Sales Hotline : 09448001653       Download App



သင်ရိုးဟောင်းသင်္ချာထက်သင်ရိုးသစ်ကို ကလေးများပိုပိုနှစ်သက်ကြောင်းသိရ

သင်ရိုးဟောင်းသင်္ချာထက်သင်ရိုးသစ်ကို ကလေးများပိုပိုနှစ်သက်ကြောင်းသိရ

**Unicode**

အခြေခံပညာဒုတိယ တန်း (Grade - 2) ကျောင်းသား၊  ကျောင်းသူများသည် ယခင်အသုံး ပြုသောသင်ရိုးဟောင်း သင်္ချာ  ဖတ်စာအုပ်ထက် လက်ရှိသုံးနေသော သင်ရိုးသစ်သင်္ချာဖတ်စာအုပ်ကို ပိုမိုနှစ်သက်သည်ဟုပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောပါသည်။

အခြေခံပညာမူလတန်းသင် ရိုးသစ်များရေးဆွဲရေး ပညာရေးဝန်ကြီးဌာနကို ပံ့ပိုးပေးနေသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ - JICA (CREATE) အဖွဲ့၏ စစ်တမ်းကို ကိုးကားကာပြည်ထောင် စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်ပါသည်။

ထိုစစ်တမ်းအရ သင်္ချာဖတ် စာအုပ်အသစ်ကို စာသင်ချိန်တွင် အသုံးမပြုသည့် ကျောင်းသား၊  ကျောင်းသူ (၃) ရာခိုင်နှုန်းရှိ၍ သင်္ချာဖတ်စာအုပ်အဟောင်းကို စာသင်ချိန်၌ အသုံးမပြုသည့် ကျောင်းသား/သူ (၈) ရာခိုင်နှုန်းရှိသဖြင့် ကျောင်းသား/သူများသည် ဖတ်စာအုပ်အသစ်ကို ပိုမိုအသုံးပြုလာသည်ဟု ၎င်းကဆိုပါသည်။

‘‘Grade - 2  ကျောင်းသုံး ဖတ်စာအုပ်တွေကို လေ့လာဆန်းစစ်ရာမှာ ကျောင်းသား/သူတွေဟာ သင်္ချာကျောင်းသုံး ဖတ်စာအုပ်အဟောင်းထက်အသစ်ကို ပိုနှစ်သက်ပါတယ်။သင်္ချာ  ဖတ်စာအုပ်အသစ်နဲ့ သင်ကြားသင်ယူပြီးမေးခွန်းစစ်မေးရာမှာ ရမှတ်ပိုကောင်းမွန်ပြီးတော့ စဉ်းစားတွေးခေါ်မှုကို အားပေးတဲ့မေး ခွန်းတွေကို ပိုမိုဖြေဆိုနိုင်ပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောပါသည်။

Grade - 2 သင်ရိုးသစ် သင်္ချာဖတ်စာအုပ်ကို ကြိုက်သည့် ကျောင်းသား/သူသည် သင်ရိုးဟောင်းသင်္ချာဖတ်စာအုပ်ကို ကြိုက်သည့် ကျောင်းသား/သူထက်စဉ်းစားတွေး ခေါ်မှုဦးစားပေးမေးခွန်းများဖြေ ရာတွင်ရမှတ်ပိုများသည်ဟု ထိုစစ်တမ်း၌ ဖော်ပြပါသည်။

သင်ရိုးသစ်ဖတ်စာအုပ်များ အနက် ကျောင်းသား/သူများကြိုက်နှစ်သက်မှု အရှိဆုံး ဖတ်စာအုပ်များကို ရာခိုင်နှုန်းဖြင့်  တွက်ချက်ရာ မြန်မာစာ ၂၅ ဒသမ ၉ ရာခိုင်နှုန်း၊ ပန်းချီ ၂၅ ဒသမ ၈ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာ  ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ ကာယ ပညာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ သင်္ချာ ၈ ဒသမ ၀ ရာခိုင်နှုန်းရှိ သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုပါသည်။

