Sales Hotline : 09448001653       Download App



မူလတန်းဆရာ အတတ်ပညာသင်တန်း ၀ိဇ္ဇာဘွဲ့ရများပါ လျှောက်ထားနိုင်မည်

မူလတန်းဆရာ အတတ်ပညာသင်တန်း ၀ိဇ္ဇာဘွဲ့ရများပါ လျှောက်ထားနိုင်မည်

တက္ကသိုလ်တစ်ခုခုမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထ၀ီဝင်၊ သမိုင်းဘွဲ့ရရှိပြီးသော လျှောက်ထားလိုသူများသည် ဇန်န၀ါရီလ ၁၆ ရက်နေ့ နောက်ဆုံး သက်ဆိုင်ရာ ပညာရေးခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံး တစ်ခုတည်းတွင် လျှောက်ထားရမည် (ပညာရေးဝန်ကြီးဌာန သို့မဟုတ် အဆင့်မြင့်ပညာဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်းမပြုရ) ဖြစ်ပါသည်။

ပညာရေးခရိုင် ၆၄ ခု အောက်ရှိ ပညာရေးကောလိပ်များ၏ ကျောင်းသား၊ ကျောင်းသူဝင်ဆံအားအရ သင်တန်းသား၊ သင်တန်းသူ ၆၀၀၀ ခန့် ရွေးချယ်ခန့်ထားမည်ဖြစ်သော်လည်း ၀ိဇ္ဇာဘွဲ့ရ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဘောဂဗေဒ၊ ပထ၀ီဝင်၊ သမိုင်း) ဦးရေ မည်မျှ ရွေးချယ်မည်နှင့် သိပ္ပံဘွဲ့ရဦးရေ မည်မျှ ရွေးချယ်မည်ကိုမူ အခြေခံပညာဦးစီးဌာနက အသိပေးထားခြင်း မရှိသေးပါ။

လျှောက်ထားသူများ

- ၀န်ထမ်းမဟုတ်လျှင် မေလကုန်အထိ အသက် ၃၀ နှစ်ထက်မကြီးသူ

- ၀န်ထမ်းဖြစ်ပါက မေလကုန်အထိ အသက် ၃၅ နှစ်အထက် မကြီးသူဖြစ်ရန်

- အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို ပညာရေးခရိုင်များတွင် ဖြေဆိုရမည်။

ထိုသင်တန်းကို ဇွန်လ ၁၂ ရက်မှ စ၍ စာတွေ့လေးလ၊ လက်တွေ့တန်းပြ နှစ်လ စုစုပေါင်း ခြောက်လကြာ ပညာရေးခရိုင် ၆၄ ခုရှိ ပညာရေးကောလိပ်များတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရသူများစာရင်းကို ပညာရေး ကောလိပ်များ၊ တိုင်း/ပြည်နယ် ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေးမှူးရုံးများနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် မေလအတွင်း ထုတ်ပြန်မည် ဖြစ်ပါသည်။

မူလတန်းဆရာ အတတ်သင်တန်းတက်ရောက်ခွင့်ရသူများသည် ဇွန်လ ၁၀ ရက်မှ ၁၁ ရက်အတွင်း တက်ရောက်ခွင့်ရမည့် ပညာရေးကောလိပ်များသို့ သတင်းပေးပို့ရမည်ဖြစ်ပါသည်။

သတင်းပို့ချိန်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းများ ယူလာရမည်ဖြစ်ပါသည်။

Source: The Voice

News Read 3834 times