Sales Hotline : 09448001653       Download App



မူကြို မသွားခင်မှာ သားသားမီးမီးလေးတွေကို ဘာတွေသင်ပေးလိုက်ရမလဲ

မူကြို မသွားခင်မှာ သားသားမီးမီးလေးတွေကို ဘာတွေသင်ပေးလိုက်ရမလဲ

မူကြိုစသွားတဲ့နေ့ဟာ မိဘရင်ဝယ်ကနေ ခွဲခွာခြင်းရဲ့ အစ လို့ ပြောလို့ ရပါတယ်။

သားသားမီးမီးလေးတွေ မူကြိုမသွားခင်၊ ကျောင်းကြီး စ မတက်ခင်တွေမှာ သင်ပေးလိုက်ရမှာတွေ ရှိပါတယ်။ အဲဒါက (ကကြီး၊ ခခွေး) တွေ မဟုတ်ပါဘူး။  

မြန်မာနိုင်ငံမှာတော့ ပုံမှန်အားဖြင့် အသက်(၄) နှစ်အရွယ်မှာ မူကြို ထားကြပါတယ်။

ဒီအချိန်မှာ သားသားမီးမီးလေးတွေ နားလည်နေပါပြီ။

တစ်ကိုယ်ရည် သန့်ရှင်းမှုကစလို့ သင်ပေးရပါမယ်။

ဘယ်လိုသန့်ရှင်းအောင်နေရမယ် ဆိုတာမှာရပါမယ်။

အစာမစားမီ လက်ကို ဆပ်ပြာနဲ့ဆေးဖို့၊ ပန်းကန်ထဲမှ အစာတွေကို ယူဖို့ အတွက် လက်တွေနဲ့သုံးပြီး မနှိုက်ဖို့၊ သန့်စင်ခန်းသွားပြီး (သို့) ညစ်ပတ်တဲ့အရာတွေနဲ့ ဆော့ပြီးချိန်မှာ လက်ဆေးဖို့ စတာတွေပါဝင်ပါတယ်။

သူတို့လေးတွေကို နေရာတိုင်းနီးနီးမှာ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ဘက်တီးယီးယား တွေရဲ့ရန်ကနေ ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းအောင် အကာအကွယ်ပေးနိုင်ပါတယ်။

ကျောင်းမှာ ပျော်စရာကောင်းတဲ့ ကိစ္စတွေရှိမှသာ ကျောင်းပျော်တဲ့ သားသားမီးမီးလေးတွေ ဖြစ်မှာပါ။ အဲတော့ ကျောင်းမှာ ပျော်ရွှင်တက်ကြွပြီး ထက်မြက်တဲ့ သားသား မီးမီးဖြစ်အောင် ပြုလုပ်ပေးရမယ်။

ဒီတော့ အဓိက ကျတာက သူတို့လေးတွေရဲ့ သူငယ်ချင်းပါ။ မေမေတို့အနေနဲ့ တခြားသူငယ်ချင်းတွေကို မုန့်၊ အရုပ်စတာတွေ မျှဝေဖို့၊ နိုင်လိုမင်းထက် မပြုဖို့နဲ့ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်အောင် နေဖို့ စတာတွေ သင်ပေးလိုက်ရမှာပါ။ ဒါမှ ပျော်ရွှင်လာပြီး နေ့ရက်တိုင်းမှာ ကျောင်းတက်ချင်မှာပါ။

သူတို့လေးတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင်လည်း သင်ပေးရမှာပါ။

ဘယ်လိုအရာလေးတွေ လေ့ကျင့်ပေးလိုက်ရမလဲဆိုတော့ ကြယ်သီးတပ်တာတွေ၊ ဖိနပ် ညီညီညာညာချွတ်တာတွေ၊ ထမင်းချိုင့်နေရာတကျ ထားတာတွေ၊ မူကြိုမှာ ဆော့စရာတွေ ဘယ်လို ပြန်သိမ်းရမယ်ဆိုတာ လေ့ကျင့်ပေးလိုက်ပါနော်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: kalay

Pre-school Read 1217 times