Sales Hotline : 09448001653       Download App



YRTA ကျောင်းကား လူလျှော့တင်သော်လည်း ဈေးမတက်ဟုဆို

ကိုဗစ်-၁၉ကြောင့် ကျောင်းကားတစ်စီး တင်ဆောင်နိုင်သည့်ဦးရေ၏ ထက်ဝက်ကို လူလျှော့ပြီး ပို့ဆောင်ပေးမည်ဖြစ်သော်လည်း ကျောင်းကားခနှုန်းထားများကို ယခင်နှစ် စာသင်ကာလနှုန်းထားအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်။ 

အဆိုပါ ကျောင်ကားပြေးဆွဲပေးသည့် အစီအစဉ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျောင်းကားစီးရေ ၂၀၀ ဝယ်ယူခဲ့သည်ဟု သိရသည်။ ယခင်နှစ် စာသင်ကာလတွင် ကျောင်းကားစီးရေ ၁၀၇ စီး သုံးစွဲပြီး ကြိုပို့ဝန်ဆောင်မှု ပေးခဲ့သည်။

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

 

ကျောင်းကားတစ်စီးလျှင် ၂၈ ဦးတင်ဆောင်နိုင်သည်ဖြစ်ရာ ကျောင်းသူကျောင်းသား ၃၀၀၀ ဦးခန့်အထိကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သော်လည်း ယခုအခါ လူဦးရေ ထက်ဝက်လျှော့ပြီး  ခပ်ခွာခွာ ထိုင်ခိုင်းရမည်ဖြစ်ရာ ၂၈ ဦးအစား ၁၄ ဦး တင်ဆောင်ရမည်ဖြစ်သဖြင့် ကျောင်းသူကျောင်းသား ၁၅၀၀ ဦးအထိ လျော့ကျသွားမည့်သဘော ဖြစ်သည်။

ကျောင်းကားခများကို ခရီးအနီးအဝေးအရ ကောက်ခံခဲ့ခြင်း ဖြစ်ရာ တစ်ဦးလျှင် တစ်လအတွက် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ရှိခဲ့သည်။ ထိုနှုန်းထားများအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဟု သိရသည်။

Latest Post News News News Read 2872 times