Sales Hotline : 09448001653       Download App



သင့်ကလေးကို ပြုစုပျိုးထောင်ရာမှာ လုပ်ဆောင်သင့်တဲ့အချက်(၇)ချက်

သင့်ကလေးကို ပြုစုပျိုးထောင်ရာမှာ လုပ်ဆောင်သင့်တဲ့အချက်(၇)ချက်

**Unicode**

အနာဂတ်ရဲ့ခေါင်းဆောင်လောင်းလေးတွေဖြစ်တဲ့ ကလေးငယ်တွေကို ကောင်းကောင်းပြုစုပျိုးထောင်ပေးခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း ကြိုတင်တည်ဆောက်ထားရာ ရောက်ပါတယ်။

ဒီလိုပြုစုပျိုးထောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်က သင့်ကလေးကို သူ့ရဲ့အောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကို သူကိုယ်တိုင်စိတ်ကျေနပ်မှုရှိလာစေဖို့ဖြစ်ပါတယ်။

(၁) သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေကို မြေတောင်မြှောက်ပေးပါ။

ကလေးတိုင်းမှာ ထူးခြားတဲ့ ပင်ကိုယ်အစွမ်းအစတွေရှိပါတယ်။ အဲ့ဒီအစွမ်းအစတွေဟာ ဒီအတိုင်းကျောင်းမှာ စာသင်နေရင်းနဲ့ ထွက်ပေါ်လာနိင်သလို ကျောင်းဆင်းခေါင်းလောင်းထိုးပြီးလို့ အိမ်ပြန်တဲ့အချိန်ကြတဲ့အချိန်မှလည်း ပေါ်ထွက်လာနိင်ပါတယ်။

သင့်အနေနဲ့ သင့်ကလေးနဲ့အတူ သီချင်းနားထောင်ပေးတာမျိုး၊ ကရာတေးကစားပေးတာမျိုး၊ သူနဲ့အတူကခုန်ပေးတာမျိုး၊ ပိုးစုန်းကြူးလေးတွေကို လိုက်ဖမ်းပေးတာမျိုး စတဲ့ ကလေးစိတ်ပါ ဝင်စားပြီး လုပ်ချင်တာမှန်သမျှကို သူနဲ့အတူလိုက်လုပ်ပေးပါ။

အဲ့လိုလုပ်ပေးလို့ ဘာငွေကုန်ကြေးကျမှ မရှိပါဘူး။ ဒါပေမဲ့ ဒါမျိုးလေးတွေကို သူတို့နဲ့အတူလိုက်လုပ်ပေးခြင်းအားဖြင့် သူတို့ရဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတွေကို ကောင်းကောင်းအထောက်အကူ ဖြစ်စေပါတယ်။

(၂) သူ့တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကောင်းကောင်းချီးမွမ်းပေးပါ။

လူတစ်ယောက်ရဲ့ အပြုအမူတွေကို သူ့ရဲ့ mind-set က ကောင်းကောင်းလွှမ်းမိုးနိင်စွမ်းရှိပါတယ်။ အဲဒါကြောင့် ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့အခါမှာ သူတို့သေချာကြိုးစား အားထုတ်ပြီးလုပ်ထားတဲ့ အရာတွေကို သေသေချာချာလေး ချီးကျူးပေးပါ။

(၃) သင့်ကလေးရဲ့ ကိုယ်ပိုင်လေ့လာပုံ၊ လေ့လာနည်းတွေကို လေးစားပေးပါ။

လူတစ်ယောက်နဲ့တစ်ယောက် လေ့လာတဲ့ပုံစံခြင်း မတူညီနိင်ပါဘူး။ သင့်အနေနဲ့ သင်အလုပ်လုပ်နေတဲ့အချိန်မှာ တိတ်ဆိတ်နေမှ အဆင်ပြေပေမဲ့ သင့်ကလေးကလည်း သင့်လိုဖြစ်မယ်လို့ ပြောလို့မရပါဘူး။ သူ့အနေနဲ့ သီချင်းအကျယ်ကြီးဖွင့်ထားမှ စာကျက်ရတာမြန်တာမျိုး ဖြစ်နိင်ပါတယ်။ အဲ့လိုအခြေအနေမျိုးတွေမှာ သူ့ကိုလေးစားပေးပါ။

