Sales Hotline : 09448001653       Download App



နဝမတန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြဆရာ၊ဆရာမများလုပ်ရန် ခေါ်ယူ

နဝမတန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြဆရာ၊ဆရာမများလုပ်ရန် ခေါ်ယူ

ရွမ္းျပည္္နယ္(ေျမာက္ပိုင္း) မိုင္းဆတ္ခ႐ိုင္ မိုင္းတုံၿမိဳ႕ နယ္ရွိအေျခခံပညာေက်ာင္းမ်ား တြင္ ဆရာ၊ ဆရာမလိုအပ္ခ်က္ ေၾကာင့္ အနိမ့္ဆုံးနဝမတန္း ေအာင္ျမင္ထားသူမ်ားကို ေန႔စား လေပးမူလတန္းျပဆရာ၊ ဆရာမ အျဖစ္ ေခၚယူခန႔္ထားရန္ ပညာ ေရးဝန္ႀကီးဌာနက ခြင့္ျပဳခဲ့ပါတယ္။

 

ဆရာ၊ ဆရာမလိုိအပ္ေသာ ေက်ာင္းတည္ရွိရာ ေက်း႐ြာ၌ ေနထိုင္သူမ်ား၊ ေက်း႐ြာ အုပ္စု ကိုက္ညီသူမ်ား၊ စက္တင္ဘာ ၃၀ ရက္တြြင္ အသက္ (၃၅) ႏွစ္ထက္ မေက်ာ္လြန္္သူမ်ားသည္ ေန႔စား လေပး မူလတန္းျပဆရာ၊ ဆရာမ ေလွ်ာက္ထားႏိုင္ၿပီး အနိမ့္ဆုံး နဝမတန္းေအာင္ျမင္ရမည္ျဖစ္ သည္။ နဝမတန္းထက္ ပညာအ ရည္အခ်င္း ပိုျမင့္သူကို ဦးစားေပး ေခၚယူမည္ဟု မိုင္းတုံပညာေရး မႉး႐ုံးက ေၾကညာထားပါတယ္။

 

ပညာေရးဝန္္ႀကီးဌာနက ေန႔ စားလေပးဆရာ၊ ဆရာမခန႔္ထား မႈကို ၂၀၁၇-၁၈ ပညာသင္ႏွစ္ ကတည္းက ရပ္ဆိုင္းထားရာမွ ယခုႏွစ္တြင္ ျပန္လည္ေခၚယူရန္ စီစဥ္ၿပီး မိုင္းတုံၿမိဳ႕နယ္အတြက္ ပထမဆုံးေခၚယူျခင္းျဖစ္သည္။ ေန႔စားလေပးမူလတန္းျပ ရာထူး ေလွ်ာက္ထားသူမ်ားကို ေအာက္တိုဘာ ၇ ရက္တြင္ ေရး ေျဖ၊ ေအာက္တိုဘာ ၉ ရက္တြင္ ႏႈတ္ေျဖစစ္ေဆးၿပီး ေအာင္ျမင္ သူမ်ားကို ေန႔စားလေပးမူလတန္း ျပအျဖစ္ အေျခခံပညာေက်ာင္း မ်ား၌ ခန႔္ထားမည္ျဖစ္ပါတယ္။

 

Employment Agencies (219) အလုပ္အကုိင္ေအဂ်င္ဆီမ်ားႏွင့္ ပတ္သက္ျပီး (219) ခုရွာရန္ႏွိပ္ပါ။

 

လက္ရွိတြင္္ အေျခခံပညာ ေက်ာင္းမ်ား၌ ဆရာ၊ ဆရာမ လိုအပ္ခ်က္ျမင့္တက္ေနၿပီး အ ေျခခံပညာ အတန္းအားလုံးကို ၂၀၂၂ တြင္ သင္႐ိုးသစ္ျဖင့္ ေျပာင္းလဲသင္ၾကားမည္ျဖစ္ရာ သင္႐ိုးသစ္အရ ထပ္တိုးလာမည့္ အတန္းမ်ားအတြက္ ဆရာ၊ ဆရာမထပ္မံခန႔္ထားရန္ လိုအပ္ ေနသည္ဟု အေျခခံပညာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ဆိုပါတယ္။

