မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်/မန္တလေး) မှ ကျောင်းသား/ကျောင်းသူများ ခေါ်ယူနေ

 

လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၂) ကျောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပါသည်။ အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိ ဉာဏ်ရည်မသန်စွမ်းကလေးများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့်ကလေးများအား လက်ခံစောင့်ရှောက်ပေးပါသည်။

 

အဆိုပါသင်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ခြင်းမရှိသည့် ကလေးငယ်များအား မတ်လဒုတိယပတ်မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရပါသည်။


မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်/မန္တလေး) တွင် လက်ခံနိုင်သည့် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းမှုအမျိုးအစားများ

၁။ Down Syndrome

၂။ Autism

၃။ Attention Deficit Hyper Activity Disorder (ADHD)

၄။ Global Development Delay (GDD)

၅။ ခြေလက်မပြည့်စုံသူ (Amputee)

၆။ သူငယ်နာအကြောတင်း (Cerebral Palsy)  

၇။ အခြားဉာဏ်ရည်မသန်းစွမ်းမှုအမျိုးအစားများ

 

လျှောက်ထားသူသည် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်း ရှိသူဖြစ်ရပါမည်။ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရပါမည်။ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာမရွေး လျှောက်ထားနိုင်ပါသည်။ မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင် ကျောင်းအပ်နှံပြီး ကျောင်းသား/ကျောင်းသူများပါ တစ်ပါတည်း ခေါ်ဆောင်သွားရပါမည်။ 

 

ကျောင်းအပ်နှံရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ

  • ကလေး၏ ပတ်စပို့အရွယ် ဓာတ်ပုံ (၄) ပုံ
  • မွေးစာရင်းမိတ္တူနှင့် မူရင်း
  • အိမ်ထောင်စုဇယားမိတ္တူနှင့် မူရင်း
  • သတ်မှတ်ထားသောရောဂါအမည် (Diagnosis) မိတ္တူ
  • ကျန်းမာရေးနှင့် ပတ်သက်သော ဆေးမှတ်တမ်းများ

 

ကျောင်းသား/ကျောင်းသူဟောင်းများကို မေလဆန်း၊ ဒုတိယပတ်မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူသစ်များသည် မေလတတိယပတ်မှစပြီး ကျောင်းအပ်နှံနိုင်ပါသည်။ 

 

ရွေးချယ်ခံရသောကျောင်းသား/ကျောင်းသူများအား ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ(Activities of Daily Living ADL) ကို ကိုယ်တိုင်လုပ်ဆောင်တတ်စေရန်အတွက်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း လိုက်လျောညီထွေ နေထိုင်တတ်စေရန်အတွက်လည်းကောင်း၊ အကြိုသက်မွေးပညာရပ်များ တတ်မြောက်စေရန်အတွက်လည်းကောင်း၊ စာပေသင်ကြားနိုင်သောဉာဏ်ရည်ရှိသည့် ကလေးငယ်များကို မူလတန်းပညာသင်ကြားပေးသည့်အပြင် စာပေသင်ကြားနိုင်စွမ်းမရှိသည့် ကလေးငယ်များကို အထူးပညာရေးစနစ်အဖြစ် အရေး၊ အဖတ်၊ အတွက်ပညာများ သင်ကြားပေးလျက်ရှိပါသည်။ 

 

လျှောက်ထားလိုသူများအနေဖြင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်)၊ အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံဝင်း၊ မရမ်းကုန်းမြို့နယ်သို့လည်းကောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး)၊ အမှတ် (၂၆) ဘီလမ်း၊ ၅၈×၅၉ လမ်းကြား၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်သို့လည်းကောင်း လူကိုယ်တိုင် တိုက်ရိုက်သွားရောက်လျှောက်ထားနိုင်ပါသည်။ 

 

အသေးစိတ်သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်း ၀၆၇-၄၀၄၂၅၂၊  မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်) ဖုန်း ၀၁-၉၆၆၁၄၄၂၊ ၀၉-၇၉၉၄၇၈၈၉၃၊  မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (မန္တလေး) ဖုန်း ၀၂-၄၀၂၁၀၉၂၊ ၀၉-၄၀၀၄၀၇၅၄၂၊ ၀၉-၄၀၂၅၈၃၂၁၆ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Source - လူမှုဝန်ထမ်းဦးစီးဌာန

 

Government School Latest Post Local News Read 446 times