Read More: လျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးခြင်း

ပညာရေးဝန်ကြီးဌာနက အ ခြေခံပညာရေးကို ယခင်သူငယ် တန်း + ၁၀ တန်းစနစ် ကျင့်သုံး ရာမှ ၂၀၁၆ - ၁၇ ပညာသင် နှစ်ကစကာ သူငယ်တန်း + ၁၂ တန်းစနစ်သစ်ကို စတင်ပြောင်း လဲခဲ့သည်။ စနစ်သစ်အရ ၂၀၁၆ - ၁၇ ပညာသင်နှစ်က စတင်ကာ သူငယ်တန်း၊ ၂၀၁၇ - ၁၈ ပညာ သင်နှစ်၌ ပထမတန်း၊ ၂၀၁၈ - ၁၉ ပညာသင်နှစ်၌ ဒုတိယတန်းတွင် ကျောင်းသား/သူ များအား သင်ရိုးညွှန်းတမ်းအ သစ်ဖြင့် စတင်သင်ကြားခဲ့သည်။ ယခု ၂၀၁၉ - ၂၀ ပညာသင်နှစ် တွင် Grade - 3 နှင့် Grade 6 အတန်းနှစ်တန်းကို သင်ရိုးပြောင်း လဲထားသည်။ ၂၀၂၀ - ၂၁  ပညာသင်နှစ်တွင် Grade - 4၊ Grade - 7 နှင့် Grade - 10၊ ၂၀၂၁ - ၂၂ ပညာသင်နှစ်တွင် Grade - 5၊ Grade - 8 နှင့် Grade - 11၊ ၂၀၂၂ - ၂၃ ပညာ သင်နှစ်တွင် Grade -9 နှင့် Grade 12 တို့ကို စနစ်သစ်သင် ရိုးညွှန်းတမ်းများဖြင့် သင်ကြား မည်ဟု သတ်မှတ်ထားပါသည်။

Source: 7Day Daily

 

 

**Zawgyi**

အေျခခံပညာဒုတိယ တန္း (Grade - 2) ေက်ာင္းသား၊  ေက်ာင္းသူမ်ားသည္ ယခင္အသံုး ျပဳေသာသင္႐ိုးေဟာင္း သခ်ၤာ  ဖတ္စာအုပ္ထက္ လက္ရွိသံုးေနေသာ သင္႐ိုးသစ္သခ်ၤာဖတ္စာအုပ္ကို ပိုမိုႏွစ္သက္သည္ဟုပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါသည္။

 

အေျခခံပညာမူလတန္းသင္ ႐ိုးသစ္မ်ားေရးဆြဲေရး ပညာေရး၀န္ႀကီးဌာနကို ပံ့ပိုးေပးေနေသာ ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ - JICA (CREATE) အဖြဲ႕၏ စစ္တမ္းကို ကုိးကားကာျပည္ေထာင္ စု၀န္ႀကီးက ထိုသို႔ေျပာၾကားျခင္း ျဖစ္ပါသည္။

 

ထုိစစ္တမ္းအရ သခ်ၤာဖတ္ စာအုပ္အသစ္ကို စာသင္ခ်ိန္တြင္ အသံုးမျပဳသည့္ ေက်ာင္းသား၊  ေက်ာင္းသူ () ရာခိုင္ႏႈန္းရွိ၍ သခ်ၤာဖတ္စာအုပ္အေဟာင္းကို စာသင္ခ်ိန္၌ အသံုးမျပဳသည့္ ေက်ာင္းသား/သူ () ရာခိုင္ႏႈန္းရွိသျဖင့္ ေက်ာင္းသား/သူမ်ားသည္ ဖတ္စာအုပ္အသစ္ကို ပိုမိုအသံုးျပဳလာသည္ဟု ၎ကဆိုပါသည္။

 

‘‘Grade - 2  ေက်ာင္းသံုး ဖတ္စာအုပ္ေတြကို ေလ့လာဆန္းစစ္ရာမွာ ေက်ာင္းသား/သူေတြဟာ သခ်ၤာေက်ာင္းသံုး ဖတ္စာအုပ္အေဟာင္းထက္အသစ္ကို ပိုႏွစ္သက္ပါတယ္။သခ်ၤာ  ဖတ္စာအုပ္အသစ္နဲ႔ သင္ၾကားသင္ယူၿပီးေမးခြန္းစစ္ေမးရာမွာ ရမွတ္ပိုေကာင္းမြန္ၿပီးေတာ့ စဥ္းစားေတြးေခၚမႈကို အားေပးတဲ့ေမး ခြန္းေတြကို ပိုမိုေျဖဆိုႏုိင္ပါတယ္’’ ဟု ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါသည္။

