မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာသင်တန်းနှင့် အသုံးချစိတ်ပညာဒီပလိုမာသင်တန်းတို့ကို ဇွန်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။

ဖွင့်လှစ်မည့် သင်တန်းများမှာ -

အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Applied Psychology)

အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာသင်တန်း (Diploma in English Language Teaching)

Related Article : ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၉) ခု

> https://www.edge.com.mm/article/yangon-university-682aee8495d6f.html

လျှောက်ထားသူများသည် -

  • ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
  • အစိုးရလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုထောက်ခံချက် ပါရှိရမည်။
  • ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမူရင်း တင်ပြရမည်။

သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး အသုံးချစိတ်ပညာဒီပလိုမာသင်တန်း ပြီးဆုံးပါက (D.A.Psy) ရရှိမည်ဖြစ်ပြီး အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာသင်တန်း ပြီးဆုံးပါက (Dip.E.L.T) လက်မှတ်ကို ရရှိမည်ဖြစ်သည်။

သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် မန္တလေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် မေလ (၁၉) ရက်နေ့မှ (၂၈) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် နှုတ်ဖြေစာမေးပွဲကို မေလ (၂၉) ရက်နေ့တွင် မန္တလေးတက္ကသိုလ်၊ စိတ်ပညာဌာန၌ ဖြေဆိုရမည်ဖြစ်သည်။ 

အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာသင်တန်းအတွက် ရေးဖြေစာမေးပွဲကို မေလ (၂၉) ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောင်မြင်သူများကို လူတွေ့စစ်ဆေးမည်ဖြစ်သည်။

သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မန္တလေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန ဖုန်း ၀၉-၄၃၁၀၃၀၀၂၊ ၀၉-၄၀၂၆၆၂၂၅၃၃ တို့ကို ဆက်သွယ်နိုင်ပါသည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 172 times