ဘယ်အရွယ်မှာ မူကြိုထားသင့်လဲ

ဘယ်အရွယ်မှာ မူကြိုထားသင့်လဲ

**Unicode**

"ဘယ်အရွယ်မှာ မူကြိုထားသင့်လဲ"မေးကြတဲ့ မေမေတို့ရေ ..."သားသမီးများနှင့် မူကြိုအရွယ်ပညာရေး"ကို ဖတ်ကြည့်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

ကျွန်မတို့ကလေးလေးတွေ ၂နှစ်ကျော် ၃နှစ် အရွယ်ရောက်လာရင် မူကြိုထားရမလား မထားရမလား စဉ်းစားရပါပြီ။ "မထားသေးပါဘူး။ နောက်ကျရင် သင်ပါလေ့။ အခုတော့ဆော့ပါစေဦး။ နေပါစေဦး"လို့ ဆိုသူတွေရှိသလို "အိမ်မှာ မနိုင်တော့ဘူး။ နဲနဲပဲ နားရ နားရ မူကြိုပို့တော့မယ်"လို့ ပြောသူတွေလည်းရှိပါတယ်။

ကျွန်မသမီးလေးလည်း ၂နှစ်ပြည့်ခါနီးနေပြီဖြစ်တဲ့အတွက် မူကြိုထားဖို့ မထားဖို့ ခုကတည်းက ကျွန်မစဉ်းစားနေရပါပြီ။ ကျွန်မကတော့ ကလေးအသက် ၃နှစ်ကျော်လောက်က စပြီး မူကြိုပညာရေး စပေးဖို့ ဆန္ဒရှိနေပါတယ်။
အကြောင်းပြချက်တွေကတော့ အများကြီးရှိပါတယ်။

(၁) ကလေးတွေဟာ မွေးကတည်းက သင်ကြားနေကြတာပါ။

သင်ကြားလိုကြတာပါ။ အမေ့မျက်နှာ အဖေ့မျက်နှာ အမေ့အသံ အဖေ့အသံ စသည်ဖြင့် မှတ်မိနေကြတာဟာ သူတို့ လေ့လာသင်ကြားနေကြလို့ပါ။ တဖြေးဖြေးနဲ့ အမေပြောသလို လိုက်ပြောမယ်၊ အဖေလုပ်သလို လိုက်လုပ်မယ်၊ သူ့ဘာသာသူ တမျိုးပြီး တမျိုးကစားမယ် စတာတွေဟာလည်း သူတို့ သင်ကြားရင်းကတဆင့် သိမြင်လာကြတာပါ။ သူတို့မှာမွေးကတည်းက သင်ကြားစူးစမ်းလိုစိတ်အပြည့် ရှိကြပါတယ်။

ဒါ့ကြောင့် ဝန်ပိစေတဲ့ေ လေ့လာ သင်ကြားမှုမှ မဟုတ်ရင် လေ့လာခွင့်ပေးသင့်ပါတယ်။ ပြီးတော့ ငယ်လေပိုမိုမှတ်မိ သင်ကြားနိုင်လေပါပဲ။ စကားလုံးတွေကိုတွဲပြီး လိုအပ်တဲ့နေရာမှာပဲ သုံးတတ်ပြောတတ်လာတာပဲကြည့်လေ။

(၂) သူတို့ မှာ သူတို့အရွယ် ဝန်းကျင်တစ်ခု အမှန်တကယ်လိုအပ်ပါတယ်။

အိမ်မှာပဲနေရတဲ့ ကလေးနဲ့ မူကြိုနေတဲ့ ကလေးဟာ အမှန်တကယ် မတူနိုင်ပါဘူး။ အိမ်မှာနေရတဲ့ ကလေးဟာ အိမ်မှာပဲ အသားတကျရှိတာပါ။ လူထဲသွားရင် ကြောက်တတ်မယ်။ အပြင်မှာပြသနာရှိလာရင် မဖြေရှင်းတတ်တော့ဘူး။ အပြင်မှာ အခြားကလေးတွေနဲ့ ပျော်ရွှင်စွာနေဖို့ ယုံကြည်ချက်မရှိဘူး။ အဲတော့ မူကြိုသာထားလိုက်ရင် အဲလိုပြသနာ အချို့ကို ဖြေရှင်းပြီးသားဖြစ်သွားပါမယ်။ ကိုယ့်ပစ္စည်းလေးတွေကို ဝေမျှပြီးကစားတတ်လာမယ်။

