Sales Hotline : 09448001653       Download App



Viberအွန်လိုင်းစာသင်ခန်း အသုံးပြုတဲ့အခါ သိထားသင့်တဲ့ အချက်များ

 

Viberအွန်လိုင်းစာသင်ခန်း အသုံးပြုတဲ့အခါ သိထားသင့်တဲ့ အချက်မျာ


ကျောင်းသားတွေနဲ့ ဆရာတွေ အချိတ်အဆက်မိမိ အပြန်အလှန်ပြောဆိုဆက်သွယ်ပြီး လေ့လာနိုင်ဖို့အတွက် နည်းပညာက ဘယ်လောက်အရေးပါနေပြီလဲ။

  

မြန်မာနိုင်ငံရဲ့ ပညာရေးလမ်းကြောင်းကို ပြန်လည်အသက်သွင်းဖို့အတွက် ကျောင်းသားတွေရော၊ ဆရာ၊ ဆရာမတွေရောကပါ အဆင့်မြင့်ဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုလာကြတာ တွေ့မြင်ရပါတယ်။ မိုဘိုင်းဖုန်းတွေကို အသုံးပြုပြီး အင်တာနက်ကတစ်ဆင့် လေ့လာသင်ယူနိုင်တဲ့ သင်ကြားရေးပရိုဂရမ်တွေကိုလည်း အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ သင်တန်းတွေ ကျောင်းတွေအနေနဲ့လည်း အွန်လိုင်းကနေ စာသင်ကြားပေးနိုင်ဖို့၊ စာမေးပွဲစစ်နိုင်ဖို့ စတာတွေအတွက် နည်းပညာသုံး ပလက်ဖောင်းအသစ်တွေ အသုံးပြုဖို့ ထည့်သွင်းစဥ်းစားနေကြပါပြီ။ မြန်မာနိုင်ငံက ကျောင်းသားနဲ့ ဆရာတွေက သင်ယူလေ့လာမှုခရီးစဥ်အားလုံးကို အွန်လိုင်းကလုပ်ဆောင်နိုင်ဖို့အတွက် ဗွီဒီယိုကတစ်ဆင့် သင်ကြားတဲ့ကိရိယာတွေနဲ့ လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေကို ပေါင်းစပ်အသုံးပြုဖို့ လုပ်ဆောင်နေကြပါပြီ။ အခုဆောင်းပါးထဲမှာတော့ ကျောင်းသားတွေနဲ့ ဆရာတွေ လုံခြုံစိတ်ချရပြီး ထိရောက်ကောင်းမွန်တဲ့ အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းတစ်ခု ရွေးချယ်တဲ့အခါမှာ ထည့်သွင်းစဥ်းစားဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အချက်တစ်ချို့ကို အထောက်အကူဖြစ်စေဖို့အတွက် ဆွေးနွေးရေးသားထားပါတယ်။

 

၁။ သင်ကြားဖို့ ဒါမှမဟုတ် လေ့လာသင်ယူဖို့အတွက် အကောင်းဆုံး အက်ပလီကေးရှင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ။

အက်ပလီကေးရှင်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရင်းနှီးနေဖို့ကတော့ အွန်လိုင်းသင်ကြားမှုအတွက် အခြေခံအကျဆုံး အချက်ပဲဖြစ်ပါတယ်။ လက်ရှိခေတ်ရေစီးကြောင်းအရ ကျောင်းသားတွေနဲ့ ဆရာတွေက အဖွဲ့လိုက် ဗွီဒီယို‌ကောလ်ခေါ်ဆိုခြင်း (Group Video Call) ၊ စကရင်မျက်နှာပြင် မျှဝေခြင်း (Screen Share)၊ မှတ်စုရေးသားခြင်း (Notes)၊ သတိပေးချက် (Reminder)၊ ကြီးမားသော ဖိုင်လ်များ မျှဝေခြင်း (Large files sharing) စတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုဖို့ လိုအပ်လာကြပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဆိုရင် Viber လိုမျိုး အက်ပလီကေးရှင်းကို အသုံးပြုတာက အထူးသင့်တော်ပါတယ်။ သင်ကြားရေးအတွက် Viber အသုံးပြုနေတဲ့ ဆရာမတစ်ယောက်က Viber မှာ ထိရောက်တဲ့ အွန်လိုင်းသင်ကြားရေးအစီအစဥ်တွေဖန်တီးဖို့နဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သင်ကြားရေးပုံစံတစ်ခုကို တည်ဆောက်ဖို့ ရွေးချယ်သင့်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

