Tips

"အင်္ဂလိပ်စကားပြော ခက်ခဲတယ်ထင်နေသော လူငယ်များ လွယ်ကူမှုရှိလာစေရန်"

"အင်္ဂလိပ်စကားပြော ခက်ခဲတယ်ထင်နေသော လူငယ်များ လွယ်ကူမှုရှိလာစေရန်" g

အခုလို (21) ရာစုကာလမှာ လူငယ်အများစုတွေဟာ ဘာသာစကားအမျိုးမျိုးကို လေ့လာလိုက်စား လာကြပါတယ်။

မိမိတို့အားသန်ရာ၊ ဝါဿနာပါရာ၊ လုပ်ငန်းခွင် အသုံးချနိုင်မှု အစရှိသဖြင့် ရွေးချယ်သင်ကြားလေ့လာကြပါတယ်။

ဘာသာစကား အများအပြားရှိသည့်အနက် အများစုတက်ရောက်သင်ကြားနေသော ဘာသာစကားမှာ

အင်္ဂလိပ်ဘာသာစကားပါ။ သို့ပေမဲ့ တချို့သော လူငယ်တွေဟာ ခက်ခဲတယ်ပဲထင်နေကြပါတယ်။

 

တချို့ကြတော့လဲ မရရင် အကုန်ကိုကျက်တော့တာပဲ၊ တချို့ကျတော့ မှတ်အားကိုက

ပင်ကိုယ်ကောင်းမွန်တော့လေ့လာရာမှာအဆင်ပြေတယ်။ တချို့မှာတော့

လေ့လာချင်သော်လည်း သွားရောက်သင်ယူရန် အခက်အခဲ ရှိနေကြတယ်။ သင်ယူရန်

ငွေကြေးအခက်အခဲ ရှိသူတွေလည်းတွေ့နေရပါတယ်။

 

အမှန်တကယ်မှာတော့ အခက်အခဲဆိုတာ နေရာတိုင်း၊ အလုပ်တိုင်း အစရှိသဖြင့်

အခက်အခဲရှိကြပါတယ်။ ကြိုးစားမှုရှိနေဖို့သာလိုအပ်တာပါ မိတ်ဆွေ။

အနည်းငယ်လွယ်ကူ အပြောအဆို နဲနဲလောက်တတ်သွားအောင် ကျွန်တော်တို့အဘယ်သို့လုပ်ဆောင်မည်နည်း၊

စဉ်းစားကြည့်ပါ မိတ်ဆွေ အင်္ဂလိပ်စကားကို တကယ်တော့ စိမ်းမနေဘူး

ကျွန်တော်တို့ ငယ်စဉ်ကတည်းးကသင်ယူလာတယ် အတန်းကြီးတဲ့အထိပဲ မလေ့ကျင့်တာ၊

မကျက်မှတ်တာပါ။ အမှန်တော့ အင်္ဂလိပ်စကားကို ကျွန်တော်တို့ နေ့စဉ်

လိုလိုအသုံးပြုကြပါတယ်။ အသုံးမချတတ်သေးတာပဲရှိနေတာပါ။

 

ဥပမာ-ငယ်ငယ်ကကျွန်တော်တို့ဆော့ရင် ဗယ်ရီ ဝမ်း..တူး..သရီးပေါ့ ၊

အမှန်ကမသိလို့သာ ဒီလိုအသံထွက်ကိုပြောနေကြတာပါ၊ ခုထိလဲ ကလေးတွေပါးစပ်ဖျားမှာ ကြားရစမြဲပါ၊

တကယ်ဆို (Ready) လို့ပီပီသသသုံးသင့်ပါတယ်။ လူငယ်တွေကြားထဲမှာဆိုရင်

ကျွန်တော်တို့ အချင်းချင်း "သားရီး မင်းဝါရီ မများနဲ"့ပေါ့၊

တကယ်ကမင်း(Worry) ဆိုတာက သောက၊စိတ်ပူပန်မှုတွေလာ မပေးပါနဲ့လို့ပြောချင်တာပါ။

 

ကျွန်တော်တို့ပစ္စည်းတစ်ခုခုသွားဝယ်တဲ့အခါမျိုးမှာ (Guarantee) ရှိလား ဘယ်လောက်ပေးလဲပေါ့

