Sales Hotline : 09448001653       Download App



နွေရာသီကျောင်းပိတ်ရက်မှာ ဘာတွေလုပ်သင့်လဲ

နွေရာသီကျောင်းပိတ်ရက်မှာ ဘာတွေလုပ်သင့်လဲ

**Unicode**

 

၁. အနားယူပါ။

တစ်ခါတစ်ရံ အနားယူဖို့ ပြုလုပ်ပါ။ တစ်နှစ်လုံးကျောင်းတက်ရတာ ပင်ပန်းသလို ခံစားရတဲ့အတွက် အနားယူဖို့ လိုအပ်ပါတယ်။

၂. ရုပ်ရှင်ကြည့်ပါ။

နောက်ဆုံးပေါ် ရုပ်ရှင်ကြည့်ပါ သို့မဟုတ် အရင်တုန်းက ကိုယ်ကြည့်ခဲ့တဲ့ အရမ်းစိတ်ဝင်စားစရာကောင်းပြီး သတိတရရှိနေတဲ့ ရုပ်ရှင်ကားလိုမျိုးကို ရွေးကြည့်ပါ။ တပတ်တစ်ခါလောက်ဖြစ်ဖြစ် ညဘက်လိုမျိုးမှာ မိသားစုနဲ့အတူ ရုပ်ရှင်ကြည့်ပေးခြင်းက နွေးထွေးတဲ့ ခံစားမှုတွေ ရရှိလာမှာပါ။

၃. ကမ်းခြေသို့မဟုတ် ရေကူးကန်သွားပါ။

အရမ်းစိတ်ပင်ပန်းသလို ခံစားနေရပြီဆိုရင်တော့ ရေကူးကန် သို့မဟုတ် ကမ်းခြေတို့လို နေရာမျိုးကို သွားပါ။

READ - စာမေးပွဲဖြေပြီးရင် သွားသင့်သော နေရာများ

၄. အတတ်ပညာတစ်ခုကို လေ့လာပါ။

မိမိစိတ်ဝင်စားတဲ့ အတတ်ပညာအသစ်တစ်ခုကို လေ့လာသင်ယူပါ။ ဥပမာ - ဟင်းချက်တာ၊ ဘောလုံးကစားတာ၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ တူရိယာပစ္စည်းတစ်ခုခုစသည့် အတတ်ပညာတစ်ခုခုကိုတော့ သင်ယူပါ။

၅. စာဖတ်ပါ

အိမ်ထဲမှာနေမယ်လို့ စဉ်စားမယ်ဆိုရင်တော့ စာအုပ်လေးတွေ ဝယ်ပြီး ဖတ်သင့်ပါတယ်။ စာအုပ်စာပေဖတ်ခြင်းက အတွေးအခေါ် ဗဟုသုတတွေ တိုးတက်လာမှာပါ။

၆. ခရီးသွားပါ

ခရီးသွားမယ်ဆိုရင် မသွားဖူးတဲ့နေရာကို အဓိကထား သွားသင့်ပါ။ ရက်အကြာရှည်လိုမျိုး ခရီးဆိုရင်တော့ မသွားသင့်ပါဘူး။ နေ့ချင်းပြန်လို့ ရမယ့်နေရာဆို ပိုအဆင်ပြေပါတယ်။

၇. အားကစား

အားကစားတစ်ခုကို လေ့လာလိုက်စားပါ။ အားကစားတစ်ခုခုကို နေ့စဉ် ပုံမှန်ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျလာစေသလို အသစ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေအတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

 

 

၁. အနားယူပါ။


၂. ရုပ်ရှင်ကြည့်ပါ။





၎. အတတ်ပညာတစ်ခုကို လေ့လာပါ။


၅. စာဖတ်ပါ


၆. ခရီးသွားပါ


၇. အားကစား


မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။


Tips Read 3201 times