Sales Hotline : 09448001653       Download App



အိမ်စာမလုပ်ချင်တဲ့ကလေးများကို ဒီနည်းလမ်းဖြင့် ဖြေရှင်းကြည့်လိုက်ပါ

အိမ်စာမလုပ်ချင်တဲ့ကလေးများကို ဒီနည်းလမ်းဖြင့် ဖြေရှင်းကြည့်လိုက်ပါ

**Unicode**

အမှန်တော့ ကလေးတွေကို သူတို့မလုပ်ချင်တဲ့အရာတွေ သူတို့အတွက် စိတ်လှုပ်ရှားဖို့မကောင်းတဲ့အရာကိုတွေကို (ဥပမာ အိမ်စာလိုမျိုး) လုပ်ခိုင်းဖို့တော်တော့ကို ခက်ခဲပါတယ်။

တချို့ကလေးတွေကျတော့လည်း သူ့ပင်ကိုသဘာဝအရ စာကြမ်းပိုးတွေဖြစ်နေကြပြီး ကျောင်းနေပျော်ကြပါတယ်။ ဒါပေမယ့် ကလေးတော်တော်များများကတော့ အိမ်မှာ စာလုပ်ရတာကို ဂျစ်ကန်ကန်လုပ်ချင်တတ်ကြပါတယ်။

အများအားဖြင့်ကတော့ ကလေးအနေနဲ့ သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို မလုပ်ချင်တော့ဘူးဆိုရင် သူတို့ကိုလုပ်ပါလို့ပြောရတာ တော်တော်လက်ဝင်ပါတယ်။

ဒါဆိုရင် ကလေးတွေကို အိမ်မှာစာလုပ်လာအောင် ဘယ်လိုစည်းရုံးသိမ်းသွင်းမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အရောင်အသွေးစုံတဲ့ အလုပ်နေရာလေးတစ်ခု ဖန်တီးခြင်း

- သင့်ကလေးရဲ့ စာကြည့်စားပွဲကို အလှပဆုံးဖြစ်အောင် ဖန်းတီးထားပါ။ ဥပမာ - စာကြည့်စားပွဲပေါ်မှာ ရောင်စုံခဲတံထည့်တဲ့ခွက်တို့၊ ချစ်စရာကောင်းတဲ့ ခဲချက်လေးတွေ၊ ကိုယ်ပိုင်စာအုပ်စင်လေးတွေရှိနေအောင် ပြုလုပ်ထားသင့်ပါတယ်။ ဒါမှ အိမ်စာတွေလုပ်တဲ့အခါ ပျော်စရာကောင်းပြီး တက်ကြွမှုရှိပြီး သင့်ကလေးလည်း ထက်ထက်မြက်မြက်ရှိလာစေမှာပါ။

၂။ စာလုပ်ချိန်ကို သီးသန့်ထားခြင်း

- ကလေးတော်တော်များများက ပုံမှန်အလုပ်လုပ်ချိန်ရှိနေရင် ပိုပြီးအလုပ်ပြီးမြောက်ပါတယ်။ အဲ့ဒီတော့ နေ့တိုင်း ကျောင်းကပြန်လာတဲ့အခါ တချိန်ချိန်လောက်ကို အိမ်စာလုပ်ဖို့ဆိုပြီး ဖယ်ထားလိုက်ပါ။

- သင့်အနေနဲ့ သူတို့ကျောင်းကပြန်ရောက်တာနဲ့ တစ်နာရီလောက်ပဲဖြစ်ဖြစ် tv ပေးကြည့်တာတို့ မုန့်စားတာတို့လုပ်ဖို့လည်း အချိန်ပေးနိုင်ပါတယ်။

၃။ ဘယ်အချိန်မှာ အိမ်စာလုပ်မယ်ဆိုတာကို ကလေးကပဲ ဆုံးဖြတ်စေခြင်း

- ကလေးတွေကို သူတို့မလုပ်ချင်တဲ့အရာတစ်ခုကို လုပ်ခိုင်းဖို့ ခက်ခဲနိုင်ပါတယ်။

- အဲ့ဒါကြောင့် သူတို့ရဲ့ စာကြည့်ချိန်ကိုတော့ သူတို့ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ပေးထားလိုက်တာက သူတို့ကို စာလုပ်လာဖို့ ပိုအားပေးပါတယ်။

