Sales Hotline : 09448001653    



Launch အွန်လိုင်းသင်ကြားမှု

 

အမေရိကန် နိုင်ငံရှိ ဂျက်ဖာဆန်ဒေသရှိ မိဘများအနေဖြင့် Covid- 19 ကပ်ရောဂါကူးစက်မှုများကြားတွင် ၎င်းတို့ကလေးများကို ပညာရေးတွင် အဆက်မပြတ်စေရန် Launch အွန်လိုင်းသင်ကြားမှုကို ရွေးချယ်ခဲ့ပြီးနောက် ကျောင်းသားများ အများအပြား တက်ရောက်ရန် စီစဉ်ခဲ့ကြသောကြောင့် Launch မှ သင်ခန်းစာများ၊ ဆရာများနေရာချထားပေးမှုများကို အချိန်မီပြင်ဆင်ခဲ့ရပါသည်။

ဂျက်ဖာဆန်စီးတီးရှိကျောင်းများတွင် ကျောင်းသား ၁၈ ရာခိုင်နှုန်း ခန့် အသုံးပြုလျက်ရှိသော အွန်လိုင်းသင်ကြားရေး အစီအစဉ်တစ်ခုဖြစ်သည့် Launch တွင် ပြီးခဲ့သည့်နှစ် နှင့် စာလျှင် ကျောင်းအပ်နှံ့မှုများမှာ ၁၀၀,၀၀၀ ခန့် အထိ ပိုမိုများပြားလာခဲ့သည်။

Launch သည် Missouri တွင်ရှိသော ကျောင်းပေါင်း ၃၃၀ အတွက် ဝန်ဆောင်မှုပေးထားပြီး ကျောင်း တစ်ကျောင်း တွင် ကနေဦးသတ်မှတ်ထားသော ကျောင်းအပ်သူ ဦးရေထက် ပိုမိုများပြားလာသည် ဟု လန့်ချ်မှ ဒါရိုက်တာ ဖြစ်သူ Nichole Lemmon က ပြောကြားထားသည်။

Launch ကို Springfield ပြည်သူပိုင်ကျောင်းများနှင့် ပြည်နယ်ခရိုင်ရှိကျောင်းများ ပူးပေါင်းကာ ကျောင်းသားများ အတွက် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။

သင်ခန်းစာများကို မစ်ဆူရီသင်ယူမှုစံနှုန်းများနှင့်ကိုက်ညီစေကာ Springfield ပြည်သူပိုင်ကျောင်းများသင်ရိုးညွှန်းတမ်းအထူးကျွမ်းကျင်သူများ၊ ဆရာများနှင့်ဒီဂျစ်တယ်ပိုင်းဆိုင်ရာ တီထွင်သူများက ရေးဆွဲထားခြင်းဖြစ်ပါသည်။

Launch မှ ဆရာများ အားလုံးသည် မစ်ဆူရီတွင် အသိအမှတ်ပြုထားသော ဆရာများဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်ကယခုအချိန်တွင် Launch တွင် ကျောင်းအပ်နှံသူ နှစ်သောင်း ခန့်ရှိပြီး ယခုနှစ်တွင် တစ်သိန်းနှစ်သောင်း ကျော်ရှိနေပြီ ဖြစ်သည်။

ဂျက်ဖာဆန်စီးတီးတွင် ရှိသော ကျောင်းများမှ ကျောင်းသားများ၏ အွန်လိုင်း တွင်သင်ယူသူများသည် မစ်ဆူရီခရိုင်တစ်ခုလုံးတွင်ရှိသော ကျောင်းသားများထက် ၇၅ ရာခိုင်နှုန်း ပိုများနေသည်ဟု ခရိုင် ၏ ကျောင်းသားများ၏ သတင်းအချက်အလက်များစီမံကိန်းနှင့် အကဲဖြတ်ညွှန်ကြားရေးမှူး Dawn Berhorst မှ ဆိုထားသည်။

Launch တွင်စာရင်းသွင်းထားသည့် ကျောင်းသားများနှင့်မိသားစုများသည် ပထမပတ်အနည်းငယ်အတွင်းမှာတော့ အခက်အခဲအနည်းငယ် ကြုံတွေ့ခဲ့ရသည်။