(၄) သူတို့ကို စာအုပ်အမြဲတမ်းဖတ်ပြပါ။

သင်သိထားသင့်တာတစ်ခုက သင့်ကလေးတွေကို စာအုပ်ဖတ်ပြဖို့ အချိန်စောသေးတယ်ဆိုတာ မရှိတာပါပဲ။ သုတေသနတွေအရ ကျောင်းနေအရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စာဖတ်ပြတာဟာ သူတို့ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု၊ စာဖတ်စွမ်းရည်တိုးတက်မှုတွေကို ဖြစ်စေသလို ကျောင်းနေအရွယ်ရောက်လို့ ကျောင်းတက်တဲ့အခါမှာလည်း အထောက်အကူ ကောင်းတစ်ခု ဖြစ်စေပါတယ်။

သင့်ကလေးငယ်တွေအနေနဲ့ သင်ဖတ်ပြတဲ့စကားလုံးတွေကို နားမလည်နိင်သေးတာတောင် ဘာသာစကားရဲ့ rhythm တွေနဲ့ စကားလုံးတွေကို လေ့လာတဲ့နေရာမှာ လွယ်ကူလာစေပါတယ်။

ဒါတင်မကသေးပဲ သူတို့ကိုနေ့စဉ်စာဖတ်ပြလေ့ရှိတဲ့ မိဘတွေကို ပိုင်ဆိုင်ထားတဲ့ ၅ နှစ်အောက် ကလေးငယ်တွေအနေနဲ့ ကျောင်းမှာမကောင်းတဲ့အပြုအမူတွေပြုလုပ်နိင်မှုကို သိသိသာသာ လျော့နည်းသွားကြောင်းကို အင်္ဂလန်ရဲ့ ပညာရေးတက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရတွေ့ရှိခဲ့ပါတယ်။

(၅) ညစာတူတူစားပေးပါ။

ဒီနေရာမှာ ဟင်းချက်မကောင်းတဲ့မိဘတွေဘယ်လိုလုပ်လဲလို့ မေးစရာရှိပါတယ်။ စိတ်မပူပါနဲ့။ ကလေးတွေက သင့်ဆီကနေ ထမင်းတူတူစားရင်းနဲ့ ပြောတဲ့ ပေါ့ပေါ့ပါးပါးစကားလေးတွေကိုပဲ လိုအပ်တာပါ။

သူတို့နဲ့ ထမင်းကိုပုံမှန်လေး တူတူစားရင်းနဲ့ " ဒီနေ့အဆင်ပြေလား။ ဒီနေ့ရောဘာတွေလုပ်ခဲ့လဲ။ "စတာလေးတွေကို မေးပေးရင်းနဲ့ ကလေးတွေကို သင်တို့မိဘတွေအနေနဲ့ သူတို့ကိုတန်ဖိုးထားတယ်ဆိုတာကို ပေးသိနိင်ပါတယ်။

အဲလိုမျိုးတစ်ပတ် ၅ ကြိမ်လောက် မိဘတွေနဲ့အတူ ထမင်းစားလေ့ရှိတဲ့ ကလေးငယ်တွေဟာ ကျောင်းမှာ အဆင့်ကောင်းကောင်းရလေ့ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ အကြောင်းအမျိုးကြောင့်  ညစာတူတူမစားနိင်ရင် အတူတူစားနိင်မယ့်အချိန်(မနက်စာ၊ နေ့လယ်စာ) မှာ တူတူစားပေးပါ။

(၆) သူတို့ရဲ့ အိပ်ချိန်ကို သေချာထိန်းညှိပေးပါ။

သူတို့အတွက် ပုံမှန်အိပ်ချိန်ကို သတ်မှတ်ပေးထားတာက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်အကျိုးရှိစေပါတယ်။ ပြီးတော့ နောက်ထပ်ဂရုစိုက်ရမယ့်အချက်တစ်ချက်က သူတို့ရဲ့ အိပ်ရာဝင်ချိန်မတိုင်မီ မိနစ် ၃၀ လောက်ထဲက ကွန်ပျူတာတွေ၊ တီဗွီတွေကို သတိထားပြီးပိတ် သိမ်းပေးဖို့ပါပဲ။ အဲလိုမှမဟုတ်ရင် သင်သူတို့အခန်းမီးကိုပိတ်ပြီး အခန်းထဲကထွက်သွားတာနဲ့ သူတို့ဖုန်းကိုပြန်သုံးနေမှာမလို့ပါ။

