Sales Hotline : 09448001653       Download App
ကျောင်းသား၊ ကျောင်းသူတိုင်း စာတော်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ လိုက်လုပ်ပါ
ကျောင်းသား၊ ကျောင်းသူတိုင်း စာတော်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ လိုက်လုပ်ပါ
**Unicode**
ဒီတော့ အရင်က စာမတော်ဘူး အခု စာတော်ချင်တယ်ဆိုလျှင် အောက်ပါအချက်တွေနဲ့ ကိုက်ညီအောင်သာ ပြုမှု နေထိုင်ကျင့်သုံးပါ။
၁. တစ်ပါးသူပြောတဲ့စကားကို သေချာနားထောင်နိုင်ခြင်း
တစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ တစ်ဖက်လူက စကားပြောနေစဉ် မိမိအနေဖြင့် ဝင်ဝင်ပြီး ပြောတဲ့ အကျင့်ရှိရင်တော့ သင်ဟာ ဉာဏ်ကောင်းသူ တစ်ယောက်မဟုတ်ဘူးနော်…။ သူများပြောတဲ့စကားကို သေချာနားထောင်တဲ့အကျင့်ရှိအောင် ကြိုးစားနားထောင်ပါ။ သူများပြောသွားတဲ့စကားတွေ အများကြီးထဲကမှ အဓိကကျတဲ့အချက်ကို ထုတ်နုတ်သိနိုင်ရင်တော့ သင်ဟာ စာတော်စေမယ့် လူတစ်ယောက်ပါ။
၂. အလုပ်တစ်ခု တိကျသေချာရှိခြင်း
အလုပ်တစ်ခုလုပ်ရင် ဘယ်အလုပ်မဆို တိကျမှုရှိအောင်သာ ပြုလုပ်ပါ။ စာရေးတဲ့အခါ၊ စာမေးပွဲဖြေတဲ့အခါလိုမျိုးမှာ သေသေချာချာ ပြုလုပ်မယ် ဆိုရင်တော့ သင်ဟာ အခြားသူတွေထက် အားသာချက်တစ်ခု ရနေတာမျိုးပေါ့။
၃. သင်ခန်းစာများကို ကြိုတင်လေ့လာတတ်ခြင်း
စာသင်ခန်းအတွင်းမှာ ဆရာ၊ ဆရာမ မသင်ခင် သင်ခန်းစာများကို ကြိုတင်ဖတ်တဲ့အကျင့်ရှိခြင်းကို ပြုလုပ်ပါ။ မသင်ရသေးလို့ နားမလည်တာကို အကြောင်းပြချက်တစ်ခုလို့ မထင်ပါနဲ့။ အဓိကကတော့ သင်မယ့်သင်ခန်းစာကို ကြိုတင်တဲ့ အကျင့်လေးကို ရစေချင်တာပါ။
READ - နွေရာသီကျောင်းပိတ်ရက်မှာ ဘာတွေလုပ်သင့်လဲ
၄. စာသင်ခန်းထဲမှာ အာရုံစူးစိုက်မှု အားကောင်းခြင်း
စာသင်တာကို သေသေချာချာ အာရုံစိုက် နားထောင်တဲ့ကျောင်းသားဟာ စာကို ပိုပြီး နားလည်မှတ်မိ လွယ်စေပြီး ထူးချွန်ထက်မြက်မှုကို ဖြစ်စေပါတယ်။
၅. မှတ်စုပြုစုခြင်း
သင်ခန်းစာတစ်ခုသင်တိုင်း နောက်ကနေ မှတ်စုတိုထုတ်ခြင်း၊ အရေးကြီးတာတွေ မှတ်သားခြင်းတွေ ပြုလုပ်ပေးပါ။ ဒါမှ မိမိ ပြန်ကြည့်တဲ့အခါ ဘယ်အပိုင်းက အရေးကြီးတယ်ဆိုတာကို သိသာစေမှာပါ။
၆. အိမ်စာပြုလုပ်ခြင်း
ထူးချွန်သူအများစုက ပုံမှန်စာလုပ်တတ်ကြပါတယ်။ အိမ်စာမလုပ်ရသေးလို့ဆိုပြီး စာအုပ်ထပ်ခါနီးမှ ပြာပြာသလဲ အိမ်စာ လုပ်တာမျိုးကို လုံး၀ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်စာကို ပြီးအောင်မြန်မြန်လုပ်ခြင်းထက် ကောင်းအောင်လုပ်ခြင်း ဆိုတဲ့ အကျင့်ကို မွေးမြူပါ။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
**Zawgyi**
၎. စာသင်ခန်းထဲမှာ အာရုံစူးစိုက်မှု အားကောင်းခြင်း
၅. မှတ်စုပြုစုခြင်း
၆. အိမ်စာပြုလုပ်ခြင်း
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Tips Read 11243 times