Sales Hotline : 09448001653       Download App



မေဂျာပြောင်း၊ တက္ကသိုလ်ပြောင်း အစရှိသဖြင့် အပြောင်းအရွှေ့အမျိုးမျိုးအတွက် ဘာတွေလိုအပ်သလဲ

**Unicode**

မိမိရဲ့ အထူးပြုဘာသာပြောင်းလဲခြင်း၊ တက္ကသိုလ်ပြောင်းလဲခြင်း၊ နေ့သင်တန်းမှ အဝေးသင်ပြောင်းလဲခြင်း၊ အဝေးသင်မှ နေ့သင်တန်းပြောင်းလဲခြင်း ပြုလုပ်လိုသူကျောင်းသား/သူများ သိရှိစေရန် အသိပေးအကြံပြုအပ်ပါတယ်။

**မေဂျာပြောင်းလဲခြင်း**
မိမိတို့ တက္ကသိုလ်မှာ ဝင်ခွင့်ရရှိပြီးသားဖြစ်သော ကျောင်းသား/သူ များအနေဖြင့် အခုရရှိထားသော အထူးပြုဘာသာအား ပြောင်းလဲလိုပါက ရမှတ်၊ မိမိပြောင်းလိုသော ဌာန၏ ဝင်ခွင့်လူစာရင်းအပေါ်မူတည်ပြီး အောက်ပါအတိုင်းပြောင်းလဲနိုင်ပါတယ်။
- ကျောင်းဖောင်တင်ရန် မိမိရရှိထားသော မေဂျာဖြင့် ကျောင်းအပ်ဖောင်တင်ရမည်ဖြစ်ပါတယ်။ ကျောင်းအပ်ဖောင်ထုတ်ယူပါက မေဂျာပြောင်းလျှောက်မည်ဖြစ်ကြောင်းကို ပြောကြားပြီးဖောင်ကိုထုတ်ပါ။၎င်းနောက် ရရှိထားသော မေဂျာဖြင့် ပထမဦးစွာကျောင်းအပ်လိုက်ပါ။
- ကျောင်းအပ်နှံခြင်းပြီးစီးပါက နောက်ဆက်တွဲဝင်ခွင့်များထွက်လာသော အချိန်မှ ထိုဝင်ခွင့်များအတွင်း မိမိပြောင်းလလျှောက်ထားသော မေဂျာ၏ စာရင်းထဲတွင် ကျောင်းသား/သူ၏ အမည်ပါလာလိမ့်မည် ဖြစ်ပါတယ်။
- ၎င်းနောက် ကျောင်းသား/သူ ပြောင်းထားသော မေဂျာဖြင့် ကျောင်းကိုပြန်အပ်ရပါမယ်။ (ထိုအချိန်တွင် ငွေစာရင်းသည် ပထမကျောင်းအပ်စဉ်က ပေးသွင်းခဲ့ပြီးဖြစ်၍ ထပ်မံ၍ မေဂျာပြောင်းကို အပ်နှံပါက နဂိုမူလအတိုင်း ပေးသွင်းရမည်မဟုတ်တော့ပါ။)

**တက္ကသိုလ်ပြောင်းခြင်း**
မိမိတက်ရောက်ရမည့် တက္ကသိုလ်ဝင်ခွင့်ရရှိပြီးသော ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာတက္ကသိုလ်ကို တက်ရောက်ရန် ဆန္ဒမရှိ၍ ကျောင်းပြောင်းလဲလိုပါက ကျောင်းသား/သူ၏ ရမှတ်၊ ရွှေ့ပြောင်းလိုသော တက္ကသိုလ်၏ ဝင်ခွင့်လူစာရင်းအပေါ်မူတည်၍ အောက်ပါအတိုင်းပြောင်းလဲနိုင်ပါတယ်။
- ကျောင်းအပ်ချိန်တွင် နဂိုဝင်ခွင့်ရရှိထားသော တက္ကသိုလ်တွင် ကျောင်းအပ်ဖောင်တင်ရပါမယ်။ ကျောင်းအပ်ဖောင်ထုတ်ယူပါက ကျောင်းပြောင်းလျှောက်မည်ဖြစ်ကြောင်း ပြောပြီးထုတ်ယူပါ။
- ကျောင်းအပ်ခြင်းပြီးစီးပါက မိမိပြောင်းလဲလျှောက်ထားသော တက္ကသိုလ် နောက်ဆက်တွဲ ဝင်ခွင့်ထွက်လာရာတွင် ကျောင်းသား/သူ အမည်ပါလာလိမ့်မည်ဖြစ်ပါတယ်။
- ၎င်းနောက်ကျောင်းသား/သူ ပြောင်းထားသော ကျောင်းတွင် ကျောင်းပြန်အပ်ပေးရမည်ဖြစ်ပါတယ်။