၂။ လုံခြုံစိတ်ချရအောင် ဘယ်လိုပြောဆိုဆက်သွယ်ကြမလဲ။

စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေကို အသုံးမပြုခင်မှာ အက်ပ်ထဲမှာပါတဲ့ လုံခြုံရေးစနစ်၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်နိုင်မှု စတာတွေကို သေချာဆန်းစစ် ကြည့်သင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကို အရင်ကထက် ပိုအသုံးပြုလာရတာကြောင့် ဆရာတွေ၊ အတန်းဖော်တွေနဲ့ အွန်လိုင်းမှာ ဆက်သွယ်တဲ့အခါ လုံခြုံစိတ်ချရအောင် ဘယ်ကနေ ဘယ်လိုပြောဆိုကြမလဲဆိုတာကို အလေးထားဖို့လိုပါတယ်။ ဒါကြောင့်လည်း စာတိုပို့ဆောင်ရေး အက်ပလီကေးရှင်းတွေရဲ့ လုံခြုံရေးဆိုင်ရာ အင်္ဂါရပ်တွေကို သိထားဖို့ လိုအပ်တာပါ။ ဥပမာ Viber မှာဆိုရင် end-to-end encryption ပြုလုပ်ထားတာကြောင့် အသုံးပြုသူတွေရဲ့ မက်ဆေ့ချ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို ဝင်ရောက်ကြည့်ရှုပြီး တစ်ခြားအဖွဲ့အစည်းတစ်ခုကို မျှဝေတာမျိုး မပြုလုပ်တဲ့အတွက် ဒီလိုစိတ်ချရတဲ့ နေရာမှာပဲ ပြောဆိုသင့်ပါတယ်။

 

၃။ အဖွဲ့လိုက်ပြောဆိုဆက်သွယ်ခြင်းနဲ့ပတ်သက်ပြီး ဘာတွေ သိထားဖို့လိုမလဲ။

အက်ပလီကေးရှင်း ရွေးချယ်ပြီး အသုံးပြုပုံသိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ အွန်လိုင်းသင်ကြားရေးတွေ ပြုလုပ်တဲ့အခါမှာ ချောမွေ့ပြီး ထိရောက်တဲ့ ဆက်သွယ်မှုကို ရရှိနိုင်ဖို့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ အက်ပလီကေးရှင်းရဲ့ လုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာလည်း သိဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် Viber မှာ ၂၀၀ MB ကျော်တဲ့ ဖိုင်တွေ ဝေမျှလို့ရတာ၊ အယောက် ၄၀ အထိ အဖွဲ့လိုက် ဗွီဒီယိုကောလ် ခေါ်ဆိုနိုင်တာ၊ အသံဖိုင်ပို့မယ်ဆိုရင် ၁၅ မိနစ်အထိ တစ်ဆက်တည်း အသံသွင်းပို့ဆောင်လို့ရတာ၊ ဗွီဒီယို မက်ဆေ့ချ်ပို့မယ်ဆိုရင် ၂၀ စက္ကန့်အထိ ပို့ဆောင်နိုင်တာတွေ ပြုလုပ်နိုင်တယ် ဆိုတာမျိုးပါ။

ကျောင်းသားတွေနဲ့ ဆရာတွေအနေနဲ့ အနီးကပ်ဆက်သွယ်ဖို့ လိုအပ်တဲ့သူတွေအတွက် လိုအပ်ချက်အလိုက် အဖွဲ့ခွဲပြုလုပ်ဆက်သွယ်နိုင်ပြီး ထောင်ချီသောသူတွေဆီ မိမိတစ်ဖက်ထဲက ပြောဆိုသင်ကြား ပို့ချနေနိုင်ဖို့အတွက်လည်း Channel တွေကို ဖွင့်လှစ် အသုံးချနိုင်ပါတယ်။ ပြောင်းလဲလာတဲ့ အွန်လိုင်းသင်ကြားမှုစနစ်နဲ့ ပတ်သက်ပြီး “ကျွန်မက ပထမတန်း‌ကျောင်းသား ဆယ်ယောက်လောက်ကို တန်းခွဲတစ်ခုအနေနဲ့ ဘာသာရပ်အစုံ သင်ကြားပေးနေပါတယ်။ ကျွန်မအနေနဲ့ ကျွန်မရဲ့ သင်ကြားမှုတွေအတွက် ဂရပ်ဖစ် အသုံးပြုတာ၊ အွန်လိုင်းဗွီဒီယိုအသုံးပြုတာ၊ ပဟေဠိနဲ့ စစ်တမ်းကောက်ယူတာ စတာတွေနဲ့ ထည့်သွင်းပြုလုပ်နိုင်ပြီးတော့ ကျောင်းသား တစ်ယောက်ချင်းစီတိုင်း အတွက် သေချာအာရုံစိုက်ပြီး သင်ကြားနိုင်တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ နည်းပညာက အတွေ့အကြုံကောင်းတွေရဖို့ ကူညီပေးနိုင်ပြီးတော့ အခုလို အခက်အခဲတွေကြားကနေ ဆက်ပြီး သင်ကြားခွင့်ရနေတာကိုလည်း ဝမ်းသာမိပါတယ်။” ဟု Best Guide မှ ပထမတန်းဆရာမ ဒေါ်သက်ထားနွယ်မှ ပြောကြားခဲ့ပါတယ်။