တကယ့်အဓိပ္ပာယ်မသိသူတွေရှိနေသေးတယ် အာမခံချက်ရှိလားဆိုတာကိုမေးနေမှန်း မသိတာပေါ့။

တကယ်က မြန်မာစကားနဲ့ အင်္ဂလိပ်စကားကို ညှပ်သုံးနေကြတာပါ။လူငယ်တွေကြားထဲမှာ

အခုလိုတွဲညှပ်ပြီးသုံးနေတဲ့ စကားလုံးတွေ အများအပြားကိုရှိနေပါသေးတယ် မိတ်ဆွေ။

 

လွယ်လွယ်ပြောရရင် ဘာသာစကားတစ်ခုကို လေ့လာမယ်ဆိုရင် အထူးသဖြင့်

အင်္ဂလိပ်စာကိုလေ့လာမယ်ဆိုရင် အများကြီးတွေးတောမနေပါနဲ့။ ဦးစွာ

(Vocabulary) ကြွယ်ဝအောင်လုပ်ပါ၊ ပြီးလျှင် (Meaning) ကိုတတ်နိုင်သလောက်လေ့လာမှတ်သားပါ။

လေ့လာနိုင်ဖို့ပဲလိုအပ်တာပါ မိတ်ဆွေ။ ကျန်တဲ့အသုံးအနှုန်းတွေက

အနည်းငယ်လေ့လာပြီးအဆင်ပြေသလိုတွဲညှပ်သုံးလို့ရပါတယ်။ နိုင်ငံခြားတွေလိုတော့

မရနိုင်ဘူးလေ သူတို့ကမိခင်ဘာသာစကားဖြစ်နေလို့ ပြောတဲ့နေရာအဆင်ပြေနေတာပါ။

ကျွန်တော်တို့လဲ လေ့လာအားကောင်းမယ်ဆိုရင် ရနိုင်ပါတယ်။

 

အချိန်မလောက်သူတွေ၊ သင်တန်းမတက်နိုင်သူတွေ၊ အမျိုးမျိုး အားနည်းချက်ရှိသူတွေကတော့

ကိုယ်တိုင်လုပ်ယူမှပဲ ရနိုင်မှာပါ။ မပြောတတ်လို့အားငယ်နေဖို့ မလိုပါဘူး။ အနည်းငယ်ပြောတတ်လာဖို့

လေ့ကျင့်ကြည့်ပေးပါ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေညှပ်ပြီး ပြောဆိုကြည့်ပေးပါ၊ အဆင်ပြေလာပါလိမ့်မယ်။

 

Read More: “ငယ်ရွယ်တဲ့အချိန်မှာ ဘာကြောင့်အမှန်တကယ် ပညာကိုသေချာသင်ယူသင့်သလဲ”

 

အချိန်အနည်းငယ်ပေးပြီး (Grammar) ကိုလေ့လာပါ အပြည့်အစုံမဟုတ်ပါဘူး နားလည်ရုံလောက်ပါ၊

ဒါဆိုရင် (S+O+V), (Noun), (Pronoun), (Adj), (Adv) တွေကို

လေ့လာပြီးသုံးတတ်အောင်လုပ်ကြည့်ပေးပါ။ အခုလိုတိုးတက်တဲ့ခေတ်မှာ ဖုန်းမကိုင်သူရှားပါတယ်

အကျိုးရှိအောင် အသုံးချလိုက်ပါ၊ အင်္ဂလိပ်စာ (Application) တွေထည့်ပြီး အများကြီးမကျက်မှတ်ပါနဲ့

တစ်နေ့ကို() လုံး၊ (၁၀) လုံးလောက်ပဲ ကျက်မှတ်ပေးပါ မိတ်ဆွေတို့ အင်္ဂလိပ်စာနဲ့

ပတ်သက်ပြီးအနည်းငယ်တိုးတက်လာပါလိမ့်မယ်။ အခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်မိတ်ဆွေ

ကျော်လွှားနိုင်မှသာ ကျွန်တော်တို့ လူတော်ဖြစ်လာနိုင်တာပါ။

 

 

(မိမိ၏အတွေ့အကြုံ နှင့်သင်ခန်းစာရရှိခဲ့သည်များပူးတွဲရေးသားခြင်းဖြစ်ပါသည်)

Authoress : (Phyoe Hthazin Shwe)

Read times
Rate this item
(4 votes)