နေ့စားလပေး ဆရာ/ဆရာမများကို တရားဝင် ဝန်ထမ်းခန့်ထားနိုင်ရေးစာရင်းကောက်ယူ

** Unicode **

နေ့စားလပေး ဆရာ/ဆရာမများကို တရားဝင်ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး စာရင်းများကောက်ယူလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

နေ့စားလပေး ဆရာ/ဆရာမများကို တရားဝင် ဝန်ထမ်းအဖြစ်ခန့်ထားနိုင်ရေးအတွက် လက်ရှိအချိန်တွင် စာရင်းများ ကောက်ယူလျက်ရှိပြီး ရရှိလာသည့် စာရင်းများကို ပညာရေးဝန်ကြီးဌာနသို့ တင်ပို့ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအခြေအနေတွင် နေ့စားလပေး ဆရာ/ဆရာမများကို အသစ်ထပ်မံခေါ်ယူခြင်း မရှိပါ။ ယခင်ကခန့်ထားသည့် နေ့စားလပေး လုပ်နေသည့် ဆရာ/ဆရာမများကိုသာ တရားဝင်အတည်ပြုခန့်ထားနိုင်ရန်အတွက် စီစဉ်နေပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ဘွဲ့ရ နေ့စားလပေးကျောင်း ဆရာ/ဆရာမများ ခေါ်ယူခန့်အပ်ခြင်းကို ရပ်နားထားခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် PPTTနှင့် B.Ed ကျောင်းဆင်းများကို မူလတန်းပြဆရာ/ဆရာမ (၁၄၁၉) ဦး ခန့်ထားခြင်းဖြစ်ကြောင်း၊ ထိုသင်တန်းနှစ်ခုမှ မဟာဘွဲ့ရထားသူများကို မူလတန်းပြ လုပ်သက် (၆) လပြည့်လျှင် တစ်ဆင့်ရာထူးတိုးပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

"အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ (၁၃) ရက် ထုတ်ပြန်မည်"

နေ့စားလပေး ဆရာ/ဆရာမများ ခေါ်ခြင်းကို (၂) နှစ် ရပ်ထားခဲ့ပါတယ်။ ယခင်က ခေါ်ထားသည့် ဆရာ/ဆရာမများကို အတည်ပြု ဝန်ထမ်းများအဖြစ် ခန့်ထားဖို့အတွက် ခရိုင်မြို့နယ်အလိုက် လက်ရှိစာရင်းကောက်နေပါတယ်။

Business Management (184) စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းများနှင့်ပတ်သက်ပြီး (၁၈၄) ခုရှာရန်  နှိပ်ပါ။

စာရင်းများကို အတည်ကျ သိရခြင်းမရှိသေးပါ။ နှုတ်ထွက်သွားခြင်း၊ လုပ်ငန်းပြောင်းသွားခြင်း၊ ဆယ်တန်းအောင်၍ PPTT တက်သည့်သူများလည်း ရှိပါတယ်။

 

** Zawgyi **

ေန႔စားလေပး ဆရာ/ဆရာမမ်ားကို တရားဝင္ဝန္ထမ္းအျဖစ္ ခန႔္ထားႏိုင္ေရး စာရင္းမ်ားေကာက္ယူလ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွတာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

ေန႔စားလေပး ဆရာ/ဆရာမမ်ားကို တရားဝင္ ဝန္ထမ္းအျဖစ္ခန႔္ထားႏိုင္ေရးအတြက္ လက္ရွိအခ်ိန္တြင္ စာရင္းမ်ား ေကာက္ယူလ်က္ရွိၿပီး ရရွိလာသည့္ စာရင္းမ်ားကို ပညာေရးဝန္ႀကီးဌာနသို႔ တင္ပို႔ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိအေျခအေနတြင္ ေန႔စားလေပး ဆရာ/ဆရာမမ်ားကို အသစ္ထပ္မံေခၚယူျခင္း မရွိပါ။ ယခင္ကခန႔္ထားသည့္ ေန႔စားလေပး လုပ္ေနသည့္ ဆရာ/ဆရာမမ်ားကိုသာ တရားဝင္အတည္ျပဳခန႔္ထားႏိုင္ရန္အတြက္ စီစဥ္ေနပါတယ္။

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္မွစ၍ ဘြဲ႕ရ ေန႔စားလေပးေက်ာင္း ဆရာ/ဆရာမမ်ား ေခၚယူခန႔္အပ္ျခင္းကို ရပ္နားထားခဲ့ပါတယ္။ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ PPTTႏွင့္ B.Ed ေက်ာင္းဆင္းမ်ားကို မူလတန္းျပဆရာ/ဆရာမ (၁၄၁၉) ဦး ခန႔္ထားျခင္းျဖစ္ေၾကာင္း၊ ထိုသင္တန္းႏွစ္ခုမွ မဟာဘြဲ႕ရထားသူမ်ားကို မူလတန္းျပ လုပ္သက္ (၆) လျပည့္လွ်င္ တစ္ဆင့္ရာထူးတိုးေပးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

"အေျခခံပညာအတန္းမ်ား ေအာင္စာရင္း ဇြန္လ (၁၃) ရက္ ထုတ္ျပန္မည္"

ေန႔စားလေပး ဆရာ/ဆရာမမ်ား ေခၚျခင္းကို (၂) ႏွစ္ ရပ္ထားခဲ့ပါတယ္။ ယခင္က ေခၚထားသည့္ ဆရာ/ဆရာမမ်ားကို အတည္ျပဳ ဝန္ထမ္းမ်ားအျဖစ္ ခန႔္ထားဖို႔အတြက္ ခ႐ိုင္ၿမိဳ႕နယ္အလိုက္ လက္ရွိစာရင္းေကာက္ေနပါတယ္။

Business Management (184) စီးပြားေရး စီမံခန႔္ခြဲမႈ သင္တန္းမ်ားႏွင့္ပတ္သက္ၿပီး (၁၈၄) ခုရွာရန္  ႏွိပ္ပါ။

စာရင္းမ်ားကို အတည္က် သိရျခင္းမရွိေသးပါ။ ႏႈတ္ထြက္သြားျခင္း၊ လုပ္ငန္းေျပာင္းသြားျခင္း၊ ဆယ္တန္းေအာင္၍ PPTT တက္သည့္သူမ်ားလည္း ရွိပါတယ္။

 

Latest Post News News Tips Tips Read 7443 times