(၇) သူတို့ကို မကြာခဏပွေ့ဖက်ပေးပါ။

သင်တို့ရဲ့ ကလေးငယ်တွေကို နေ့စဉ်နေ့တိုင်း မကြာခဏပွေ့ဖက်ပေးတာက သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ကောင်းကောင်းလျှော့ချပေးနိင်ပါတယ်။ လျစ်လျူရှုခံထားရတဲ့ ကလေးတွေဟာ စိတ်ဖိစီးမှုပိုမိုများပြားတတ်ပြီး မိဘတွေရဲ့ထွေးပွေ့နှစ်သိမ့်မှုကိုရတဲ့ ကလေးငယ်တွေက လုံခြုံမှုကို ခံစားရတဲ့အတွက် ဦးနှောက်ပိုမိုဖွံ့ဖြိုးကြောင်းကိုလည်း လေ့လာမှုတွေအရ သိရပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

 

 

**Zawgyi**

အနာဂတ္ရဲ႕ေခါင္းေဆာင္ေလာင္းေလးေတြျဖစ္တဲ့ ကေလးငယ္ေတြကို ေကာင္းေကာင္းျပဳစုပ်ိဳးေထာင္ေပးျခင္းဟာ တိုင္းျပည္ရဲ႕ အနာဂတ္ကိုလည္း ႀကိဳတင္တည္ေဆာက္ထားရာ ေရာက္ပါတယ္။

ဒီလိုျပဳစုပ်ိဳးေထာင္ေပးရတဲ့ အဓိကရည္ရြယ္ခ်က္က သင့္ကေလးကို သူ႔ရဲ႕ေအာင္ျမင္မႈေတြနဲ႔ ရည္မွန္းခ်က္ေတြကို သူကိုယ္တိုင္စိတ္ေက်နပ္မႈရွိလာေစဖို႔ျဖစ္ပါတယ္။

(၁) သူတို႔ရဲ႕ ထူးျခားတဲ့စြမ္းရည္ေတြကို ေျမေတာင္ေျမွာက္ေပးပါ။

ကေလးတိုင္းမွာ ထူးျခားတဲ့ ပင္ကိုယ္အစြမ္းအစေတြရွိပါတယ္။ အဲ့ဒီအစြမ္းအစေတြဟာ ဒီအတိုင္းေက်ာင္းမွာ စာသင္ေနရင္းနဲ႔ ထြက္ေပၚလာနိင္သလို ေက်ာင္းဆင္းေခါင္းေလာင္းထိုးျပီးလို႔ အိမ္ျပန္တဲ့အခ်ိန္ၾကတဲ့အခ်ိန္မွလည္း ေပၚထြက္လာနိင္ပါတယ္။

သင့္အေနနဲ႔ သင့္ကေလးနဲ႔အတူ သီခ်င္းနားေထာင္ေပးတာမ်ိဳး၊ ကရာေတးကစားေပးတာမိ်ဳး၊ သူနဲ႔အတူကခုန္ေပးတာမ်ိဳး၊ ပိုးစုန္းၾကဴးေလးေတြကို လိုက္ဖမ္းေပးတာမိ်ဳး စတဲ့ ကေလးစိတ္ပါ ၀င္စားၿပီး လုပ္ခ်င္တာမွန္သမွ်ကို သူနဲ႔အတူလိုက္လုပ္ေပးပါ။

အဲ့လိုလုပ္ေပးလို႔ ဘာေငြကုန္ေၾကးက်မွ မရွိပါဘူး။ ဒါေပမဲ့ ဒါမ်ိဳးေလးေတြကို သူတို႔နဲ႔အတူလိုက္လုပ္ေပးျခင္းအားျဖင့္ သူတို႔ရဲ႕စိတ္ပိုင္း၊ ရုပ္ပိုင္းနဲ႔ ကိုယ္ရည္ကိုယ္ေသြးဆိုင္ရာ ဖြံ႔ၿဖိဳး တိုးတက္မႈေတြကုိ ေကာင္းေကာင္းအေထာက္အကူ ျဖစ္ေစပါတယ္။

(၂) သူ႔တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ေကာင္းေကာင္းခ်ီးမြမ္းေပးပါ။

