Sales Hotline : 09448001653       Download App



ကလေးငယ်များကို မူကြိုကောင်းကောင်းထားမယ်ဆို ဒီအကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်

ကလေးငယ်များကို မူကြိုကောင်းကောင်းထားမယ်ဆို ဒီအကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်

သင့်ကလေးကို မူကြိုထားဖို့ စဉ်းစားနေပြီလား?

ဒါဆိုရင်တော့ မူကြိုထားခြင်းက ဘယ်အချက်တွေက ကလေးများအတွက် အရမ်းကောင်းတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

လုံခြုံစိတ်ချရမှုရှိပြီး ဂရုတစိုက်လည်းရှိတဲ့ ပတ်ဝန်းကျင်မှာ သင့်ကလေး ရှိနေတဲ့အတွက် ကလေးဝေယျာဝစ္စတွေနဲ့ဝေးပြီး ကိုယ့်အလုပ်မှာ အာရုံစိုက်နိုင်တယ်ဆိုတာ ဘယ်လောက်ကောင်းလိုက်သလဲ။
ဒါကသင့်အတွက်တော့ ကလေးကို မူကြိုထားလိုက်ခြင်းကနေ ရရှိလာတဲ့ အခွင့်အရေးတွေထဲက တစ်ခုပဲနော်။
မူကြိုမှာဆိုရင် သင့်ကလေးက သူ့အသက်အရွယ်နဲ့လိုက်တဲ့ စွမ်းရည်အသစ်တွေကို ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ ကစားခြင်းနှင့် စူးစမ်းရှာဖွေခြင်းတွေကနေ ရရှိလာမှာပဲဖြစ်ပါတယ်။  

ဒီမှာပြောပြထားတာတွေကတော့ မူကြိုကျောင်းတက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်နော်...။

လူမှုဆက်ဆံရေးစွမ်းရည်အား လေ့ကျင့်ပေးခြင်း

ကဗျာများနှင့် ကလေးသီချင်းများအား အတူတကွ လိုက်လံသီဆိုခြင်းနှင့် ပုံတိုပတ်စပြောခြင်း၊ ကြိုးကြာလေးများ ခေါက်ခြင်းကဲ့သို့သော လက်မှုအနုပညာ အစီအစဉ်များနှင့် ရိုးရှင်းသော လက်တွေ့ဆောင်ရွက်မှုများ၊ ကစားစရာများဖြင့် အဆောက်အဦးများ ဆောက်လုပ်ခြင်း ဆက်ခြင်းစသော အစီအစဉ်များတွင် ပါဝင်ခြင်းအားဖြင့် နှစ်နှစ်ကနေ ငါးနှစ်အတွင်းကလေးငယ်များဟာ အလှည့်ကျစနစ်ကို ကျင့်သုံးခြင်း၊ ညွှန်ကြားချက်များအား လိုက်လံဆောင်ရွက်နိုင်ခြင်း၊ ရွယ်တူကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် အတွေ့အကြုံများကို ရရှိကြပါတယ်။

မူကြိုကျောင်းတွေရဲ့ တခြားအကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ လူအများနှင့်ဆက်ဆံရတာကို ကြိုက်နှစ်သက်ပြီး အိမ်မှာတစ်ယောက်တည်း ပျင်းနေတဲ့ ကလေးငယ်များအတွက် ကစားဖော်များရရှိစေနိုင်သလို၊ အနေအေးတဲ့ ကလေးငယ်များအတွက်ကတော့ ရွယ်တူကလေးငယ်များကြားမှာနေရတဲ့အတွက် လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေပါတယ်။

အခြေခံလိုအပ်ချက်များနှင့် မိတ်ဆက်ပေးခြင်း

မူကြိုတွေကပေးတဲ့ အကျိုးကျေးဇူးတွေထဲမှာ ပါဝင်တာတွေကတော့ ကလေးငယ်တွေအနေနဲ့ အက္ခရာများကို သီချင်းဆိုခြင်း၊  ဂဏန်းများကို ကစားစရာများ ရေတွက်ခြင်း၊ ဘာသာစကားစွမ်းရည်များကို ပုံတိုပတ်စပြောခြင်း၊ သင်္ချာအခြေခံများကို ချက်ပြုတ်မုန့်လုပ်ခြင်း၊ အရောင်များကို  လက်နှင့်ဆေးရောင်ခြယ်ခြင်းစသော ပျော်ရွှင်ဖွယ်ရာ (တခါတလေ ညစ်ပတ်ပေရေစေသော) လှုပ်ရှားမှုများမှတဆင့် ၄င်းတို့၏ သိလိုစိတ်နှင့် ဗဟုသုတများကို ဖိအားကင်းကင်းနှင့် မြှင့်တင်ပေးခြင်းတွေပဲ ဖြစ်ပါတယ်။

ကလေးငယ်များအနေနဲ့ ရုက္ခဗေဒ၊ ဇီဝဗေဒနှင့် ပထ၀ီတို့ကိုလည်း သဘာဝ လေ့လာရေးခရီးတိုများ (ဥပမာ ပန်းခြံ)၊ ပုံသဏ္ဍာန်များကို အတူတကွ puzzle ဆက်ခြင်းများနှင့် ရာသီဥတုများကို စက္ကူ၊ အဝတ်စ၊ ဓာတ်ပုံ စသည်တို့သုံး၍ ပုံဖော်ထားသော ကားချပ်များ (ဒါမှမဟုတ်လည်း အပြင်ထွက် လေ့လာခြင်း) များမှတဆင့် တီးမိခေါက်မိ ရှိစေပါတယ်။