** နေ့သင်တန်းမှ အဝေးသင်ပြောင်းခြင်း**
နေ့သင်တန်း (Day) အဖြစ်ဝင်ခွင့်တွင်ပါလာသော်လည်း အဝေးသင်သာတက်ရောက်လိုသောကျောင်းသား/သူများအနေဖြင့် ကျောင်းအပ်နှံချိန်တွင် ကျောင်းအပ်နှံခြင်းအား (လုံးဝ) ဆောင်ရွက်ရန်မလိုအပ်ပါ။(နေ့သင်တန်းတွင် ကျောင်းအပ်မိပါက အဝေးသင်ကျောင်းအပ်သည့်အခါ ငွေထပ်မံပေးသွင်းရမည်ဖြစ်ပါသောကြောင့် နှစ်ခါကုန်သည့်သဘောဖြစ်နေပေလိမ့်မည်။)
- နေ့သင်တန်းများ ကျောင်းအပ်ချိန်တွင် ကျောင်းသားရေးရာဌာနတွင် နေ့သင်တန်းမှ အဝေးသင်ပြောင်းလဲဖောင်ကိုဖြည့်သွင်းပါ အဝေးသင်ဌာနဝင်ခွင့်တွင် ကျောင်းသား/သူ၏ အမည်ပါလာပါလိမ့်မယ်။ ဒါဆိုရင် အဝေးသင်ကိုစတင်အပ်နှံနိုင်မည်ဖြစ်ပါတယ်။

Read More:>>> (Biology) Sets (1) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်ရန်

ကျောင်းနှင့်ပတ်သက်သော ဘယ်လိုကိစ္စကိုမဆို ကိုယ်တိုင်စုံစမ်းမေးမြန်းလုပ်ဆောင်ပါ။ မရှင်းလင်းတာများရှိပါက ကိုယ်တိုင်သွားရောက်စုံစမ်းပါ။ လိုအပ်ချက်များကို ပြည့်စုံစွာယူဆောင်သွားပါ။ အဆင်ပြေပါလိမ့်မယ်။

(www.edge.com.mm)

**Zawgyi**

မိမိရဲ႕ အထူးျပဳဘာသာေျပာင္းလဲျခင္း၊ တကၠသိုလ္ေျပာင္းလဲျခင္း၊ ေန႔သင္တန္းမွ အေဝးသင္ေျပာင္းလဲျခင္း၊ အေဝးသင္မွ ေန႔သင္တန္းေျပာင္းလဲျခင္း ျပဳလုပ္လိုသူေက်ာင္းသား/သူမ်ား သိရွိေစရန္ အသိေပးအႀကံျပဳအပ္ပါတယ္။

**ေမဂ်ာေျပာင္းလဲျခင္း**
မိမိတို႔ တကၠသိုလ္မွာ ဝင္ခြင့္ရရွိၿပီးသားျဖစ္ေသာ ေက်ာင္းသား/သူ မ်ားအေနျဖင့္ အခုရရွိထားေသာ အထူးျပဳဘာသာအား ေျပာင္းလဲလိုပါက ရမွတ္၊ မိမိေျပာင္းလိုေသာ ဌာန၏ ဝင္ခြင့္လူစာရင္းအေပၚမူတည္ၿပီး ေအာက္ပါအတိုင္းေျပာင္းလဲႏိုင္ပါတယ္။
- ေက်ာင္းေဖာင္တင္ရန္ မိမိရရွိထားေသာ ေမဂ်ာျဖင့္ ေက်ာင္းအပ္ေဖာင္တင္ရမည္ျဖစ္ပါတယ္။ ေက်ာင္းအပ္ေဖာင္ထုတ္ယူပါက ေမဂ်ာေျပာင္းေလွ်ာက္မည္ျဖစ္ေၾကာင္းကို ေျပာၾကားၿပီးေဖာင္ကိုထုတ္ပါ။၎ေနာက္ ရရွိထားေသာ ေမဂ်ာျဖင့္ ပထမဦးစြာေက်ာင္းအပ္လိုက္ပါ။
- ေက်ာင္းအပ္ႏွံျခင္းၿပီးစီးပါက ေနာက္ဆက္တြဲဝင္ခြင့္မ်ားထြက္လာေသာ အခ်ိန္မွ ထိုဝင္ခြင့္မ်ားအတြင္း မိမိေျပာင္းလေလွ်ာက္ထားေသာ ေမဂ်ာ၏ စာရင္းထဲတြင္ ေက်ာင္းသား/သူ၏ အမည္ပါလာလိမ့္မည္ ျဖစ္ပါတယ္။
- ၎ေနာက္ ေက်ာင္းသား/သူ ေျပာင္းထားေသာ ေမဂ်ာျဖင့္ ေက်ာင္းကိုျပန္အပ္ရပါမယ္။ (ထိုအခ်ိန္တြင္ ေငြစာရင္းသည္ ပထမေက်ာင္းအပ္စဥ္က ေပးသြင္းခဲ့ၿပီးျဖစ္၍ ထပ္မံ၍ ေမဂ်ာေျပာင္းကို အပ္ႏွံပါက နဂိုမူလအတိုင္း ေပးသြင္းရမည္မဟုတ္ေတာ့ပါ။)