- “အိမ်စာလုပ်တော့” ဒါမှမဟုတ်လည်း “အိမ်စာကို ဒီအချိန်မှာလုပ်” ဆိုပြီးပြောခြင်းထက် ကျောင်းပြန်စကတည်းက သူတို့နဲ့အတူတူထိုင်ပြီး အိမ်စာလုပ်ဖို့အကောင်းဆုံးအချိန်တွေကို ရွေးနိုင်ပါတယ်။ -

- ဘာဖြစ်လို့လဲဆိုတော့ တချို့ကလေးတွေက စာမလုပ်ခင် ခဏအနားယူချင်ကြပေမယ့် သင့်ကလေးက ကျောင်းကပြန်ရောက်ရောက်ချင်း စာတန်းလုပ်လိုက်ချင်တာမျိုးလည်း ရှိတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။

၄။ Technology သုံးဖို့ အားပေးခြင်း

- သင့်ကလေးအနေနဲ့ iPad တို့ ကွန်ပျူတာတို့ကို အိမ်စာနဲ့ မသက်ဆိုင်ပေမယ့် သုံးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနိုင်ပါတယ်။

- ဒါပေမယ့် စာလုပ်ချိန်မှာ အဲ့ဒါတွေမသုံးဖို့ ပိတ်ပင်မယ့်အစား သူတို့ကို technology သုံးပြီးကူညီနိုင်မယ့်အရာတွေကို ရှာဖွေကြည့်ပါ။

- အင်တာနက်က စာလုပ်တာ၊ ရှာဖွေဆန်းစစ်မှုပြုတာတွေမှာ အများကြီးကူညီပေးနိုင်ပြီးတော့ သင်္ချာ၊ အင်္ဂလိပ်စာ လုံးပေါင်းတွေနဲ့ တခြားဘာသာရပ်တွေမှာ ကူညီပေးနိုင်တဲ့ အက်ပလီကေးရှင်းတွေလည်း အများကြီးရှိပါတယ်။

၅။ အိမ်စာလုပ်ခြင်းကို သူတို့၏တာဝန်ဟု သတ်မှတ်ပေးခြင်း

- အိမ်စာလုပ်ခြင်းကနေ ကလေးတွေရဲ့ တာဝန်ယူမှုကို အများကြီးသင်ပေးနိုင်ပါတယ်။ နောက်ဆုံးပြောရရင် အိမ်စာပြီးခြင်း မပြီးခြင်းကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေက သင့်ကလေးတစ်ယောက်တည်းအပေါ်မှာပဲ ရှိပါတယ်။

- အဲ့ဒီတော့ အိမ်စာမလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို သူတို့နားလည်အောင် ရှင်းပြပေးပါ။ လိုအပ်ရင် သူတို့ကိုယ်တိုင် ခက်ခက်ခဲခဲ သိလာပါစေ။

- ဥပမာ စာမေးပွဲကျခြင်း၊ အောင်မှတ်ကပ်အောင်ခြင်း။  အိမ်စာလုပ်ခြင်းက သင့်ကလေးရဲ့ တာဝန်အဖြစ် သတ်မှတ်ပေးခြင်းက သူတို့လုပ်လိုက်တဲ့အရာတွေရဲ့ တိုက်ရိုက်အကျိုးဆက်ကို သူတို့ကိုယ်တိုင် မြင်လာစေပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Popsugar

 

 

**Zawgyi**

အမွန္ေတာ့ ကေလးေတြကို သူတို႕မလုပ္ခ်င္တ့ဲအရာေတြ သူတို႕အတြက္ စိတ္လႈပ္ရွားဖို႕မေကာင္းတ့ဲအရာကိုေတြကို (ဥပမာ အိမ္စာလိုမ်ဳိး) လုပ္ခိုင္းဖို႕ေတာ္ေတာ့ကို ခက္ခဲပါတယ္။

