်ဦးလွင်နှင့် ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)
(ခ) အီလက်ထရောနစ်အင်ဂျင်နီယာ (အပိုဒ် (၂) ပါ ကျောင်းပေါင်း (၂၂)၊ ပူတာအို၊ ဘားအံ၊ တီးတိန်၊ သံတွဲ၊ တောင်ကြီး၊ သန်လျင်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပဲခူး၊ ထားဝယ်နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေး ပညာသင်တန်းကျောင်း မပါဝင်ပါ)
(ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (အပိုဒ် (၂) ပါ ကျောင်းပေါင်း (၃၂)၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း မပါဝင်ပါ)
(ဃ) စက်မှုအင်ဂျင်နီယာ (အပိုဒ် (၂) ပါ ကျောင်းပေါင်း (၃၂)၊ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း မပါဝင်ပါ)
(င) သုတနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ မြင်းခြံ၊ ကျောက် ဆည်၊ ပြင်ဦးလွင်၊ မကွေး၊ အင်းစိန်၊ နေပြည်တော်၊ ကန့်ဘလူ၊ မော်လမြိုင်) )
(စ) စက်မှုလုပ်ငန်းအင်ဂျင်နီယာ (အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ ပြင်ဦးလွင်) )
(ဆ) စက်မှုလယ်ယာနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်၊ ဝါးခယ်မ၊ ကျိုက်လတ်) )
(ဇ) မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်း) )
(ဈ) စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း)
သင်တန်းကာလနှင့် ပေးအပ်မည့်လက်မှတ်
သင်တန်းကာလမှာ (၃)နှစ် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ် ပေးအပ်မည်ဖြစ်သည်။ A.G.T.I (၃) နှစ် သင်တန်းများတွင် သတ်မှတ်အရည်အချင်း ပြည့်မီပါက B.Tech နှင့် BE သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်ရေး လျှောက်ထားနိုင်သည်။
လျှောက်ထားရမည့်ပုံစံ
ဝင်ခွင့်လျှောက်လွှာများကို မိမိတက်ရောက်လိုသော အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၌ ၁-၁၁-၂၀၂၄ မှစ၍ ၂၀-၁၁-၂၀၂၄ ရက်နေ့အထိိိ ထုတ်ယူ လျှောက်ထားနိုင်သည်။
လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရမည် -
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။
(ဂ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။
(ဃ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)။
(င) ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာဒေသ သက်ဆိုင်ရာ နယ်မြေ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း။
(စ) ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အပိုဒ် (၂) တွင် ဖော်ပြထားသည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ သွားရောက် စုံစမ်းမေးမြန်းနိုင်သည်။
===============================
Join our Viber Channel
Join our Telegram Channel