Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများ၌ လာမည့် ပညာသင်နှစ်တွင် အကြံပြုစာပုံးများထားရှိမည်

အခြေခံပညာကျောင်းများ၌ လာမည့် ပညာသင်နှစ်တွင် အကြံပြုစာပုံးများထားရှိမည်

အခြေခံပညာကျောင်းများတွင် အကြံပြုစာပုံးများထားမည့်စနစ် အတွက် စီမံချက်များရေးဆွဲနေပြီး ၂၀၁၉-၂၀ ပညာသင်နှစ်၌ စတင် ဆောင်ရွက်မည်ဟု အခြေခံပညာ ဦးစီးဌာန တာဝန်ခံညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

‘‘ပညာရေးဆိုတာ ပြည်သူကို ၀န်ဆောင်မှုပေးတာပဲ။ ဒီ ပညာရေးလုပ်ငန်းတွေမှာ ပြည် သူတွေပိုပြီးစိတ်ကျေနပ်မှုရှိလာ အောင် အားနည်းချက်တွေကို နားထောင်ပြီး ပိုပြီးကောင်းအောင် ပြင်နိုင်အောင်လို့ လုပ်မယ့် အစီအစဉ်ပါ။ သိပ်မကြာခင် ဒါနဲ့ပတ် သက်တဲ့ ညွှန်ကြားချက်တွေထုတ် ဖို့ရှိပါတယ်’’ ဟု ဦးကိုလေးဝင်းက ပြောသည်။

ထိုစနစ်ကို လာမည့်ပညာ သင်နှစ်တွင် စတင်မည်ဖြစ်ရာ ပညာသင်နှစ်မစတင်မီ ကျောင်းများတွင် အကြံပြုစာပုံးများစတင် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အကြံပြုစာပုံးများပြုလုပ်ရေး ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေမှ သုံးစွဲ ရန်လျာထားပြီး မြို့နယ်ပညာရေး မှူးရုံးကတာဝန်ပေးသည့်ဝန်ထမ်း များက အခြေခံပညာကျောင်းများ သို့သွားရောက်၍စာပုံးများကို ဖွင့် ဖောက်စုစည်း မည်ဖြစ်သည်။

‘‘မိဘအုပ်ထိန်းသူ၊ ပြည်သူ တွေက မိဘဆရာအသင်းတွေဖွဲ့ ရာမှာ ပူးပေါင်းပေးဖို့လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ကျောင်းမှန်မှန်တက်ရေး၊ အိမ်စာ မှန်မှန်လုပ်ရေးကို မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါ တယ်။

မပြည့်စုံမှုတွေ၊ အခက်အ ခဲတွေရှိနိုင်ပါတယ်။ ရှိတာကို အကြံပေးလိုတယ်ဆိုရင် Suggestion Box တွေလုပ်ပေးဖို့စီစဉ်နေ တယ်။ အဲဒီကနေ ကိုယ့်ရဲ့အခက် အခဲတင်ပြလို့ရတယ်။

ကိုယ့်ရဲ့ မပြည့်စုံမှုကို တင်ပြ လို့ရတယ်’’ ဟု ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈ ဇူလိုင် ၆ ရက် တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်ရှိ ဆရာ၊ ဆရာမများ၊ မိဘများနှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။

၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကတည်းက ကျောင်းသားများထံ မှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်းလက်ခံခြင်း မပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံ ဆိပ်များရောင်းချခြင်းမပြုရန်၊ အ ခြားမည်သည့်ပစ္စည်းကိုမျှ ရောင်း ချခြင်းမပြုရန် ကျောင်းအုပ်ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်း များကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထား သည်။

ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံး ရုံးအမှတ်(၁၃) နေပြည် တော် (သို့မဟုတ်) [email protected] သို့ အကြံပြု တိုင်ကြားနိုင်ကြောင်း ကျောင်း အပ်နှံရေး သီတင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာရပ်ခံချက် ၌ အသိပေးထားသည်။

source: 7day

News Read 1858 times