တခ်ဳိ႕ကေလးေတြက်ေတာ့လည္း သူ႕ပင္ကိုသဘာ၀အရ စာၾကမ္းပိုးေတြျဖစ္ေနၾကၿပီး ေက်ာင္းေနေပ်ာ္ၾကပါတယ္။ ဒါေပမယ့္ ကေလးေတာ္ေတာ္မ်ားမ်ားကေတာ့ အိမ္မွာ စာလုပ္ရတာကို ဂ်စ္ကန္ကန္လုပ္ခ်င္တတ္ၾကပါတယ္။

အမ်ားအားျဖင့္ကေတာ့ ကေလးအေနနဲ႕ သူ႕စိတ္ထဲမွာ တစ္စံုတစ္ခုကို မလုပ္ခ်င္ေတာ့ဘူးဆိုရင္ သူတုိ႕ကိုလုပ္ပါလို႕ေျပာရတာ ေတာ္ေတာ္လက္၀င္ပါတယ္။

ဒါဆိုရင္ ကေလးေတြကို အိမ္မွာစာလုပ္လာေအာင္ ဘယ္လိုစည္းရံုးသိမ္းသြင္းမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အေရာင္အေသြးစံုတ့ဲ အလုပ္ေနရာေလးတစ္ခု ဖန္တီးျခင္း

- သင့္ကေလးရဲ႕ စာၾကည့္စားပြဲကို အလွပဆုံးျဖစ္ေအာင္ ဖန္းတီးထားပါ။ ဥပမာ - စာၾကည့္စားပြဲေပၚမွာ ေရာင္စုံခဲတံထည့္တဲ့ခြက္တို႕၊ ခ်စ္စရာေကာင္းတဲ့ ခဲခ်က္ေလးေတြ၊ ကိုယ္ပိုင္စာအုပ္စင္ေလးေတြရွိေနေအာင္ ျပဳလုပ္ထားသင့္ပါတယ္။ ဒါမွ အိမ္စာေတြလုပ္တဲ့အခါ ေပ်ာ္စရာေကာင္းၿပီး တက္ႀကြမႈရွိၿပီး သင့္ကေလးလည္း ထက္ထက္ျမက္ျမက္ရွိလာေစမွာပါ။

၂။ စာလုပ္ခ်ိန္ကို သီးသန္႕ထားျခင္း

- ကေလးေတာ္ေတာ္မ်ားမ်ားက ပံုမွန္အလုပ္လုပ္ခ်ိန္ရွိေနရင္ ပိုၿပီးအလုပ္ၿပီးေျမာက္ပါတယ္။ အ့ဲဒီေတာ့ ေန႕တုိင္း ေက်ာင္းကျပန္လာတ့ဲအခါ တခ်ိန္ခ်ိန္ေလာက္ကို အိမ္စာလုပ္ဖို႕ဆိုၿပီး ဖယ္ထားလိုက္ပါ။

- သင့္အေနနဲ႕ သူတုိ႕ေက်ာင္းကျပန္ေရာက္တာနဲ႕ တစ္နာရီေလာက္ပဲျဖစ္ျဖစ္ tv ေပးၾကည့္တာတို႕ မုန္႕စားတာတို႕လုပ္ဖို႕လည္း အခ်ိန္ေပးႏိုင္ပါတယ္။

၃။ ဘယ္အခ်ိန္မွာ အိမ္စာလုပ္မယ္ဆိုတာကို ကေလးကပဲ ဆံုးျဖတ္ေစျခင္း

- ကေလးေတြကို သူတို႕မလုပ္ခ်င္တ့ဲအရာတစ္ခုကို လုပ္ခုိင္းဖို႕ ခက္ခဲႏိုင္ပါတယ္။

- အဲ့ဒါေၾကာင့္ သူတို႕ရဲ႕ စာၾကည့္ခ်ိန္ကိုေတာ့ သူတို႕ကိုယ္တုိင္ ေရြးခ်ယ္ႏိုင္ခြင့္ေပးထားလိုက္တာက သူတို႕ကို စာလုပ္လာဖို႕ ပိုအားေပးပါတယ္။

