Scholarship Interview များတွင် မေးလေ့ရှိသော မေးခွန်းများ

Scholarship လျှောက်တဲ့အခါ ကျောင်းသားတွေအားလုံး Application Formမှာ မေးခွန်းအားလုံးကို ပြည့်ပြည့်စုံစုံ ဖြေဆိုဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် Interview ဖြေတဲ့အခါမှာလည်း မေးခွန်းတွေအားလုံးနီးပါးကို အဆင်ပြေပြေ ဖြေဆိုနိုင်မှ ကိုယ့်အတွက်  Scholarship ရဖို့ အခွင့်အရေး ပိုများပါတယ်။ 

ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးမှာတော့ Scholarship Interview မှာ ဘယ်လိုမေးခွန်းတွေ အမေးများလဲ၊ မေးခွန်းတွေကို ဘယ်လိုမျိုးဖြေရတယ်၊ ဘာကြောင့်အဲ့လိုမျိုး ဖြေရတယ်ဆိုတာကို ဥပမာဖြေဆိုပုံတွေနဲ့တကွ ရှင်းပြပေးထားပါတယ်။ Scholarship Interview ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေအပြင် Scholarship လျှောက်မယ့် ကျောင်းသားတွေအတွက် ကြိုတင်လေ့ကျင့်ထားလို့ရပါတယ်။ 

 

1.Tell us about yourself

ဒီမေးခွန်းက တစ်မိနစ်တောင်မကြာတဲ့ အမြဲမေးနေကျ မေးခွန်းတစ်ခုပါ။ Interviewer ကောင်းကောင်းဆုံးဖြတ်လို့ရအောင် စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုယ်ရဲ့အကြောင်း၊ Career တွေကို List လုပ်ပြီး လေ့ကျင့်ပေးပါ။ အကြောင်းအရာတွေလည်း မထပ်စေဖို့ ဂရုစိုက်ရပါမယ်။ ဒီမေးခွန်းကနေပြီးတော့ interviewerတွေ ကိုယ့်ကို အမှတ်ပေးလာနိုင်အောင် အများကြီးလုပ်နိုင်ပါတယ်။ ဒီမေးခွန်းမှာ ကိုယ်ရဲ့ Goals, Future Plan, Passion တွေကို တစ်မိနစ်နဲ့ ဦးစားပေးပြောနိုင်တာကြောင့် သေချာ ပြင်ဆင်ထားရပါမယ်။ Long-term goal, Short-term goal, Accomplishment relating to the goals, Volunteering, Personality တွေက မပါမဖြစ် ထည့်ပေးရင် အကောင်းဆုံးပါပဲ။ ဒါကြောင့်တိုတိုနဲ့လိုရင်းကိုထိရောက်ပါစေ။

Sample Answer

  • I’m someone who is really passionate about the ocean. That’s why I plan on majoring in marine biology and becoming an NOAA scientist one day! I’ve already earned my scuba certifiacation and have gone on a number of dives. When I’m not in the water, I really enjoy reading poetry or volunteering at our local library’s kids.

 

2.Why do you choose our university? How do you know our university?

ဒီမေးခွန်းကိုလည်း သေချာ လေးလေးနက်နက် ဖြေဖို့လိုပါတယ်။ ကြုံရာတွေ့တဲ့ တက္ကသိုလ်လျှောက်လိုက်တာမျိုး မဖြစ်သင့်ပါဖူး။ ကျောင်းနဲ့ပက်သက်တဲ့ ကိုယ်ရင်းနှီးထားတဲ့ အကြောင်းအရာတွေ ဒီကျောင်းပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ Career Goal၊ ကိုယ့်ဘယ်လို ခံစားရတယ်ဆိုုတာတွေ ရေးပေးရပါမယ်။ ဒီတက္ကသိုလ်က ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို သင်ပေးလို့လား၊ ဒီတက္ကသိုလ်က ကိုယ်တက်အချင်ဆုံး အိမ်မက်တွေထဲက တစ်ခုလား စတဲ့ အချက်တွေကိုလည်း အခြေခံပြီး Passionတွေ ပေါင်းစပ် ဖြေပေးရပါမယ်။ University Rankingနဲ့ပတ်သတ်တာကိုလည်း သိထားဖို့လိုပါမယ်။ 

Sample Answer

  • I’d like to study Marine Biology at the University of Lowa. So, I’ve basically known about the best reputation of it since I was a high school junior student. Becoming a NOAA scientist really drew me to Lowa was its Marine Biology. They cemented my dream. Whenever I think about studying there, I feel the campus like my home.

 

3.What do you see yourself in 5 years? What are your career goals?

