Sales Hotline : 09448001653       Download App



နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ဘယ်လို လေ့လာ၊ ရှာဖွေကြမလဲ

Researching schools 

နိုင်ငံခြားမှာကျောင်းတက်ချင်တဲ့လူတွေအတွက် ကိုယ်တက်ချင်တဲ့ကျောင်းတွေကို ဘယ်လို research လုပ်ရမလဲ နဲနဲပြောပေးပါမယ်။ ပထမဆုံးကိုယ်သွားချင်တဲ့ နိုင်ငံကို determine လုပ်ပါ။ ကျနော် recommend ပေးတာတော့ နှစ်နိုင်ငံလောက်ကိုရွေးထားပါ၊ မဟုတ်ရင်ကိုယ်က ကျောင်းတွေဘာတွေကျပြီးမှ visa reject ထိခံရရင် အကုန်အစကပြန်လိုက်ရမှာစိုးလို့ပါ။ 

Where to research?

​1. Google 
ကျောင်းရှာတဲ့အခါမှာ primary Search engine အနေနဲ့  google သုံးပါတယ်။ ကိုယ်က ဘယ် university သွားရမှန်းမသိရင်တောင် “best university in __” ဆိုပြီးစရှာလိုက်ပါ။ နောက်ကျောင်းတွေကျလာရင် တစ်ကျောင်းချင်းစီရဲ့ website ကိုမွှေပါ။ QS Worldwide တို့က ရေးထားတဲ့ review တွေလိုက်ကြည့်ပါ။ US ကျောင်းတွေဆို ကျောင်းနာမည်ရိုက်လိုက်တာနဲ့ google က categorize လုပ်ထားပေးသား information ကျလာတက်တယ်။ အဲ့တာတွေကိုလည်းသေချာလိုက်ဖတ်ပါ။ 

2. Social Media 
နောက် source တစ်ခုက social media ပါ။ ကျနော်တို့နိုင်ငံမှာအများဆုံးသုံးတာတော့ Facebook ပေါ့။ Facebook Group တွေထဲမှာ အချင်းချင်းပြောထားတဲ့ ဘယ်ကျောင်းသွားကြလဲသိချင်ရင် search bar မှာကိုယ်သွားချင်တဲ့ university name or country’s name ထည့်ပြီးလိုက်ဖတ်ပါ။ 

3. Reddit
နောက် reddit မှာလည်း search bar မှာကျောင်းနာမည်ရိုက်ပြီး review တွေဖတ်လို့ရပါတယ်။ တစ်ချို့ဆို sub-channel တွေတောင်ထောင်ထားပြီး ပြောကြတာတွေရှိတယ်။ 

4.YouTube
နောက် YOUTUBE တွင်တွင်သုံးပါ။ Youtube ကိုအဓိက campus life အတွက်သိချင်ရင်သုံးပါ။ အဲ့မှာ A Day in Life Vlogs တို့၊ ကျောင်းလျှောက်တဲ့ application process vlog တို့ဖောဖောသီသီရှိပါတယ်။ ဒါပေမယ့်ကိုယ်လျှောက်ချင်တဲ့ကျောင်းပေါ်မူတည်တာပေါ့၊ ကျောင်းကနာမည်ကြီးဆို အဲ့လို vlog တွေပိုများတယ်။ 

What to look for in schools?
ကျောင်းရှာရင် ကျနော်က ranking ဆိုတာထက် ဒီကျောင်းက သူ့နိုင်ငံမှာ recognition ကောင်းကောင်းရှိလားဆိုတာရယ်၊ employer’s rate ရယ်ကိုကြည့်တယ်။ recognition က public/ national university ဆိုရင်တော့အနည်းနဲ့အများရှိကြတော့ ရွေးရင် အဲ့ဘက်ကိုပဲဦးစားပေးရွေးစေချင်တယ်။ နောက် private university တွေထက်လဲပိုဈေးသက်သာတော့လေ။ 

