Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ (၁၃) ရက် ထုတ်ပြန်မည်

** Unicode **

COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသည့် အခြေခံ ပညာအတန်းများ၏ အောင်စာရင်းကို ဇွန်လ (၁၃) ရက်တွင် ထုတ် ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း ပြောပါတယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် (၂၁) ရက်မှစဖွင့်ရန် မေလ (၂၅) ရက်က ပညာရေးဝန်ကြီးဌာနသို့ ညွှန် ကြားခဲ့ခြင်းဖြစ်ပြီး အထက်တန်း အဆင့် အတန်းနှစ်တန်းကိုစတင် ဖွင့်ရန်ညွှန်ကြားထားပါတယ်။

အထက်တန်းအဆင့်အတန်းများ ပြန်ဖွင့်သည့်အခြေအနေကို သုံးသပ်ကာ အခြားအတန်းများ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့်ဖွင့်လှစ်ပြီး နှစ်ပတ်အကြာ (သြဂုတ် ဒုတိယပတ်) တွင်အလယ်တန်းအဆင့် အတန်းများ ဖွင့်မည်ဟု ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

အလယ်တန်းအဆင့် အတန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ်အကြာ (သြဂုတ် တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်မည်ဟု ၎င်းကဆိုပါတယ်။

ကျောင်းပြန်မဖွင့်မီ သူငယ်တန်းမှ နဝမတန်းအထိ အတန်းများ၏ ယခင်ပညာသင်နှစ်က အောင်စာရင်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲအဖြေလွှာစစ် ဆေးခြင်းကို အချို့မြို့နယ်များတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမကျင်းပမီကတည်းက ပြုလုပ်ခဲ့ ပြီး အချို့မြို့နယ်များက တက္က သိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ ပြုလုပ်ခဲ့ပါတယ်။

COVID-19 ကြောင့် မတ်လ (၂၄)  ရက်မှစကာ တက္ကသိုလ်များ၊ ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး စာစစ် လုပ်ငန်းများကိုပါ ဆိုင်းငံ့ခဲ့ရပါတယ်။

Secondary (34) အလယ်တန်းကျောင်းများနှင့် ပတ်သက်ပြီး (၃၄) ခု ရှာရန်နှိပ်ပါ။

အဖြေလွှာ စစ်ဆေးသည့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရခြင်းကြောင့် အခြေခံပညာ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲ အောင်စာရင်းကို မူလသတ်မှတ်ထားသည့် ဧပြီ (၂၆) ရက်တွင် မထုတ်ပြန်ဘဲ ရွှေ့ဆိုင်းထားရပါတယ်။

ယခုပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ (၂၄) ရက်မှ မတ်လ (၃) ရက်အထိ၊ ကျန်အတန်းများ၏ နှစ်ဆုံးစာမေးပွဲများကို မတ်လ (၄) ရက်မှ (၆) ရက်အထိ ကျင်းပခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန စာရင်းအရ တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား/သူ (၉ ဒသမ ၇ သန်း) ရှိပါတယ်။

Credit: 7Day News
 

** Zawgyi **

COVID-19 ေၾကာင့္ ေ႐ႊ႕ဆိုင္းထားရသည့္ အေျခခံ ပညာအတန္းမ်ား၏ ေအာင္စာရင္းကို ဇြန္လ (၁၃) ရက္တြင္ ထုတ္ ျပန္မည္ဟု အေျခခံပညာဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း ေျပာပါတယ္။

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသား အဆင့္ဗဟိုေကာ္မတီက အေျခခံ ပညာေက်ာင္းမ်ားကို ဇူလိုင္ (၂၁) ရက္မွစဖြင့္ရန္ ေမလ (၂၅) ရက္က ပညာေရးဝန္ႀကီးဌာနသို႔ ၫႊန္ ၾကားခဲ့ျခင္းျဖစ္ၿပီး အထက္တန္း အဆင့္ အတန္းႏွစ္တန္းကိုစတင္ ဖြင့္ရန္ၫႊန္ၾကားထားပါတယ္။

အထက္တန္းအဆင့္အတန္းမ်ား ျပန္ဖြင့္သည့္အေျခအေနကို သုံးသပ္ကာ အျခားအတန္းမ်ား ဆက္ဖြင့္ရန္ အဆင္ေျပပါက အထက္တန္းအဆင့္ဖြင့္လွစ္ၿပီး ႏွစ္ပတ္အၾကာ (ၾသဂုတ္ ဒုတိယပတ္) တြင္အလယ္တန္းအဆင့္ အတန္းမ်ား ဖြင့္မည္ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

အလယ္တန္းအဆင့္ အတန္းမ်ား ဖြင့္သည့္အေျခအေန ေကာင္းမြန္ပါက ေနာက္တစ္ပတ္အၾကာ (ၾသဂုတ္ တတိယပတ္)တြင္ မူလတန္းအဆင့္အတန္းမ်ား ဆက္ဖြင့္မည္ဟု ၎ကဆိုပါတယ္။

ေက်ာင္းျပန္မဖြင့္မီ သူငယ္တန္းမွ နဝမတန္းအထိ အတန္းမ်ား၏ ယခင္ပညာသင္ႏွစ္က ေအာင္စာရင္းကို ထုတ္ျပန္မည္ ျဖစ္ေၾကာင္း ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

စတုတၳတန္း၊ အ႒မတန္း ႏွစ္ဆုံးစာေမးပြဲအေျဖလႊာစစ္ ေဆးျခင္းကို အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲမက်င္းပမီကတည္းက ျပဳလုပ္ခဲ့ ၿပီး အခ်ိဳ႕ၿမိဳ႕နယ္မ်ားက တကၠ သိုလ္ဝင္ခြင့္စာေမးပြဲၿပီးမွ ျပဳလုပ္ခဲ့ပါတယ္။

COVID-19 ေၾကာင့္ မတ္လ (၂၄)  ရက္မွစကာ တကၠသိုလ္မ်ား၊ ေက်ာင္းမ်ား ရက္အကန႔္အသတ္မရွိ ပိတ္ခဲ့ၿပီး စာစစ္ လုပ္ငန္းမ်ားကိုပါ ဆိုင္းငံ့ခဲ့ရပါတယ္။

Secondary (34) အလယ္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ၿပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

အေျဖလႊာ စစ္ေဆးသည့္ လုပ္ငန္းမ်ား ဆိုင္းငံ့ခဲ့ရျခင္းေၾကာင့္ အေျခခံပညာ သူငယ္တန္းမွ နဝမတန္းအထိ စာေမးပြဲ ေအာင္စာရင္းကို မူလသတ္မွတ္ထားသည့္ ဧၿပီ (၂၆) ရက္တြင္ မထုတ္ျပန္ဘဲ ေ႐ႊ႕ဆိုင္းထားရပါတယ္။

ယခုပညာသင္ႏွစ္ စတုတၳတန္းႏွင့္ အ႒မတန္း ႏွစ္ဆုံးစာေမးပြဲမ်ားကို ေဖေဖာ္ဝါရီ (၂၄) ရက္မွ မတ္လ (၃) ရက္အထိ၊ က်န္အတန္းမ်ား၏ ႏွစ္ဆုံးစာေမးပြဲမ်ားကို မတ္လ (၄) ရက္မွ (၆) ရက္အထိ က်င္းပခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာန စာရင္းအရ တစ္ႏိုင္ငံလုံးတြင္ အေျခခံပညာ ေက်ာင္းသား/သူ (၉ ဒသမ ၇ သန္း) ရွိပါတယ္။

Credit: 7Day News
 

News News News Latest Post Read 16843 times