ဒီမေးခွန်းကတော့ ကျောင်းသားတွေမှာရှိတဲ့ Future Plans, Career Goals တွေအကြောင်း မေးတာပါ။ ကိုယ့်ရဲ့ Future Plans, Career Goals အစရှိတာတွေကို Scholarshipက ဘယ်လိုနီးစပ်စေလဲဆိုပြီး Scholarship နဲ့ဆက်နွယ်ပြီး ဖြေပေးသင့်ပါတယ်။ Scholarship ပေးတဲ့ ကျောင်းတွေ အဖွဲ့အစည်းတွေ အများစုက လူ့အဖွဲ့အစည်းတွေကို အလေးထားတာကြောင့် လူ့အဖွဲ့အစည်းတွေကို ပြန်အကျိုးပြုမယ့် အကြောင်းအရာတွေနဲ့ ဆက်နွယ်ပြီး ဖြေပေးရင်လည်း ပိုကောင်းပါတယ်။

Sample Answer

  • My ultimate goal is to own an aquaria operation. My grandparents have a small fish farm, and I always loved visiting when I was a kid. Through that, I learned the importance of aquatic food to the community. I want to study Marine Biology at Lowa State University since its Marine Biology program is nationally renowned. Once I graduate, I plan to work at a local aquatic farm and earn enough to start aquaria operation of my own. I even have plans to donate some of aquatic food to needy shelters in honor of my grandpa.

 

4. Were you involved in any activities at school or in your community? Which experience impacted your life the most? What activities are you involved in?

Scholarship Interviewerက ကျောင်းမှာစာပဲလုပ်နေတာထက် လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်တာကိုလည်း လိုချင်ပါတယ်။ ကိုယ်ဘယ်အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်၊ လုပ်ငန်းကိစ္စတွေမှာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံကြောင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ရတာကို စိတ်အားထက်သန်ကြောင်း ပြောပြဖို့ အခွင့်အရေးတစ်ခုပါ။ ကျောင်းပြင်ပ လုပ်ငန်းတွေမှာ ကိုယ်က လူမှုလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်တာ စိတ်အားထက်သန်ကြောင်းတွေ ပြောပြဖို့ အခွင့်အရေးတစ်ခုပါ။ လူမှုရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး ဖြေဆိုနိုင်ရင် ကိုယ့်အတွက်ပိုပြီး အခွင့်အလမ်းများပါတယ်

Sample Answer

  • Public Speaking Club is my main extracurricular activity at American Center. I’ve been part of the PSC after I had graduated the high school. I love it so much. Not only I can practice English language but I can share and get new ideas, knowledge and experiences. I plan to become a public speaker someday. When I’m not studying for class or a competition, I volunteer at Public Speaking Club by sharing what I know to new comers. A few of my club friends volunteer with me.

 

5. What is your Majority and why did you choose? Which subject is your favorite in school?

အကြိုက်ဆုံးအထူးပြု ဘာသာရပ်အကြောင်းကို Scholarship Interview တိုင်းမှာ မေးတတ်ပါတယ်။ ဒီမေးခွန်းကို ဖြေဆိုတဲ့အခါ ဘာကြောင့် ဒီဘာသာရပ်ကို သင်ယူဖို့ ဆုံးဖြတ်ခဲ့လဲ ဘာကြောင့် အကြိုက်နှစ်သက်ဆုံး ဘာသာရပ်ဖြစ်နေလဲဆိုတာကို ဖြေဆိုနိုင်ဖို့ သေချာလေ့လာထားဖို့ လိုအပ်ပါတယ်။

Sample Answer

  • My favorite subject is and always has been Marine Biology. Originally I chose it because it’s interesting and mesmerizing. Reading and learning about how community made me understand the importance of aquatic food. I’m planning for this scholarship for Marine Biology undergraduate.

 

6. Who has been a role model for you?

Interviewerက ဒီမေးခွန်းမေးလာတဲ့အခါ ကိုယ့်အကြောင်းမဟုတ်ပဲ ကိုယ်လေးစားအားကျရတဲ့ တစ်ယောက်အကြောင်းကို ပြောပြရပါမယ်။ မိသားစုဝင်လား ဆရာသမားတွေလား တခြားသူတွေလား ပြီးတော့ သူတို့ရဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးက ကိုယ့်ကို စိတ်အားထက်သန်အောင် လှုံ့ဆော်ပေးခဲ့လဲ ဘာတွေသင်ယူလိုက်ရလဲ ဘာကြောင့်လဲဆိုပြီး ဖြေပေးရမှာဖြစ်ပါတယ်။

Sample Answer

  • I look up to Sophie Blanchard, one of the first women to ride in a hot air balloon. She used to try daring journeys all alone. She lost consciousness in a hailstorm and ultimately died when she tried to light fireworks from her balloon while it was in midair. I think Blanchard was reckless, but  ultimately I admire her for trying something new and not being afraid. Though if I ever go in a hot air balloon, no fireworks!