 

တကၠသိုိလ္ဘြဲ႕ရကိုးေသာင္း ခန႔္ကို ပညာေရးဝန္ႀကီးဌာနက ေန႔စားလေပးမူလတန္းျပအျဖစ္ ၂၀၁၄ – ၁၅ ပညာသင္ႏွစ္မွ ၂၀၁၆-၁၇ ပညာသင္ႏွစ္္အထိ ခန႔္ထားခဲ့သည္။ ေန႔စားလေပး မူလတန္းျပရာထူး ေနရာအတြက္ အသက္ (၄၀) ႏွစ္ႏွင့္ေအာက္ ပါရဂူဘြဲ႕ရမ်ား၊ အသက္ (၃၅) ႏွစ္ႏွင့္ေအာက္ မဟာဘြဲ႕ရမ်ား၊ အသက္ (၃၀) ႏွစ္ႏွင့္ေအာက္ ဝိဇၨာ၊ သိပၸံဘြဲ႕ရမ်ားကို ေရးေျဖ၊ ႏႈတ္ေျဖစစ္ေဆး၍ ခန႔္ထားခဲ့သည္။ ၎တို႔ကိုေႏြရာသီ ေက်ာင္းပိတ္ရက္မ်ားတြင္ ၿမိဳ႕နယ္အေျချပဳ ဆရာအတတ္ပညာ သင္တန္းတိုမ်ားေပးၿပီး ေန႔စားလေပးမူလတန္းျပမွ ႏိုင္ငံ့ဝန္ထမ္းမူလတန္းျပအျဖစ္ အတည္ျပဳခန႔္ထားပါတယ္။

 

Read More:>>> လိုင္စင္အနီကိုင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား ပညာသင္ဆုေလ်ွာက္ထားႏိုင္

 

အရည္အေသြးျပည့္္ဝေသာ ဆရာ၊ ဆရာမမ်ားကို ေလ့က်င့္ ၿပီးမွ အေျခခံပညာေက်ာင္းမ်ား တြင္ ခန႔္ထားမည္ဆိုကာ ၂၀၁၇-၁၈ ပညာသင္ႏွစ္ကစ၍ ေန႔စား လေပး မူလတန္းျပခန႔္ထားမႈကို ရပ္ဆိုင္းခဲ့သည္။ သို႔ေသာ္ တိုင္း ရင္းသားေဒသမ်ားႏွင့္ ေဝးလံ ေခါင္္ဖ်ားေဒသမ်ား၌ သက္ဆိုင္ ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအစီအစဥ္ျဖင့္ ေန႔စားလ ေပးခန႔္ထားမႈကို ခြင့္ျပဳခဲ့ပါတယ္။

 

Source: Swelsone News

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့ နယ်ရှိအခြေခံပညာကျောင်းများ တွင် ဆရာ၊ ဆရာမလိုအပ်ချက် ကြောင့် အနိမ့်ဆုံးနဝမတန်း အောင်မြင်ထားသူများကို နေ့စား လပေးမူလတန်းပြဆရာ၊ ဆရာမ အဖြစ် ခေါ်ယူခန့်ထားရန် ပညာ ရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါတယ်။


ဆရာ၊ ဆရာမလိုအပ်သော ကျောင်းတည်ရှိရာ ကျေးရွာ၌ နေထိုင်သူများ၊ ကျေးရွာ အုပ်စု ကိုက်ညီသူများ၊ စက်တင်ဘာ ၃၀ ရက်တွင် အသက် (၃၅) နှစ်ထက် မကျော်လွန်သူများသည် နေ့စား လပေး မူလတန်းပြဆရာ၊ ဆရာမ လျှောက်ထားနိုင်ပြီး အနိမ့်ဆုံး နဝမတန်းအောင်မြင်ရမည်ဖြစ် သည်။ နဝမတန်းထက် ပညာအ ရည်အချင်း ပိုမြင့်သူကို ဦးစားပေး ခေါ်ယူမည်ဟု မိုင်းတုံပညာရေး မှူးရုံးက ကြေညာထားပါတယ်။