လူတစ္ေယာက္ရဲ႕ အျပဳအမူေတြကို သူ႔ရဲ႕ mind-set က ေကာင္းေကာင္းလႊမ္းမိုးနိင္စြမ္းရွိပါတယ္။ အဲဒါေၾကာင့္ ကေလးငယ္ေတြကို ျပဳစုပ်ိဳးေထာင္တဲ့အခါမွာ သူတို႔ေသခ်ာႀကိဳးစား အားထုတ္ၿပီးလုပ္ထားတဲ့ အရာေတြကို ေသေသခ်ာခ်ာေလး ခ်ီးက်ဴးေပးပါ။

(၃) သင့္ကေလးရဲ႕ ကိုယ္ပိုင္ေလ့လာပံု၊ ေလ့လာနည္းေတြကို ေလးစားေပးပါ။

လူတစ္ေယာက္နဲ႔တစ္ေယာက္ ေလ့လာတဲ့ပံုစံျခင္း မတူညီနိင္ပါဘူး။ သင့္အေနနဲ႔ သင္အလုပ္လုပ္ေနတဲ့အခ်ိန္မွာ တိတ္ဆိတ္ေနမွ အဆင္ေျပေပမဲ့ သင့္ကေလးကလည္း သင့္လိုျဖစ္မယ္လို႔ ေျပာလို႔မရပါဘူး။ သူ႔အေနနဲ႔ သီခ်င္းအက်ယ္ႀကီးဖြင့္ထားမွ စာက်က္ရတာျမန္တာမ်ိဳး ျဖစ္နိင္ပါတယ္။ အဲ့လိုအေျခအေနမ်ိဳးေတြမွာ သူ႔ကိုေလးစားေပးပါ။

(၄) သူတို႔ကို စာအုပ္အၿမဲတမ္းဖတ္ျပပါ။

သင္သိထားသင့္တာတစ္ခုက သင့္ကေလးေတြကို စာအုပ္ဖတ္ျပဖို႔ အခ်ိန္ေစာေသးတယ္ဆိုတာ မရွိတာပါပဲ။ သုေတသနေတြအရ ေက်ာင္းေနအရြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြကို စာဖတ္ျပတာဟာ သူတို႔ရဲ႕ ဘာသာစကား ဖြံ႕ၿဖိဳးတိုးတက္မႈ၊ စာဖတ္စြမ္းရည္တိုးတက္မႈေတြကို ျဖစ္ေစသလို ေက်ာင္းေနအရြယ္ေရာက္လို႔ ေက်ာင္းတက္တဲ့အခါမွာလည္း အေထာက္အကူ ေကာင္းတစ္ခု ျဖစ္ေစပါတယ္။

သင့္ကေလးငယ္ေတြအေနနဲ႔ သင္ဖတ္ျပတဲ့စကားလံုးေတြကို နားမလည္နိင္ေသးတာေတာင္ ဘာသာစကားရဲ႕ rhythm ေတြနဲ႔ စကားလံုးေတြကို ေလ့လာတဲ့ေနရာမွာ လြယ္ကူလာေစပါတယ္။

ဒါတင္မကေသးပဲ သူတို႔ကိုေန႔စဥ္စာဖတ္ျပေလ့ရွိတဲ့ မိဘေတြကို ပိုင္ဆိုင္ထားတဲ့ ၅ ႏွစ္ေအာက္ ကေလးငယ္ေတြအေနနဲ႔ ေက်ာငး္မွာမေကာင္းတဲ့အျပဳအမူေတြျပဳလုပ္နိင္မႈကို သိသိသာသာ ေလ်ာ႔နည္းသြားေၾကာင္းကို အဂၤလန္ရဲ႕ ပညာေရးတကၠသိုလ္တစ္ခုရဲ႕ ေလ့လာခ်က္အရေတြ႔ရွိခဲ့ပါတယ္။

(၅) ညစာတူတူစားေပးပါ။

ဒီေနရာမွာ ဟင္းခ်က္မေကာင္းတဲ့မိဘေတြဘယ္လိုလုပ္လဲလို႔ ေမးစရာရွိပါတယ္။ စိတ္မပူပါနဲ႔။ ကေလးေတြက သင့္ဆီကေန ထမင္းတူတူစားရင္းနဲ႔ ေျပာတဲ့ ေပါ့ေပါ့ပါးပါးစကားေလးေတြကိုပဲ လိုအပ္တာပါ။

