Sales Hotline : 09448001653       Download App



ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ သက်မွေးပညာသင်တန်း

ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ သက်မွေးပညာသင်တန်း

 လျှောက်လွှာများကို ရန်ကုန်မြို့၊ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းရှိ သက်မွေးပညာသင်တန်းကျောင်း (Sakura-Insein) နှင့် GTI ကျောင်းသားဟောင်းများအသင်း (ရုံး) အမှတ်-၃၀၃၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တတိယထပ်) လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့တို့တွင် အခမဲ့ ထုတ်ယူနိုင်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန (TVET)၊ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်း (AGTI Society) နှင့် ဂျပန်နိုင်ငံမှ Kinden Corp; Sumitomo Corp; တို့ ပူးပေါင်းဖွင့်လှစ်သော အောက်ပါသင်တန်းကို အမှတ်စဉ် (၆) အဖြစ် Sakura-Insein သင်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းတွင် ဖွင့ှ်လှစ်မည် ဖြစ်ပါသည်။

Sakura-Insein Technical Course

(က) Commercial Electrical Writing Course (၃၀) ဦး

(ခ) Electrical Power Distribution Line Course (၁၀) ဦး

READ - အင်းစိန်ဂျီတီအိုင်အတွက် ယူရိုလေးသန်းခန့်တန်ဖိုးရှိ သင်ထောက်ကူကိရိယာများ ဂျာမနီပံ့ပိုးမည်

သင်တန်းကာလ (၇) လ ဖြစ်ပါသည်။

၂။ ထိုသင်တန်းသည် ဂျပန်နိုင်ငံ၏ လျှပ်စစ်လုပ်ငန်း၌ နာမည်ကြီးကျော်ကြားသည့် Kinden Corp; ၏ လျှပ်စစ်သင်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ပြီး ဂျပန်ဆရာများကြီးကြပ်၍ သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် ဂျပန်နိုင်ငံ၏ လျှပ်စစ်စံချိန်စံညွှန်းများနှင့်အညီ သင်ကြားပေးမည်ဖြစ်သည်။

၃။ သင်တန်းအား စိတ်ပါဝင်စားသော အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံသူ၊ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးများ လျှောက်ထားနိုင်ပါသည် -

(က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအဆင့် သင်ကြားဖူးသူဖြစ်ရမည်။

(ဂ) ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် အသက် (၁၇) နှစ်ပြည့်ပြီး အသက် (၂၃) နှစ်ထက် မကြီးသူ။

(ဃ) သင်တန်းကြေးပေးသွင်းတက်ရောက်ရမည်။

အသေးစိတ်သိရှိလိုပါက ကျောင်းအုပ်ချုပ်ရေးရုံးခန်း -

ဖုန်း 01-64663၊ 09-975289797၊ 09-428324832၊ 01-519863၊ 09-505717 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Government School Read 67076 times