ပညာရေးဝန်ကြီးဌာနက နေ့ စားလပေးဆရာ၊ ဆရာမခန့်ထား မှုကို ၂၀၁၇-၁၈ ပညာသင်နှစ် ကတည်းက ရပ်ဆိုင်းထားရာမှ ယခုနှစ်တွင် ပြန်လည်ခေါ်ယူရန် စီစဉ်ပြီး မိုင်းတုံမြို့နယ်အတွက် ပထမဆုံးခေါ်ယူခြင်းဖြစ်သည်။ နေ့စားလပေးမူလတန်းပြ ရာထူး လျှောက်ထားသူများကို အောက်တိုဘာ ၇ ရက်တွင် ရေး ဖြေ၊ အောက်တိုဘာ ၉ ရက်တွင် နှုတ်ဖြေစစ်ဆေးပြီး အောင်မြင် သူများကို နေ့စားလပေးမူလတန်း ပြအဖြစ် အခြေခံပညာကျောင်း များ၌ ခန့်ထားမည်ဖြစ်ပါတယ်။


Employment Agencies (219) အလုပ်အကိုင်အေဂျင်ဆီများနှင့် ပတ်သက်ပြီး (219) ခုရှာရန်နှိပ်ပါ။


လက်ရှိတွင် အခြေခံပညာ ကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်မြင့်တက်နေပြီး အ ခြေခံပညာ အတန်းအားလုံးကို ၂၀၂၂ တွင် သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်ရာ သင်ရိုးသစ်အရ ထပ်တိုးလာမည့် အတန်းများအတွက် ဆရာ၊ ဆရာမထပ်မံခန့်ထားရန် လိုအပ် နေသည်ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုပါတယ်။


တက္ကသိုလ်ဘွဲ့ရကိုးသောင်း ခန့်ကို ပညာရေးဝန်ကြီးဌာနက နေ့စားလပေးမူလတန်းပြအဖြစ် ၂၀၁၄ – ၁၅ ပညာသင်နှစ်မှ ၂၀၁၆-၁၇ ပညာသင်နှစ်အထိ ခန့်ထားခဲ့သည်။ နေ့စားလပေး မူလတန်းပြရာထူး နေရာအတွက် အသက် (၄၀) နှစ်နှင့်အောက် ပါရဂူဘွဲ့ရများ၊ အသက် (၃၅) နှစ်နှင့်အောက် မဟာဘွဲ့ရများ၊ အသက် (၃၀) နှစ်နှင့်အောက် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရများကို ရေးဖြေ၊ နှုတ်ဖြေစစ်ဆေး၍ ခန့်ထားခဲ့သည်။ ၎င်းတို့ကိုနွေရာသီ ကျောင်းပိတ်ရက်များတွင် မြို့နယ်အခြေပြု ဆရာအတတ်ပညာ သင်တန်းတိုများပေးပြီး နေ့စားလပေးမူလတန်းပြမှ နိုင်ငံ့ဝန်ထမ်းမူလတန်းပြအဖြစ် အတည်ပြုခန့်ထားပါတယ်။


Read More:>>> လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ဆုလျှောက်ထားနိုင်


အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများကို လေ့ကျင့် ပြီးမှ အခြေခံပညာကျောင်းများ တွင် ခန့်ထားမည်ဆိုကာ ၂၀၁၇-၁၈ ပညာသင်နှစ်ကစ၍ နေ့စား လပေး မူလတန်းပြခန့်ထားမှုကို ရပ်ဆိုင်းခဲ့သည်။ သို့သော် တိုင်း ရင်းသားဒေသများနှင့် ဝေးလံ ခေါင်ဖျားဒေသများ၌ သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအစီအစဉ်ဖြင့် နေ့စားလ ပေးခန့်ထားမှုကို ခွင့်ပြုခဲ့ပါတယ်။


Source: Swelsone News

 

News Read 3957 times