Sales Hotline : 09448001653       Download App



ကလေးများ၏ အနာဂတ်လှပဖို့ Yangon Academy International School နဲ့ချိတ်ဆက်စို့

Yangon Academy International School သည် ၂၀၀၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိကပိုင် Internationalကျောင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တွင် တည်ရှိသည်။ Yangon Academy (YA) သည်  သူငယ်တန်း မှ ၁၂တန်းအထိ ကလေးများအား အမေရိကန်သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချပြီး ထူးချွန်ထက်မြက်သော အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

 

Website သို့ သွားရန် ပုံကိုထိပါ

 

 Yangon Academy (YA) ၏အဓိကရည်ရွယ်ချက်များမှာ
- ကျောင်းသား/သူများကို မိမိတို့၏ လုပ်ဆောင်နိုင်မှုစွမ်းရည် အပြည့်အဝ ရရှိလာစေရန်
- အမေရိကန်သင်ရိုးညွှန်းတန်းကို ကျင့်သုံးကာ ကျောင်းသား/သူ များ၏ ဘဝနှင့် ပညာရေးထူးချွန်လာစေရန်
- သင်ယူမှုကို ချစ်မြတ်နိုးလာစေရန် နှင့် ကျောင်းသား/သူများအား မတူကွဲပြားမှုတို့ကို ချစ်မြတ်နိုးတတ်စေရန်
တို့ဖြစ်ပါသည်။

Yangon Academy (YA)  ၏ သင်ယူမှု ရလဒ်များအနေဖြင့်
- ထိရောက်စွာ ဆက်သွယ်ပြောဆိုတတ်ခြင်း
- ဖန်တီးတတ်မှုနှင့် ဝေဖန်တွေးခေါ်တတ်ခြင်း
- ကျန်းမာသန်စွမ်းခြင်း
- အဖွဲ့အစည်းဖြင့် လုပ်ဆောင်တတ်ခြင်း
- တာဝန်ယူနိုင်သော နိုင်ငံသားကောင်းဖြစ်လာခြင်း
- သင်ယူမှုကို ချစ်မြတ်နိုးခြင်း တို့ပါဝင်ပါသည်။

Yangon Academy (YA)  ၏ သင်ကြားရေးပိုင်းတွင် အမေရိကန်၊ ကနေဒါ၊ နိုင်ငံတကာမှ ဆရာ/ဆရာမများ နှင့် မြန်မာမှ ဆရာ/ဆရာမများက တာဝန်ယူသင်ကြားပေးလျက် ရှိပါသည်။


အခြားနိုင်ငံများမှ လာရောက်သင်ပြပေးသည့် ဆရာ/ဆရာမများသည် (Advanced Degrees) နှင့် မြန်မာနိုင်ငံမှ ဆရာ/ဆရာမများသည် (Master's Degrees) ရရှိထားသူများဖြစ်ပြီး လုပ်သက် (၁၅) နှစ်အထက်ရှိ ဝါရင့်ဆရာ/ဆရာမများဖြစ်သည့်အပြင် နိုင်ငံတကာဆိုင်ရာ သင်ကြားရေးတွင် အတွေ့အကြုံများလည်း ရှိပြီးသူများ ဖြစ်ကြပါသည်။

Website သို့ သွားရန် ပုံကို ထိပါ

 

Yangon Academy (YA)  ၏ ပညာရေးအစီအစဉ် 
- ကျောင်းရှိ ကျောင်းသား/သူများသည် အမေရိကန်သင်ရိုးညွှန်းတမ်းအတိုင်း သင်ယူရပါသည်။
- ကျောင်းသား/သူများသည် ဘွဲ့ရရှိရန် ခရက်ဒစ် (credit) (၂၅)ခု ရရှိရမည်ဖြစ်ပါတယ်။
- (Specialist classes) အနေဖြင့် အနုပညာ၊ သီချင်း၊ ကွန်ပျူတာသင်ခန်းစာများ၊ မြန်မာစာ နှင့်တို့ကို သင်ကြားရမည်ဖြစ်ပါတယ်။


Yangon Academy (YA) ၏ Facebook စာမျက်နှာကို ကြည့်ရှုရန် ဖော်ပြပါ ပုံကို နှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

 

International/Private Latest Post News Tips Read 1677 times