သူတို႔နဲ႔ ထမင္းကုိပံုမွန္ေလး တူတူစားရင္းနဲ႔ " ဒီေန႔အဆင္ေျပလား။ ဒီေန႔ေရာဘာေတြလုပ္ခဲ့လဲ။ "စတာေလးေတြကို ေမးေပးရင္းနဲ႔ ကေလးေတြကို သင္တို႔မိဘေတြအေနနဲ႔ သူတို႔ကိုတန္ဖိုးထားတယ္ဆိုတာကို ေပးသိနိင္ပါတယ္။

အဲလိုမ်ိဳးတစ္ပတ္ ၅ ႀကိမ္ေလာက္ မိဘေတြနဲ႔အတူ ထမင္းစားေလ့ရွိတဲ့ ကေလးငယ္ေတြဟာ ေက်ာင္းမွာ အဆင့္ေကာင္းေကာငး္ရေလ့ရွိတာကို ေတြ႔ရပါတယ္။ တကယ္လို႔ အေၾကာင္းအမိ်ဳးေၾကာင့္  ညစာတူတူမစားနိင္ရင္ အတူတူစားနိင္မယ့္အခ်ိန္(မနက္စာ၊ ေန႔လယ္စာ) မွာ တူတူစားေပးပါ။

(၆) သူတို႔ရဲ႕ အိပ္ခ်ိန္ကို ေသခ်ာထိန္းညွိေပးပါ။

သူတို႔အတြက္ ပံုမွန္အိပ္ခ်ိန္ကို သတ္မွတ္ေပးထားတာက သူတို႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တကယ္အက်ိဳးရွိေစပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ဂရုစိုက္ရမယ့္အခ်က္တစ္ခ်က္က သူတို႔ရဲ႕ အိပ္ရာ၀င္ခ်ိန္မတိုင္မီ မိနစ္ ၃၀ ေလာက္ထဲက ကြန္ပ်ဴတာေတြ၊ တီဗီြေတြကို သတိထားၿပီးပိတ္ သိမ္းေပးဖို႔ပါပဲ။ အဲလိုမွမဟုတ္ရင္ သင္သူတို႔အခန္းမီးကိုပိတ္ၿပီး အခန္းထဲကထြက္သြားတာနဲ႔ သူတို႔ဖုန္းကိုျပန္သံုးေနမွာမလို႔ပါ။

(၇) သူတို႔ကို မၾကာခဏေပြ႔ဖက္ေပးပါ။

သင္တို႔ရဲ႕ ကေလးငယ္ေတြကို ေန႔စဥ္ေန႔တိုင္း မၾကာခဏေပြ႔ဖက္ေပးတာက သူတို႔ရဲ႕စိတ္ဖိစီးမႈေတြကို ေကာင္းေကာင္းေလွ်ာ့ခ်ေပးနိင္ပါတယ္။ လ်စ္လ်ဴရႈခံထားရတဲ့ ကေလးေတြဟာ စိတ္ဖိစီးမႈပိုမိုမ်ားျပားတတ္ၿပီး မိဘေတြရဲ႕ေထြးေပြ႔ႏွစ္သိမ့္မႈကိုရတဲ့ ကေလးငယ္ေတြက လံုၿခံဳမႈကို ခံစားရတဲ့အတြက္ ဦးေႏွာက္ပိုမိုဖြံ႕ၿဖိဳးေၾကာင္းကိုလည္း ေလ့လာမႈေတြအရ သိရပါတယ္။

ပညာေရးလမ္းညႊန္website တြင္ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေျပာင္းလဲေနေသာ ပညာေရးအေျခအေနမ်ားအခမဲ့ ပညာေရးသင္ၾကားေပးေနသည့္ သင္တန္းေက်ာင္းမ်ား၊ ျပည္တြင္း၊ ျပည္ပပညာသင္ဆုမ်ား၊ ပညာေရးအတြက္ သင္တန္းမ်ား၊ အလုပ္ခြင္၀င္ရန္ လိုအပ္ေသာ သင္တန္းမ်ား စသည္တို႔ပါ၀င္ပါတယ္ေနာ္...။

Tips Read 2083 times