ပိုမိုကျယ်ပြန့်သော ကမ္ဘာမြေကြီးအကြောင်း သင်ယူခြင်း

သင့်ကလေးအနေနဲ့ များများကစားလေလေ၊ စူးစမ်းရှာဖွေလေလေ၊ သူကိုယ်တိုင်လေ့လာလေလေ သင်ယူနိုင်စွမ်း ပိုမိုမြင့်တက်လာလေလေပဲ ဖြစ်ပါတယ်။

မူကြိုကျောင်းမှာဆိုရင် အဲ့လို အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိနိုင်မယ့် အခွင့်အလမ်းက အတိုင်းအဆမရှိကို များပါတယ်။

ရေကစားချိန်ဆိုလည်း ကစားတဲ့စားပွဲ ဒါမှမဟုတ် နေရာမှာ တချို့အရာဝတ္ထုတွေက မြုပ်ပြီး တချို့တွေ ရေပေါ်ပေါလောပေါ်နေတာကို တွေ့ရှိနိုင်ပြီး၊ နွေဦးရာသီမှာ လမ်းလျှောက်ထွက်ခြင်းကနေ သစ်ရွက်ကလေးတွေ ခြောက်သွေ့ကြွေကျကြတာကို မြင်လာပါလိမ့်မယ်။

ပြီးတော့ ကစားကွင်းထဲမှာဆိုရင်လည်း ကလေးစီးယာဉ်လေးတွေဟာ ပြင်ညီမျက်နှာပေါ်မှာ စီးရတာပိုလွယ်ကူပြီး ကြမ်းတမ်းတဲ့နေရာတွေမှာ စီးရခက်တာတွေကို သင်ယူလာပါလိမ့်မယ်။

တီထွင်ဖန်တီးနိုင်ခွင့်ပေးခြင်း

မူကြိုဆရာဆရာမတွေဆီမှာ မြောက်မြားလှစွာသော လက်မှုအနုပညာ (arts-and-crafts) အစီအစဉ်တွေ ရှိကြပါတယ်။ သင့်ရဲ့ ပူတူတူး အနုပညာရှင်လေးက သူ့အတွင်း သဏ္ဍာန်မှာရှိတဲ့ ပီကာဆိုလေးကို အိမ်မှာနေတာထက်စာရင် မူကြိုကျောင်းမှာပဲ ပိုမိုပြီး ဖော်ထုတ်နိုင်စွမ်း ရှိပါလိမ့်မယ်။

ပျော်ရွှင်ဖွယ်ရာအတိဖြစ်ခြင်း

ဟုတ်ပါပြီ အိမ်မှာ ကစားစရာတွေ၊ စာအုပ်တွေ၊ လှုပ်ရှားမှုအစီအစဉ်တွေ အများကြီးရှိတယ် ဆိုပါတော့။ ဒါပေမယ့် မူကြိုမှာဆိုရင် သင့်ပူတူတူးလေးရဲ့ သေးသေးကွေးကွေး လက်ချောင်းမို့မို့လေးတွေအတွက် တောင်လိုပုံနေတဲ့ ကစားစရာတွေ ရှိပါလိမ့်မယ်။

ပျော်ရွှင်စရာလှုပ်ရှားမှုတွေ ဂိမ်းတွေနဲ့ တကယ့်ကိုပျော်စရာအတိပြီးတဲ့ ကမ္ဘာလေးတစ်ခုဖြစ်နေမှာပဲ ဖြစ်ပါတယ်။ (ပြီးတော့ ဒီအရွယ်လေးတွေအတွက် ပျော်ရွှင်မှုဆိုတာ ဂိမ်းရဲ့နာမည်လို့တောင်ပြောလို့ရတဲ့အထိပဲဆိုတာ မမေ့ပါနဲ့ဦး)။

ပညာရှင်များ၏ ညွှန်ကြားမှုရှိခြင်း

သင့်အနေနဲ့ သင့်ကလေးကို အလွှမ်းမိုးနိုင်ဆုံး လက်ဦးဆရာတစ်ယောက်ဖြစ်နေချိန်မှာ သင်ရော သင့်ကလေးပါ တကယ့်ပညာရှင်ကြီးတွေ (ကလေးသူငယ်ဖွံ့ဖြိုးမှုမှာ သေချာလေ့ကျင့်ထားသူ) ဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။

ကဲ အဲ့ဒီတော့ အခုသင့်ကလေး မူကြိုကောင်းတစ်ခုကနေ ဘာတွေရရှိလာမလဲဆိုတာလည်း သိပြီ (ပူတူတူးလေးအတန်း တက်တဲ့အခါ ဒီထက်ပိုများတဲ့ အကျိုးကျေးဇူးတွေကို တွေ့ဦးမှာပါ) ဆိုတော့ မူကြိုကျောင်းကာင်းကောင်းတစ်ခုကို ထွက်ရှာဖို့ အချိန်တန်ပြီနော်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: What To Expect

Pre-school Read 1203 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176