၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ပါသဖြင့် သတ်မှတ်လျှောက်လွှာပုံစံအား ထုတ်ယူပြီး မေလ (၂၈) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်။
Related Article : မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
>> https://www.edge.com.mm/article/mandalay-university.html
ဖွင့်လှစ်မည့်ဘွဲ့လွန်ဒီပလိုမာသင်တန်းများ
(၁) အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း
(၂) အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း
(၃) အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း
(၄) ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း
(၅) ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း
(၆) စာကြည့်တိုက်နှင့်သုတေပညာ ဒီပလိုမာသင်တန်း
(၇) မနုဿဗေဒ ဒီပလိုမာသင်တန်း
(၈) လူမှုရေးပညာ ဒီပလိုမာသင်တန်း
(၉) အသုံးချဘူမိဗေဒ ဒီပလိုမာသင်တန်း
နံပါတ်စဉ် (၁) မှ (၈) အထိ ဖော်ပြထားသည့် ဒီပလိုမာသင်တန်းများကို အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
စိတ်ဝင်စားပါက ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၂၀၂၅ ခုနှစ်၊ မေလ (၂၈) ရက်၊ ဗုဒ္ဓဟူးနေ့ကို နောက်ဆုံးထား လျှောက်ထားရပါမည်။
နံပါတ်စဉ် (၉) ဘွဲ့လွန်အသုံးချဘူမိဗေဒ ဒီပလိုမာသင်တန်းကို အောက်ပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
သင်တန်းကို အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
သင်တန်းကာလမှာ (၁) နှစ် ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၂၃) ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်ထားရပါမည်။
အထက်ဖော်ပြပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက သက်ဆိုင်ရာဘာသာရပ်ဌာနများတွင် စုံစမ်းနိုင်သည်။
Related Article : ရန်ကုန်တက္ကသိုလ်တွင် ထပ်မံဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခု
> https://www.edge.com.mm/article/yangon-university-6834120f92ca9.html
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။