အပေါ်ကပြောတဲ့နည်းနဲ့ စစ်ချပြီးရင် ဘယ်မြို့မှာရှိလဲဆိုတာကြည့်ပါ။ ဥပမာ Canada ဆိုရင် Ottawa, Montreal လိုရာသီဥတုသိပ်အေးပြီး ကျောင်းသားတွေသိပ်မသွားကြတဲ့မြို့နဲ့ Vancouver လိုရာသီဥတုသာယာပြီး ကျောင်းကောင်းတွေရှိတဲ့ဘက်ဆိုရင် Vancouver မှာရှိတဲ့ကျောင်းပဲတက်မှာပေါ့နော်။ နောက် city အလိုက် living expenses တွေလည်းလိုက်တွက်ပါ။ (ဒါက google ခေါက်လို့ရပါတယ်)

နောက်တစ်ဆင့်ကြတော့ ကိုယ်တက်ချင်တဲ့ကျောင်း ၄-၇ ခု လောက်ကိုဝင်ကြည့်ပါ။ ဒီမှာစပြီးအချိန်ပေးရပါပြီ။ ကိုယ်တက်ချင်တဲ့ကျောင်းတွေကို compare လုပ်ရတော့မှာပါ။ ကျောင်း website တစ်ခုချင်းကိုမွှေရတော့မယ်။ Admission, Academic, Degree program—> courses, tuition fees, services, campus စတာတွေကို စေ့စေ့ပေါက်ပေါက်ကြည့်ပါ။ သိချင်တာကိုရှာလို့မတွေ့ရင် email ပို့ပါ။ email တွေကလည်း faculty အလိုက်သူ့ email နဲ့သူမို့ သေချာရှာပြီးပို့ပါ။ email ပို့ရမှာမကြောက်ပါနဲ့၊ သိပ်လည်း formal ဖြစ်စရာမလိုပါဘူး။ ကိုယ်ဘယ်နိုင်ငံကပါ၊ ကိုယ်ဘာသိချင်လို့ပါဆိုတာလောက်အိုကေပြီ။ 

အဲ့မှာခေါင်းတောက်အောင်မွှေပြီးရင် ကိုယ့် list ကို narrow down လုပ်ချပါ။ ၃-၄ ကျောင်းလောက်ရလာလိမ့်မယ်။ အဲ့ကျောင်းတွေရလာပြီဆို Facebook, reddit တို့ YouTube တို့သွားပြီး ကျနော်စောနကပြောတဲ့အတိုင်းဆက်ရှာပါ။ ကိုယ်တက်နေတဲ့ကျောင်းမှာတက်နေတဲ့လူတွေ့ရင် သူတို့ကိုစကားသွားပြောပြီး သိချင်တာဆက်မေးကြည့်ပါ။

နောက်ဆုံးကိုယ်နဲ့အဆင်ပြေဆုံးကျောင်းကိုဆုံးဖြတ်ချက်မှန်မှန်နဲ့ ရွေးနိုင်သွားပါလိမ့်မယ်။ 
ကျနော်ပြောခဲ့တဲ့ research process ကကိုယ့် ability ပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်ကနေ လပိုင်းလောက်ထိကြာနိုင်ပါတယ်။ Dedicated ဖြစ်ပြီး ခေါင်းပူခံနိုင်ဖို့တော့ပြင်ထားရမယ်၊ လမ်းတွေပျောက်ဖို့လည်း ပြင်ထားရမယ်။ ဒါပေမယ့်အဆုံးမှာတော့ ရောင်နီလာမှာပေါ့ဗျာနော်။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။ 
Study abroad အကြောင်းသိချင်ရင် ကျနော် telegram channel မှာပုံမှန်တင်ပေးနေပါတယ်။

Telegram Channel >>> Click Here  <<< 

Source: Study Abroad Infos 
 

Knowledge Read 1689 times