စာမေးပွဲအဖြေလွှာများကို ဘာသာရပ်နှင့်ကိုက်ညီသူများအားတာဝန်ပေးအပ်မည်


** Unicode **

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာစစ်ဆေးရန် ဆရာ/ဆရာမများကို တာဝန်ပေးအပ်ရာတွင် ၎င်းတို့လက်ရှိသင်ကြားသည့် ဘာသာရပ်နှင့်စစ်ဆေးရမည့်ဘာသာရပ် ကိုက်ညီမှသာ ရွေးချယ်ရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားထားပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဖြေလွှာများကို ဧပြီလတွင်စတင် စစ်ဆေးမည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စစ်ဆေးရန် အထက်တန်းပြ လုပ်သက် အနည်းဆုံး (၂) နှစ်ရှိသည့်ဆရာ/ဆရာမများကိုသာ ရွေးချယ်တာဝန်ပေးရမည်ဖြစ်ပါတယ်။

၎င်းအပြင်သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဆရာ/ဆရာမများသည် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် (၅၈) နှစ်အထက်၊ အသက်အရွယ်ကြီးသောဆရာ/ဆရာမ၊ ကျန်းမာရေးမကောင်းသော ဆရာ/ဆရာမများ၊ ဘာသာရပ်များနှင့်မကိုက်ညီသော အထက်တန်းပြ ဆရာ/ဆရာမ များသည် စာစစ်တာဝန်ပေးအပ်ခြင်း မပြုရန်ဟုသိထားရပါတယ်။

Read More:>>>  သတင္းအခ်က္အလက္နည္းပညာ ဘြဲ႔ႀကိဳဒီပလိုမာသင္တန္းေလ်ွာက္လႊာေခၚယူ

နှစ်စဉ် တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့် မကွေး တက္ကသိုလ်တို့ရှိ စာစစ်ဌာန (၁၀) ခုတွင်စစ်ဆေးခြင်းဖြစ်ပါတယ်။

Thai (48) ထိုင္းဘာသာ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (၄၈) ခုရွာရန္ႏွိပ္ပါ။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ (၉၇၀၇၅၉) ဦးရှိကြောင်း၊ ယခင်နှစ်တွင် (၁၈၇၇) ခုသာရှိခဲ့သော စာစစ်ဌာနများကို ယခုနှစ်တွင် (၁၁၃) ခုတိုး၍ ဖွင့်လှစ်ခဲ့ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် စာစစ်ဌာန (၁၉၉၀) ရှိကြောင်းလည်းသိရပါတယ်။
(www.edge.com.mm)
 

** Zawgyi **

တကၠသုိလ္ဝင္ခြင့္စာေမးပြဲအေျဖလႊာစစ္ေဆးရန္ ဆရာ/ဆရာမမ်ားကို တာဝန္ေပးအပ္ရာတြင္ ၄င္းတို႔လက္ရွိသင္ၾကားသည့္ ဘာသာရပ္ႏွင့္စစ္ေဆးရမည့္ဘာသာရပ္ ကိုက္ညီမွသာ ေရြးခ်ယ္ရန္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနမွ ညႊန္ၾကားထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ တကၠသုိလ္ဝင္ခြင့္စာေမးပြဲကို မတ္လ (၁၁) ရက္မွ (၂၀) ရက္အထိ က်င္းပမည္ျဖစ္ၿပီး အေျဖလႊာမ်ားကို ဧၿပီလတြင္စတင္ စစ္ေဆးမည္ျဖစ္ပါတယ္။

တကၠသုိလ္ဝင္စာေမးပြဲ အေျဖလႊာမ်ားကို စစ္ေဆးရန္ အထက္တန္းျပ လုပ္သက္ အနည္းဆံုး (၂) ႏွစ္ရွိသည့္ဆရာ/ဆရာမမ်ားကိုသာ ေရြးခ်ယ္တာဝန္ေပးရမည္ျဖစ္ပါတယ္။

၄င္းအျပင္သင္ၾကားေနသည့္ ဘာသာရပ္ႏွင့္ စစ္ေဆးမည့္ ဆရာ/ဆရာမမ်ားသည္ ကိုယ္ဝန္ေဆာင္ဆရာမမ်ား၊ အသက္ (၅၈) ႏွစ္အထက္၊ အသက္အရြယ္ႀကီးေသာဆရာ/ဆရာမ၊ က်န္းမာေရးမေကာင္းေသာ ဆရာ/ဆရာမမ်ား၊ ဘာသာရပ္မ်ားႏွင့္မကိုက္ညီေသာ အထက္တန္းျပ ဆရာ/ဆရာမ မ်ားသည္ စာစစ္တာဝန္ေပးအပ္ျခင္း မျပဳရန္ဟုသိထားရပါတယ္။

Read More:>>>  သတင္းအခ်က္အလက္နည္းပညာ ဘြဲ႔ႀကိဳဒီပလိုမာသင္တန္းေလ်ွာက္လႊာေခၚယူ

ႏွစ္စဥ္ တကၠသုိလ္ဝင္တန္းအေျဖလႊာမ်ားကို ရန္ကုန္၊ ဒဂံု၊ ေမာ္လၿမိဳင္၊ ပုသိမ္၊ စစ္ေတြ၊ ျမစ္ႀကီးနား၊ ေတာင္ႀကီး၊ မႏၱေလး၊ မံုရြာႏွင့္ မေကြး တကၠသုိလ္တို႔ရွိ စာစစ္ဌာန (၁၀) ခုတြင္စစ္ေဆးျခင္းျဖစ္ပါတယ္။

Thai (48) ထိုင္းဘာသာ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (၄၈) ခုရွာရန္ႏွိပ္ပါ။

ယခုႏွစ္တြင္ တကၠသုိလ္ဝင္တန္းဝင္ေရာက္ေျဖဆိုရန္ စာရင္းေပးသြင္းသူ (၉၇၀၇၅၉) ဦးရွိေၾကာင္း၊ ယခင္ႏွစ္တြင္ (၁၈၇၇) ခုသာရွိခဲ့ေသာ စာစစ္ဌာနမ်ားကို ယခုႏွစ္တြင္ (၁၁၃) ခုတုိး၍ ဖြင့္လွစ္ခဲ့ေၾကာင္းႏွင့္ တစ္နိုင္ငံလံုးတြင္ စာစစ္ဌာန (၁၉၉၀) ရွိေၾကာင္းလည္းသိရပါတယ္။
(www.edge.com.mm)
 

News Tips Latest Post Read 28773 times