Viber လိုမျိုး စာတို့ပို့ဆောင်ရေးအက်ပလီကေးရှင်းတွေက မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေ ၄င်းတို့ရဲ့ ပညာဆက်လက်သင်ကြားနိုင်စေဖို့အတွက် အများကြီးထောက်ပံ့လုပ်ဆောင်ပေးနေပါတယ်။ အသုံးပြုသူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေ လုံခြုံမှု ရှိစေဖို့အတွက် default end-to-end encryption ပြုလုပ်ကာကွယ်ပေးထားပါတယ်။ အဖွဲ့လိုက် ဖုန်းခေါ်ဆိုတာ၊ ဗွီဒီယိုကောလ်ခေါ်ဆိုတာ၊ ဖိုင်တွေ မျှဝေတာ၊ စစ်တမ်းကောက်ယူတာ၊ အသံဖိုင်ပို့တာနဲ့ သင်ကြားရေးဆိုင်ရာ လင့်ခ်တွေကိုလည်း မျှဝေနိုင်ဖို့ ဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် Viber မှာ အဖွဲ့အစည်းတွေကို Channel ဖွင့်လှစ်ခွင့်ပေးထားပြီး ကျောင်းသားနဲ့ ဆရာတွေ သက်ဆိုင်ရာ ဘာသာရပ်တွေကို သီးသန့်လေ့လာသင်ကြားနိုင်ဖို့အတွက်လည်း လုပ်ဆောင်ပေးထားပါတယ်။ Viber channel တွေထဲကို ဖိတ်ကြားမှုလက်ခံရရှိထားတဲ့ ကျောင်းသားတိုင်း ဝင်ရောက်နိုင်ပြီး ဦးရေကန့်သတ်ထားခြင်းလည်း မရှိပါဘူး။ ဒါကြောင့် ဆရာတွေက သင်ကြားလိုတဲ့ အကြောင်းအရာတွေကို ကျောင်းသားမျာစွာအတွက် Channels တွေကနေတစ်ဆင့် သင်ကြားနိုင်ပြီ ဖြစ်ပါတယ်။

မကြာသေးမီက မူလတန်းကနေ ၁၀ တန်းအထိ ကျောင်းသားတွေကို ပညာသင်ကြားပေးနိုင်ဖို့အတွက် Best Guides ဆိုတဲ့ Viber Channel ကို ဆရာ၊ ဆရာမတွေ စုစည်းပြီး ဖန်တီးခဲ့ကြပါတယ်။ အဆိုပါ Channel က လက်ရှိမှာ အဖွဲ့ဝင်ပေါင်း ၃ သိန်း ၂ သောင်းကျော် ရှိနေပြီး ကျောင်းသားနဲ့ ဆရာများအကြားမှာ တဖြည်းဖြည်း ရေပန်းစားလျက်ရှိပါတယ်။ ယခုကဲ့သို့ Viber နဲ့ ပူးပေါင်းလုပ်ဆောင်ဖြစ်မှုနဲ့ ပတ်သက်ပြီး “အခုလို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အားလုံး တန်းတူအခွင့်အရေးတွေရနိုင်ဖို့အတွက်က ပညာရေးက အခြေခံအုတ်မြစ်တစ်ခုပါပဲ။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ Viber လို အက်ပလီကေးရှင်းတွေကြောင့် နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေ အသိပညာတွေ တိုးပွားဖို့ ဆက်လက်လေ့လာနေနိုင်ကြတာ ဖြစ်ပါတယ်။” ဟု Best Guides တည်ထောင်သူ Tom Known က ပြောကြားခဲ့ပါတယ်။

 

၄။ အွန်လိုင်းအတန်းဖော်တွေနဲ့ ရင်းရင်းနှီးနှီး အချိတ်အဆက်မိမိနဲ့ ဘယ်လိုဆက်သွယ်ပြောဆိုကြမလဲ