ကျောင်းသားအများစုမှာ ဆရာများ သို့မဟုတ်အတန်းများခွဲဝေချထားပေးမှု မရှိခြင်း၊ မူလတန်းကျောင်းသားများမှာ သင်ယူရန် စာအုပ်များ မရရှိသေးခြင်း၊ လော့အင်ဝင်ရန်အတွက် အချက်အလက်များ နောက်ကျမှရရှိခြင်း၊ အချို့ ခရုမ်းဘုတ်များမှာ အလုပ်မလုပ်ခြင်း နှင့် သုံးစွဲသူနှင့် နည်းပညာပံ့ပိုးမှု စနစ်များမှာ အချိန်အကြာကြီးစောင့်ရခြင်း အစရှိသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုကြောင့် JC ကျောင်းများသည် သီးခြားကျောင်းအပ်နှံရေးလုပ်ငန်းစဉ်ကိုလျင်မြန်စွာဖွံ့ဖြိုးရန်နှင့်ကျောင်းသား၏အချိန်ဇယားများအားပြန်လည်ပြင်ဆင်ရန်လိုအပ်သည်ဟု Dawn Berhorst မှ ပြောကြားခဲ့သည်။

ထို့အပြင် ခရိုင်မှ တာဝန်ရှိသူများကလည်း မိဘနှင့် ကျောင်းသားများ ပိုမို အဆင်ပြေစေရန် အတွက် သီးသန့်ဖုန်းလိုင်း၊ အီးမေးလ်လိပ်စာ အပါအဝင် ဆက်သွယ်ရေး ချန်နယ် တစ်ခုကိုပါ စီစဉ်ပေးထားသည်။

ဂျက်ဖာဆန် စီးတီးရှိ ကျောင်းများသည် တစ်ကျောင်းနှင့် တစ်ကျောင်း ရှိ Launch တ္ငင် ကျောင်းသားများ မည်သည့်အရာများသင်နေပြီး မည်သည့်ပြဿနာများ ရှိနေသည်ကို စောင့်ကြည့် နေကြပြီး တိုးတက်မှု မရှိသော ကျောင်းသားများကို ဆက်သွယ်ကာ အသိပေး အကြောင်းကြားမှူများ ပြုလုပ်‌ပေးပါသည်။

ဝန်ထမ်းများသည်လည်း Launch နှင့် မဆက်သွယ်ရသေးသည့် မိဘများထံ ယခုအစီအစဉ်များ ရောက်ရန် ကြိုးပမ်းနေကြသည်။

Launch ဖက်မှလည်း ပထမအပတ်အတွင်း အဆင်မပြေမှုများအတွက် တောင်းပန်သည့် စာတစ်စောင်ကို မိဘများထံသို့ ပို့ပေးခဲ့သည်။

ထိုစာထဲတွင် မမျှော်လင့် လောက်အောင် ကျောင်း အပ်နှံသူများသောကြောင့် အလျင်မမှီမှုများဖြစ်ပေါ်ခဲ့ရခြင်းကို တောင်းပန်ကြောင်းနှင့် ထိုသို့ ဖြစ်ပေါ်ခြင်းကို နားလည်‌‌‌ပေးရန် နှင့် ၎င်းတို့အနေဖြင့် ကလေးများကို အကူအညီပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြကြောင်း ‌ရေးသားဖော်ပြထားသည်။

Launch ကနောက်ထပ်ဆရာပေါင်း ၄၀၀ ကျော်ကိုငှားရမ်းခဲ့သည်ဟု Lemmon ကပြောကြားခဲ့သည်။

ဆရာများအမြန်ငှားရမ်းရသည့်အကြောင်းရင်းတစ်ခုမှာအစိုးရအုပ်ချုပ်ရေးမှူး Mike Parson သည်အငြိမ်းစားပညာတတ်များအတွက်နာရီ ၅၅၀ အလုပ်ချိန်ကန့်သတ်ချက်အားခေတ္တရပ်ဆိုင်းထားရန် DESE ၏တောင်းဆိုချက်ကို အတည်ပြုခဲ့ပေးသောကြောင့်ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: News Tribune

Latest Post News Read 1089 times