Sales Hotline : 09448001653       Download App



စာသင်ချိန် တစ်ချိန်ပြီးတိုင်း Mask ငါးမိနစ်ခန့် ဖြုတ်ရန် ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြား

ကျန်းမာရေးနှင့် ညီညွှတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ရက် တွင် စတင်ဖွင့်လှစ်ပါမည်။

COVID-19  ရောဂါကာကွယ်တာဆီးရေးအတွက် ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ရဲ့ လမ်းညွှန်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID-19  ရောဂါကာကွယ်တာဆီးရေးအတွက် လိုက်နာဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးရုံးမှ အောက်ပါအချက်များကို ထုတ်ပြန်ကြေညာထားပါသည်-

(၁) မူ/လယ်/ထက် ဆရာဦးရေ စုစုပေါင်း မူ/လယ်/ထက် ကျောင်းသားဦးရေ စုစုပေါင်း၊ စာသင်ခန်း စုစုပေါင်းနှင့်စာသင်ခုံ စုစုပေါင်းတို့ အခြေအနေအပေါ်မူတည်ပြီး ပုံမှန် တစ်ပတ်ခြား၊ တစ်ပတ်ခြားနှစ်သုတ်တက်၊ တစ်ပတ်ခြား နှစ်သုတ် (၃)ရက်တက်စသည့် ကျောင်းတက်ချိန်များ သတ်မှတ်ထားသည့် အတိုင်း စီစဉ်ဆောင်ရွက်ရန်နှင့် ကျောင်းတက်ချိန်/ကျောင်းဆင်းချိန်တစ်ချိန်ခွာပြီး စီစဉ်ဆောင်ရွက်ရန်၊

(၂) စာသင်ချိန် တစ်ချိန်ပြီးတိုင်း တပ်ဆင်ထားသော Mask ကို (၅) မိနစ်ခန့် ခေတ္တဖြုတ်၍ အသက်ရှူချိန် လေ့ကျင့်ပေးရန်၊

(၃) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွင်း ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများ အစိုးရအခြေခံပညာကျောင်းသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြောင်းရွှေ့လိုပါက Catchment Area အလိုက် လက်ခံဆောင်ရွက်ပေးရန်၊

ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေမှူးရုံးများ၊ မြို့နယ်ညာရေးမှူးရုံးများနှင့် အခြေခံပညာကျောင်းများအားလုံးသို့လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အထက်ဖော်ပြပါ အချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

Government School International/Private News Read 1128 times