 

Grade - 2 သင္႐ိုးသစ္ သခ်ၤာဖတ္စာအုပ္ကို ႀကိဳက္သည့္ ေက်ာင္းသား/သူသည္ သင္႐ိုးေဟာင္းသခ်ၤာဖတ္စာအုပ္ကို ႀကိဳက္သည့္ ေက်ာင္းသား/သူထက္စဥ္းစားေတြး ေခၚမႈဦးစားေပးေမးခြန္းမ်ားေျဖ ရာတြင္ရမွတ္ပိုမ်ားသည္ဟု ထိုစစ္တမ္း၌ ေဖာ္ျပပါသည္။

 

သင္႐ိုးသစ္ဖတ္စာအုပ္မ်ား အနက္ ေက်ာင္းသား/သူမ်ားႀကိဳက္ႏွစ္သက္မႈ အရွိဆံုး ဖတ္စာအုပ္မ်ားကို ရာခိုင္ႏႈန္းျဖင့္  တြက္ခ်က္ရာ ျမန္မာစာ ၂၅ ဒသမ ၉ ရာခိုင္ႏႈန္း၊ ပန္းခ်ီ ၂၅ ဒသမ ၈ ရာခိုင္ႏႈန္း၊ အဂၤလိပ္စာ  ၁၆ ဒသမ ၉ ရာခိုင္ႏႈန္း၊ ကာယ ပညာ ၈ ဒသမ ၁ ရာခိုင္ႏႈန္း၊ သခ်ၤာ ၈ ဒသမ ၀ ရာခိုင္ႏႈန္းရွိ သည္ဟု ျပည္ေထာင္စု၀န္ႀကီးက ဆိုပါသည္။

 

Read More: ေလ်ွာက္လႊာမ်ား အခ်ိန္မီျပန္လည္တင္သြင္းရန္ အသိေပးျခင္း

 

ပညာေရး၀န္ႀကီးဌာနက အ ေျခခံပညာေရးကို ယခင္သူငယ္ တန္း + ၁၀ တန္းစနစ္ က်င့္သံုး ရာမွ ၂၀၁၆ - ၁၇ ပညာသင္ ႏွစ္ကစကာ သူငယ္တန္း + ၁၂ တန္းစနစ္သစ္ကို စတင္ေျပာင္း လဲခဲ့သည္။ စနစ္သစ္အရ ၂၀၁၆ - ၁၇ ပညာသင္ႏွစ္က စတင္ကာ သူငယ္တန္း၊ ၂၀၁၇ - ၁၈ ပညာ သင္ႏွစ္၌ ပထမတန္း၊ ၂၀၁၈ - ၁၉ ပညာသင္ႏွစ္၌ ဒုတိယတန္းတြင္ ေက်ာင္းသား/သူ မ်ားအား သင္​႐ိုးၫႊန္းတမ္းအ သစ္ျဖင့္ စတင္သင္ၾကားခဲ့သည္။ ယခု ၂၀၁၉ - ၂၀ ပညာသင္ႏွစ္ တြင္ Grade - 3 ႏွင့္ Grade 6 အတန္းႏွစ္တန္းကို သင္႐ိုးေျပာင္း လဲထားသည္။ ၂၀၂၀ - ၂၁  ပညာသင္ႏွစ္တြင္ Grade - 4Grade - 7 ႏွင့္ Grade - 10၊ ၂၀၂၁ - ၂၂ ပညာသင္ႏွစ္တြင္ Grade - 5Grade - 8 ႏွင့္ Grade - 11၊ ၂၀၂၂ - ၂၃ ပညာ သင္ႏွစ္တြင္ Grade -9 ႏွင့္ Grade 12 တို႔ကို စနစ္သစ္သင္ ႐ိုးၫႊန္းတမ္းမ်ားျဖင့္ သင္ၾကား မည္ဟု သတ္မွတ္ထားပါသည္။

 

Source: 7Day Daily

 

Tips Read 2603 times