အွန်လိုင်းသင်ကြားရေးကြောင့် အတန်းဖော်တွေနဲ့ ဝေးကွာနေသလို ခံစားနေဖို့မလိုပါဘူး။ သူငယ်ချင်းတွေနဲ့ အားလုံးအတူတကွရှိနေတယ်လို့ ခံစားမိစေဖို့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ Viber မှာ Reactions, Poll, ဉာဏ်စမ်းပဟေဌိ, စတစ်ကာ, GIFs စတဲ့ လုပ်ဆောင်ချက်တွေ ရနိုင်တဲ့အပြင် မကြာသေးခင်ကလည်း Viber Lens ကို မိတ်ဆက်ထည့်သွင်းပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကို အသုံးပြုပြီး အွန်လိုင်းကနေ အတန်းဖော်တွေ၊ ဆရာတွေနဲ့ စိတ်ဝင်စားပျော်ရွှင်ဖို့ကောင်းတဲ့ အွန်လိုင်းသင်ကြားမှုပုံစံတစ်ခုကို ဖန်တီးလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေက ပျော်ရွှင်ဖွယ်စကားဝိုင်းတွေကတစ်ဆင့် အားလုံးနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရအောင် တည်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဗွီဒီယို၊ ရုပ်ပုံ၊ presentation၊ ဉာဏ်စမ်းပဟေဌိတွေနဲ့ ပံ့ပိုးထားတဲ့ သင်ယူမှုစနစ်တွေကြောင့် အွန်လိုင်းကသင်ကြားခြင်းကို သမားရိုးကျသင်ကြားခြင်းထက် ပိုမိုနှစ်သက်ကြောင်းလည်း ကျောင်းသားတစ်ဦးမှ ပြောဆိုထားပါတယ်။

အဆိုပါ အွန်လိုင်းသင်ကြားရေး အတွေ့အကြုံနဲ့ စပ်လျဥ်းပြီး အင်္ဂလိပ်စာလေ့လာနိုင်တဲ့ MyanLearn ဆိုတဲ့ Viber Channel က ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ ရေပန်းစားလာတာ တွေ့ရပါတယ်။ စစ်တမ်းကောက်ယူတာ၊ ဉာဏ်စမ်းပဟေဠိတွေ  မေးတာ၊ ပုံတွေ၊ အသံမက်ဆေ့ချ်တွေပို့တာ စတဲ့ Viber ရဲ့ စိတ်ဝင်စားဖွယ် အထူးလုပ်ဆောင်ချက်တွေနဲ့ ကောင်းမွန်တဲ့ သင်ကြားမှုအတွေ့အကြုံတစ်ခုကို ပေးစွမ်းနိုင်မှုကြောင့် အခုဆိုရင် Channel ထဲမှာ အဖွဲ့ဝင် ၁၆၃,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

 

၅။ သင်ကြားမှုဆိုင်ရာ အချိန်တွေအတွက် ဘယ်လိုစီမံခန့်ခွဲကြမလဲ။

အသုံးပြုသူတွေရဲ့ နေ့တဓူဝ လုပ်ဆောင်ဖွယ်ရာတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် Viber က My Notes ဆိုတဲ့ လုပ်ဆောင်ချက်ကို အထူးစီမံထည့်သွင်းပေးထားပါတယ်။ အဆိုပါလုပ်ဆောင်ချက်နဲ့ တစ်နေ့တာ လုပ်ဆောင်ရန်စာရင်း၊ ဓာတ်ပုံ၊ သတိပေးချက် Reminder စတာတွေကို My Notes ထဲမှာ ထည့်သွင်းထားလို့ရပါတယ်။ ကျောင်းသားတွေက အတန်းချိန်မှာ သင်ခန်းစာမှတ်သားတာ၊ လုပ်‌ဆောင်ရန်တွေအတွက် check list တွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ သတိပေးချက် ထည့်သွင်းလိုက်ခြင်းအားဖြင့် မိမိရဲ့ သင်ကြားလေ့လာမှုတွေကို အစီအစဥ်တကျဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အွန်လိုင်းသင်ကြားရေးအတွက် အချိန်ကို စီမံခန့်ခွဲလိုသူတွေအတွက်ဆိုရင် Viber ရဲ့ My Notes က အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။


Viber လို အွန်လိုင်းသင်ကြားရေးပြုလုပ်နိုင်တဲ့ ပလက်ဖောင်းတွေက မြန်မာနိုင်ငံ မျိုးဆက်သစ်တွေကို ၄င်းတို့ရဲ့ ရည်းမှန်းချက်တွေ ရောက်ရှိနိုင်ဖို့၊ သူတို့လိုချင်တဲ့ ဘဝပုံစံတစ်ခုကို ပုံဖော်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ပညာရေးနယ်ပယ်အတွက် နည်းပညာအသစ်တွေ ဝင်ရောက်လာမှုက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ဆောင်ကြဥ်းပေးနိုင်တယ်လို့လည်း Viber အနေနဲ့ အခိုင်အမာ ယုံကြည်ထားပါတယ်။

 

 

Knowledge Read 590 times