 

7. Tell me about a mistake you made.

ဒီမေးခွန်းက ကိုယ့်ကိုကိုယ် ဘာတွေဆင်ခြင်မိလဲ ဆိုတာကို မေးတာပါ။ ပြီးပြည့်စုံတဲ့သူဆိုတာ ဘယ်မှာမှ မရှိပါဖူး။ ပိုပြီးအရေးကြီးတာက အမှားတွေကနေ ကိုယ်ဘာတွေ သင်ယူခဲ့လဲ အတွေ့အကြုံတွေကြောင့် ကိုယ်ဘယ်လောက် ရင့်ကျက်ပြီလဲ နေ့စဉ်ဘဝမှာ ဘယ်လောက်အကျိုးသက်ရောက်နေလဲ ဆိုတာကို ရှင်းပြစေချင်တာပါ။ အမှားထဲက သင်ခန်းစာယူဆိုတဲ့သဘောပါ။

Sample Answer

  • In seventh grade, I was absent by not doing homework. I got in so much trouble at the time. In addition to being grounded and forced to study and do homework all the time. I was suspended from extracurricular activities, which meant I couldn’t go to football competitions with my team. My coaches and teammates were really disappointed; I knew I’d let them down. I learned a valuable lessons from that mistakes: that not only will my actions have consequences, but they can have a negative impact on the people I care about. Ever since then, I’ve definitely though things through before doing them.

 

8. What is your most significant achievement? Tell me about a personal achievement that makes you proud. Talk about a time you overcame a challenge.

ဒီမေးခွန်းက ကိုယ်ကြိုးစားခဲ့တဲ့အရာတွေအကြောင်း ကိုယ့်ကြိုးစားမှုကြောင့် ရခဲ့တဲ့ ဆုတံဆိပ်တွေအကြောင်း ကို ပြောပြရမှာပါ။ ဒီမေးခွန်းက ကျောင်းသားရဲ့ စိတ်အားထက်သန်မှုတွေ  စိန်ခေါ်မှု အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး လိုရာပန်းတိုင်းကို ရယူသွားပုံကို သိချင်တဲ့ မေးခွန်းဖြစ်ပါတယ်။

Sample Answer

  • I’m naturally shy person with debilitating stage fright. I also love public speaking. Those two parts of me clashed when my English teacher suggested I enter a public speaking recital contest. I really wanted to do it, but I was so scared I’d freeze or mess up I nearly backed out. To work on my stage fright, I practiced reading articles out loud to the book club. Over time, I grew more comfortable standing in front of people, and the more I practiced saying the articles, the easier it was to get more ideas. If you’d told me at the beginning of the year, I’d go to nationals and talk about a random topic in front of an auditorium of 10,000 people, I wouldn’t believe you. But I did it. I even got fourth place!

 

9. Why do you deserve this scholarship? Why does the scholarship value for you? How will you apply? How will you use the scholarship money?

ဒီမေးခွန်းကိုဖြေတဲ့အခါမှာ  အရိုးသားဆုံး ပွင့်ပွင့်လင်းလင်း ဖြေပေးပါ။ ဒီ scholarshipကို လျှောက်ရတဲ့ အကြောင်းအရင်းကိုလည်း ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ ဒါဆို သူတို့ဖက်ကလည်း ဒီ scholarship က ကျောင်းသားရဲ့ Life Goal ကို ဘယ်လိုမျိုး ဖြည့်ဆည်ပေးနိုင်လိမ့်မလဲဆိုတာ လက်ခံပါတယ်။

Sample Answer

  • Ever since our rural region was always have an aquatic issue. I’ve wanted to become a NOAA scientist. The tuition fees of school are expensive for me. I could afford only for fully-funded scholarship. This scholarship will help me accomplish my goal of becoming a NOAA scientist and helping needy rural people.

 

10. Do you have questions for us? Is there anything else you want to add?

ဒီမေးခွန်းမေးလာရင် အမြဲဖြေပေးပါ။ မဖြေပဲ မနေပါနဲ့။ Interviewerကနေပြီးတော့ မေးခွန်းတွေ မေးဖို့ အခွင့်အရေးပေးတာဖြစ်ပါတယ်။ ဒီအခွင့်အရေးက Scholarship အတွက် ကိုယ့်ကို စဉ်းစားပေးဖို့ ပြောပြနိုင်တဲ့ အခွင့်အရေးလည်းဖြစ်ပါတယ်။

Sample Answer

  • Yes, I’d like to say how grateful I am for this scholarship opportunity. Your organization is all about providing the opportunities to the community. I can’t wait to join the university next year.

 

Top 10 Scholarship Interview Questions and Answers

1. Tell us about yourself

2. Why do you choose our university? How do you know our university?

3. What do you see yourself in 5 years? What are your career goals?

4. Were you involved in any activities at school or in your community? Which experience impacted your life the most? What activities are you involved in?

5. What is your Majority and why did you choose? Which subject is your favorite in school?

6. Who has been a role model for you?

7. Tell me about a mistake you made.

8. What is your most significant achievement? Tell me about a personal achievement that makes you proud. Talk about a time you overcame a challenge.

9. Why do you deserve this scholarship?Why does the scholarship value for you? How will you apply? How will you use the scholarship money?

10. Do you have questions for us? Is there anything else you want to add?

Source - Ctrl List

Knowledge Latest Post Read 1498 times