Sales Hotline : 09448001653       Download App
ကျောင်းဝင်မှတ်ပုံတင်စာရင်း ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များ
** Unicode **
- ကျောင်းဝင်အမှတ်ကို မင်နီဖြင့် ရေးသားရမည်။
- ကျောင်းဝင်သည့်နေ့စွဲကို အတိုကောက်ရေးပါ။
- မောင်/မ ထည့်၍ ပြည့်စုံစွာရေးသွင်းရမည်။
- မွေးသက္ကရာဇ်ကို ဂဏန်းအပြင် စာသားဖြင့်ပါ ဖျက်ရာ/ပြင်ရာမပါရှိအောင် ရေးသွင်းရမည်။
- အမိ/အဖအမည်၊ နေရပ်နှင့် အလုပ်အကိုင်တို့ကို ပြည့်စုံမှန်ကန်စွာ ရေးသွင်းရမည်။
- လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို ပြည့်စုံမှန်ကန်စွာ ရေးသွင်းရမည်။
- နောက်ဆုံးနေခဲ့သော ကျောင်း၊ မြို့နှင့် မြို့နယ်အမည်ကို ပြည့်စုံစွာ ရေးသွင်းရမည်။
- အမြင့်ဆုံးအောင်မြင်ခဲ့သည့် အတန်းအမည်ကို စာသားဖြင့် ရေးသားရမည်။ ဂဏန်းဖြင့် မရေးရ။
- ဝင်ခွင့်ပြုသော အတန်းအမည်ကို စာသားဖြင့် ရေးသားရမည်။ ဂဏန်းဖြင့် မရေးရ။
- အတန်းအောင်သည့် ခုံအမှတ်နှင့်ရက်စွဲကို ကျောင်းအုပ်လက်မှတ်ရေးထိုး၍ နှစ်စဉ် မပျက်မကွက်၊ မှတ်တမ်းတင်ထားရမည်။
- ကျောင်းထွက်သည့်ရက်စွဲနှင့် TC နံပါတ်၊ ကျောင်းထွက်သည့် အကြောင်းအရာတို့ကို ကျောင်းအုပ် လက်မှတ်ရေးထိုး၍ မှတ်တမ်းတင်ထားရမည်။
ကျောင်းထွက်ခွင့်ပြုပြီးသော ကျောင်းသားဟောင်းအား ပြန်လည်လက်ခံလျှင် ကျောင်းဝင်အမှတ် အသစ်မပေးဘဲ ကျောင်းအုပ်က (ကျောင်းသားဟောင်း) ဖြစ်ကြောင်းမှတ်ချက်ရေး၍ ပြန်လည် ဝင်ရောက်သည့်ရက်စွဲကို မှတ်တမ်းတင်ထားရမည်။
Read More:>>> ကလေးများ၏ အနာဂတ်လှပဖို့ Yangon Academy International School နဲ့ချိတ်ဆက်စို့
** မွေးသက္ကရာဇ်တင်သွင်းရာတွင် လိုက်နာရမည့်အချက်များ **
၁။ သူငယ်တန်းကလေးများအတွက် မွေးစာရင်းမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ မွေးသက္ကရာဇ်ကို ရေးသွင်းပါ၊ မွေးစာရင်းမိတ္တူကို စနစ်တကျ သိမ်းဆည်းပါ။
၂။ သူငယ်တန်းအတွက် ကျောင်းသား/သူများ၏ မွေးသက္ကရာဇ်ကို နောင်အခါတွင် မပြင်ဆင်ပါကြောင်း မိဘ/ အုပ်ထိန်းသူအား ဝန်ခံချက် ပုံစံ (က) ကို ဖြည့်စွက်လက်မှတ်ထိုးစေ၍ နှစ်အလိုက်စာအုပ်ချုပ်ပြီး စနစ်တကျ သိမ်းဆည်းထားရမည်။
၃။ မိမိကျောင်းသို့ ပြောင်းရွှေ့လာသော ကျောင်းသားသစ်များ၏ ကျောင်းပြောင်းလက်မှတ် (TC) ပါအချက်အလက်များကို မှန်/မမှန်၊ ပြည်စုံမှုရှိ/မရှိ၊ သေချာစွာ စိစစ်ပြီးမှသာ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်။
Kindergarten (73) သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး  (၇၃) ခုရှာရန်နှိပ်ပါ။
၄။ (၅) နှစ်ပြည့်ရန် အသက် (၁လ၊ ၂လ၊ ၃လ) လိုသော ကလေးများကို မွေးသက္ကရာဇ် အတည်ပြုချက်အထောက်အထားများ ရယူပြီးမှသာလျှင် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းရမည်။
၅။ အသက်လိုသော ကျောင်းသား/သူများ၏ မွေးသက္ကရာဇ် အတည်ပြုချက် အထောက်အထားများကို စနစ်တကျ သိမ်းဆည်းထားရမည်။
Credit: Educational News Updates
** Zawgyi **
Latest Post Tips News Tips News Read 29495 times