Sales Hotline : 09448001653       Download App



အိမ်မှနေ၍ အွန်လိုင်းတွင် ပညာသင်ကြားနိုင်မည့် Top 5 online learning platform များ

တက္ကသိုလ်ဝင်တန်းအောင်ထားသောကျောင်းသူ၊ ကျောင်းသားများအတွက် အိမ်မှာနေရင်း online learning လုပ်လို့ရမယ့် Top 5 online learning platform အကြောင်းလေးကို မျှဝေပေးလိုက်ရပါတယ်။ 

1. Future Learn 

Future Learn မှာက Business, IT, Medicine, Language...အစုံအစုံပါပဲ.သူ့မှာက Free Certificate ပေးတဲ့ အတန်းလေးတွေရော..ပိုက်ဆံသွင်းရတဲ့ Diploma, Degree အတန်းတွေပါရှိတယ်လို့သိရပါတယ်။

ဆက်စပ် ဖတ်ရှုရန် >>> Future Learn Website နဲ့ Google တို့ရဲ့တန်ဖိုးရှိတဲ့ Free Courses များလေ့လာနိုင်ပြီ

Courses အမျိုးအစားအား ဖြင့် လေးမျိုးခန့်ရှိပါသည်။ 

Short Courses

သင့်လျော်သော၊ ညှိနှိုင်းလွယ်သော အွန်လိုင်းသင်ခန်းစာများဖြင့် ကျွမ်းကျင်မှုများကို သင်ယူလိုက်ပါ။ 

>>> Click Here <<< 

Expert Tracks

အထူးပြုထားသော သင်ခန်းစာအတွဲများဖြင့် အရည်အချင်းများကို ထပ်ဆင့် မြှင့်လိုက်ပါ။ 

>>> Click Here <<< 

Microcredentials and programs 

ပရော်ဖက်ရှင်နယ်ဆန်သော အဆင့်မြင့်ပညာရေး အသိအမှတ်ပြု လက်မှတ်များ ရယူပါ။ 

>>> Click Here <<< 

Online Degress

အွန်လိုင်းမှ တစ်ဆင့် လွယ်ကူသက်သာစွာဖြင့် ဒီဂရီတစ်ခု တည်ဆောက်ရယူပါ။

>>> Click Here <<< 

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလင့်မှ စုံစမ်းနိုင်ပါတယ်။

>>> Click Here <<< 

2. Couresa 

Coursera မှာဆိုရင် Leading universities ပေါင်း 200 ကျော်၏  ရွေးချယ်စရာများပြားလွန်းတဲ့ သင်ခန်းစာတွေကို တွေ့ ရမှာဖြစ်ပါတယ်။ သူရဲ့ တစ်ခုအားသာချက်ကတော့ Application လည်းရှိပါတယ်။ Application ကို down ထားပြီး ပြန်ကြည့် လို့လည်းရပါတယ်။ လက်ရှိမှာတော့ Coursea ရဲ့ University of Geneva ကနေ သင်ကြားပေးတဲ့ International Organization Management, course လေးကို Enroll လုပ်ထားပါတယ်။

Leading universities မှာ ဘာတွေပါမလဲ? personal development အတွက် စတင်လေ့လာတော့မယ်ဆိုရင်တော့ အောက်ဖော်ပြပါလင့်မှ ဝင်ရောက်လေ့လာနိုင်ပါတယ်။

>>> Click Here <<< 

3. Edx

Edx ကိုတော့ Harvard and MIT ကနေ create လုပ်ထားပါတယ်။ Future Learn နဲ့ Coursea တို့လိုပါပဲ သူ့မှာလည်း University ပေါင်းစုံရဲ့ free ရော Paid သင်ခန်းစာ အများအပြား ရှိပါတယ်။ ထိပ်တန်းတက္ကသိုလ်ပေါင်း 34 သန်း‌ကျော် ရှိသည့် အပြင် သင်တန်းလျှောက်ထားသူပေါင်း  သန်း 100‌ကျော် ရှိနေသည့် Edx မှာ အွန်လိုင်းတွင် သင်ယူကြားတွင် အလွန်ပင် အသုံးများလျက်ရှိပါသည်။ 

ဆက်စပ်ဖတ်ရှုရန် >>> အွန်လိုင်းသင်ယူဖို့ Free Educational App (edX)

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလင့်မှ ဝင်ရောက်လေ့လာနိုင်ပါတယ်။

>>> Click Here <<< 

4. Khan Academy

Khan Academy ဟာဆိုရင်လည်း တကယ့်ကို Valuable ဖြစ်တဲ့ learning platform တစ်ခုပါ သူ့ကို အဓိက သတိထားမိတာကတော့ Math ပါ သူ့မှာက KG ကနေပြီးတော့ College level အထိ သင်ခန်းစာ အစုံအလင်ကို လေ့ကျင့်ခန်းတွေအပြင် Practice test လေးတွေ ပါထည့်သွင်းပေးထားတာတွေ့ရပါတယ်။

ဆက်စပ်ဖတ်ရှုရန် >>> အွန်လိုင်းသင်ယူဖို့ Free Educational App (Khan Academy)

အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလင့်မှ ဝင်ရောက်လေ့လာနိုင်ပါတယ်။

>>> Click Here <<< 

5. Google
နောက်ဆုံးအနေနဲ့ အားလုံးရဲ့ ဂုရုကြီးကတော့ Google ပါပဲ.စာမေးပွဲ နီးလည်း သူ့ကိုပဲ အားကိုးရပါတယ်။ မေးသလိုသမျှ သလိုသမျှကို google သာ it လိုက်ပါ ဖြေရှင်းပေးပါလိမ့်မယ်။ link တောင်ပြောဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။

Source: Admin S from S.M

By myanmar Education (EDGE) 

Knowledge Read 829 times