**တကၠသိုလ္ေျပာင္းျခင္း**
မိမိတက္ေရာက္ရမည့္ တကၠသိုလ္ဝင္ခြင့္ရရွိၿပီးေသာ ေက်ာင္းသား/သူမ်ားအေနျဖင့္ သက္ဆိုင္ရာတကၠသိုလ္ကို တက္ေရာက္ရန္ ဆႏၵမရွိ၍ ေက်ာင္းေျပာင္းလဲလိုပါက ေက်ာင္းသား/သူ၏ ရမွတ္၊ ေ႐ႊ႕ေျပာင္းလိုေသာ တကၠသိုလ္၏ ဝင္ခြင့္လူစာရင္းအေပၚမူတည္၍ ေအာက္ပါအတိုင္းေျပာင္းလဲႏိုင္ပါတယ္။
- ေက်ာင္းအပ္ခ်ိန္တြင္ နဂိုဝင္ခြင့္ရရွိထားေသာ တကၠသိုလ္တြင္ ေက်ာင္းအပ္ေဖာင္တင္ရပါမယ္။ ေက်ာင္းအပ္ေဖာင္ထုတ္ယူပါက ေက်ာင္းေျပာင္းေလွ်ာက္မည္ျဖစ္ေၾကာင္း ေျပာၿပီးထုတ္ယူပါ။
- ေက်ာင္းအပ္ျခင္းၿပီးစီးပါက မိမိေျပာင္းလဲေလွ်ာက္ထားေသာ တကၠသိုလ္ ေနာက္ဆက္တြဲ ဝင္ခြင့္ထြက္လာရာတြင္ ေက်ာင္းသား/သူ အမည္ပါလာလိမ့္မည္ျဖစ္ပါတယ္။
- ၎ေနာက္ေက်ာင္းသား/သူ ေျပာင္းထားေသာ ေက်ာင္းတြင္ ေက်ာင္းျပန္အပ္ေပးရမည္ျဖစ္ပါတယ္။

** ေန႔သင္တန္းမွ အေဝးသင္ေျပာင္းျခင္း**
ေန႔သင္တန္း (Day) အျဖစ္ဝင္ခြင့္တြင္ပါလာေသာ္လည္း အေဝးသင္သာတက္ေရာက္လိုေသာေက်ာင္းသား/သူမ်ားအေနျဖင့္ ေက်ာင္းအပ္ႏွံခ်ိန္တြင္ ေက်ာင္းအပ္ႏွံျခင္းအား (လုံးဝ) ေဆာင္႐ြက္ရန္မလိုအပ္ပါ။(ေန႔သင္တန္းတြင္ ေက်ာင္းအပ္မိပါက အေဝးသင္ေက်ာင္းအပ္သည့္အခါ ေငြထပ္မံေပးသြင္းရမည္ျဖစ္ပါေသာေၾကာင့္ ႏွစ္ခါကုန္သည့္သေဘာျဖစ္ေနေပလိမ့္မည္။)
- ေန႔သင္တန္းမ်ား ေက်ာင္းအပ္ခ်ိန္တြင္ ေက်ာင္းသားေရးရာဌာနတြင္ ေန႔သင္တန္းမွ အေဝးသင္ေျပာင္းလဲေဖာင္ကိုျဖည့္သြင္းပါ အေဝးသင္ဌာနဝင္ခြင့္တြင္ ေက်ာင္းသား/သူ၏ အမည္ပါလာပါလိမ့္မယ္။ ဒါဆိုရင္ အေဝးသင္ကိုစတင္အပ္ႏွံႏိုင္မည္ျဖစ္ပါတယ္။

Read More:>>>> (Biology) Sets (1) တကၠသုိလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္

ေက်ာင္းႏွင့္ပတ္သက္ေသာ ဘယ္လိုကိစၥကိုမဆို ကိုယ္တိုင္စုံစမ္းေမးျမန္းလုပ္ေဆာင္ပါ။ မရွင္းလင္းတာမ်ားရွိပါက ကိုယ္တိုင္သြားေရာက္စုံစမ္းပါ။ လိုအပ္ခ်က္မ်ားကို ျပည့္စုံစြာယူေဆာင္သြားပါ။ အဆင္ေျပပါလိမ့္မယ္။

(www.edge.com.mm)

Latest Post News Tips Read 8697 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176