- “အိမ္စာလုပ္ေတာ့” ဒါမွမဟုတ္လည္း “အိမ္စာကို ဒီအခ်ိန္မွာလုပ္” ဆိုၿပီးေျပာျခင္းထက္ ေက်ာင္းျပန္စကတည္းက သူတုိ႕နဲ႕အတူတူထုိင္ၿပီး အိမ္စာလုပ္ဖို႕အေကာင္းဆံုးအခ်ိန္ေတြကို ေရြးႏိုင္ပါတယ္။ -

- ဘာျဖစ္လို႕လဲဆိုေတာ့ တခ်ဳိ႕ကေလးေတြက စာမလုပ္ခင္ ခဏအနားယူခ်င္ၾကေပမယ့္ သင့္ကေလးက ေက်ာင္းကျပန္ေရာက္ေရာက္ခ်င္း စာတန္းလုပ္လိုက္ခ်င္တာမ်ဳိးလည္း ရွိတတ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

၄။ Technology သံုးဖို႕ အားေပးျခင္း

- သင့္ကေလးအေနနဲ႕ iPad တို႕ ကြန္ပ်ဴတာတို႕ကို အိမ္စာနဲ႕ မသက္ဆိုင္ေပမယ့္ သံုးႏိုင္တ့ဲနည္းလမ္းေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။

- ဒါေပမယ့္ စာလုပ္ခ်ိန္မွာ အ့ဲဒါေတြမသံုးဖို႕ ပိတ္ပင္မယ့္အစား သူတုိ႕ကို technology သံုးျပီးကူညီႏိုင္မယ့္အရာေတြကို ရွာေဖြၾကည့္ပါ။

- အင္တာနက္က စာလုပ္တာ၊ ရွာေဖြဆန္းစစ္မႈျပဳတာေတြမွာ အမ်ားႀကီးကူညီေပးႏုိင္ၿပီးေတာ့ သခ်ၤာ၊ အဂၤလိပ္စာ လံုးေပါင္းေတြနဲ႕ တျခားဘာသာရပ္ေတြမွာ ကူညီေပးႏိုင္တ့ဲ အက္ပလီေကးရွင္းေတြလည္း အမ်ားႀကီးရွိပါတယ္။

၅။ အိမ္စာလုပ္ျခင္းကို သူတို႕၏တာ၀န္ဟု သတ္မွတ္ေပးျခင္း

- အိမ္စာလုပ္ျခင္းကေန ကေလးေတြရဲ႕ တာ၀န္ယူမႈကို အမ်ားႀကီးသင္ေပးႏိုင္ပါတယ္။ ေနာက္ဆံုးေျပာရရင္ အိမ္စာျပီးျခင္း မျပီးျခင္းေၾကာင့္ ျဖစ္ေပၚလာမယ့္အက်ဳိးဆက္ေတြက သင့္ကေလးတစ္ေယာက္တည္းအေပၚမွာပဲ ရွိပါတယ္။

- အ့ဲဒီေတာ့ အိမ္စာမလုပ္ရင္ ဘာျဖစ္မယ္ဆိုတာကို သူတို႕နားလည္ေအာင္ ရွင္းျပေပးပါ။ လိုအပ္ရင္ သူတုိ႕ကုိယ္တုိင္ ခက္ခက္ခဲခဲ သိလာပါေစ။

- ဥပမာ စာေမးပြဲက်ျခင္း၊ ေအာင္မွတ္ကပ္ေအာင္ျခင္း။  အိမ္စာလုပ္ျခင္းက သင့္ကေလးရဲ႕ တာ၀န္အျဖစ္ သတ္မွတ္ေပးျခင္းက သူတို႕လုပ္လိုက္တ့ဲအရာေတြရဲ႕ တိုက္ရိုက္အက်ဳိးဆက္ကို သူတုိ႕ကိုယ္တုိင္ ျမင္လာေစပါတယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: Popsugar

 

Tips Read 2342 times