Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားနေသူများကို နေ့စားလပေး ဆရာ/ဆရာမ (Teaching Assistant) များအဖြစ် ခန့်ထားမည်ဖြစ်ကြောင်း

အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားနေသူများကို နေ့စားလပေး ဆရာ/ဆရာမ (Teaching Assistant) များအဖြစ် ခန့်ထားမည်ဖြစ်ကြောင်း

စကားသင်ကြားနေသည့် တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများကို နေ့စားလပေး ဆရာ/ဆရာမ (Teaching Assistant) များအဖြစ် ခန့်ထားမည်ဟု သိရပါတယ်။

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းချက်အရ တိုင်းရင်းသား စာပေဘာသာစကား သင်ကြားပေးနေသော တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများ (ထောက်ပံ့ကြေး တစ်လကျပ် ၃၀,၀၀၀/- ရရှိနေသူ)ကို နေ့စားလပေး ဆရာ၊ ဆရာမ (Teaching Assistant) အဖြစ် ခန့်ထားနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

 

လက်ရှိတာဝန်ထမ်းဆောင်နေသည့် တိုင်းရင်းသားစာပေဘာသာစကားသင်ကြားပေးနေသော ဆရာ၊ ဆရာမများ အနေဖြင့် ကျန်းမာရေးကောင်းမွန်ကာ သတ်မှတ်ထားသည့် ကျောင်းစာသင်ချိန်စည်းကမ်းများ အတိုင်း လိုက်နာသင်ကြားနိုင်သူဖြစ်ပြီး ဆက်လက်တာဝန်ထမ်းဆောင်လိုပါက ဆန္ဒပြုလွှာနှင့် ထောက်ခံချက် များကို ပညာရေးမှူးရုံးများမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကို အောက်တို ဘာလ ၂၀ ရက်မတိုင်မီ လျှောက် ထားရမည်ဖြစ်ကြောင်း သိရပါတယ်။

 

လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းအထောက်အထားမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အလုပ်သမား မှတ်ပုံတင် ကတ်ပြားမိတ္တူ၊ တစ်လအတွင်း ရယူထားသော ရဲစခန်းထောက်ခံစာ၊ မြို့နယ် (သို့) ရပ်ကွက် (သို့) ကျေးရွာ ကျန်းမာရေးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း၊ ပတ်စ်ပို့ဓာတ်ပုံသုံးပုံတို့ကို ပူးတွဲလျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပြုလွှာများကို Ministry of Ethnic Affairs Myanmar စာမျက်နှာတွင် ကြည့်ရှုနိုင်ပြီး အသေးစိတ် အချက်အလက်များကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၉၃၁၁၊ ၀၆၇-၃၄၀၉၃၁၅၊ ၀၆၇-၃၄၀၉၃၁၆၊ ၀၆၇-၃၄၀၉၃၁၇ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။

 

Source: Internet Journal

News Read 3661 times