လူအများနဲ့ညီညွှတ်အောင် ဘယ်လိုနေရမလဲဆိုတာ မိဘဆရာသင်ပေးစရာ မလိုတော့ပဲ သူ့အလိုလို ပြောင်းလဲနေတတ်လာမယ်။ အိမ်မှာထက် ပိုပျော်စရာကောင်းမယ်။ ကစားပေးမယ့်အဖော်တွေ စကားပြောမယ် အဖော်တွေသူ့မှာ ရလာလို့ အတွေ့အကြုံ အသစ်တွေရလာမယ်။

(၃) knowledge sharing လုပ်တတ်လာမယ်။

အိမ်မှာ အမေအဖေပြောတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို သူငယ်ချင်းတွေကိုပြောပြတတ်လာမယ်။ ကျောင်းကဆရာမသင်ပေးလိုက်တဲ့ ကဗျာလေးတွေ ပုံချိုးနည်းလေးတွေကို အိမ်ကဖေဖေမေမေ ဖိုးဖိုးဖွားဖွား တို့ကို ပြန်ပြောပြတတ်လာမယ်။ ဘယ်အချိန်မှာ ချီးကျူးခံရမလဲသိလာမယ်။ ချီးကျူးခံရအောင် ကောင်းတာလေးတွေပဲရွေးပြောတတ်လာမယ်။ ရွေးလုပ်တတ်လာမယ်ထင်ပါတယ်။

(၄) ကောင်းတဲ့အချက်တွေအများကြီးထဲက တစ်ခုကတော့ ကျွန်မတို့လိုမိခင်တွေအတွက်ပါ။

အရာရာမိဘကိုပဲ အားကိုးနေရာက တချို့အရာတွေကို သူ့ဘာသာသူ လုပ်တတ်လာတဲ့အခါ အဖေအမေနားရတယ်။ သူကျောင်းသွားနေရင် အမေက အပြည့်အဝနားလို့ရတယ်။ မနားရင်လည်း လုပ်စရာရှိတာတွေကို သီချင်း တအေးအေးနဲ့ လုပ်လို့ရပြီလေ။ မဟုတ်ရင် သီချင်းညည်းဖို့တောင် မေ့ရတယ်လေ။ အလှပြင်မယ် ဈေးဝယ်ထွက်မယ်၊ အပေါင်းအသင်းတွေနဲ့တွေ့မယ် စကားတွေပြောကြမယ်။ ကဲ မကောင်းဘူးလား အမေလည်းသစ်လွင် ကလေးလည်း သစ်လွင်။

(၅) နောက်ဆုံးအချက်ကတော့ မိဘနဲ့သားသမီးပိုမိုနီးကပ်လာမှာပါ။

ကျွန်မတို့က အိမ်မှာပဲ ကလေးတွေကိုထိန်းကျောင်းတဲ့အခါ ကလေးလည်း ပျင်းရိသလို မိဘအတွက်လည်း ငြီးငွေ့တတ်ပါတယ်။ အဲဒီတော့ ဘယ်သူ့ကို ဘယ့်သူ့မှ အထိခိုက်မခံတော့ဘူး။ ကလေးဂျီကျတဲ့အခါ အကြောင်းရင်း မစုံစမ်းပဲ ဂျီကျရကောင်းလားလို့အပြစ်မြင်လာမယ်။ ရိုက်မယ်။

အဲဒီတော့ ကလေးကလည်း ငါ့ကို မကြင်နာဘူး၊ မချစ်ဘူး ၊ အလိုမလိုက်ဘူးလို့မြင်လာမယ်။ ထုတ်ဖော်ပြီးတော့ တော့မပြောဘူးပေါ့။ ဒါဟာနီးနေတယ်ထင်ရပေမယ့် သားသမီးနဲ့မိဘကြား ဝေးလာတာပါ။

မူကြိုသာ နာရီပိုင်းလောက် ထားလိုက်ရင် မိဘလည်းအနားရလို့ မပင်ပန်းတော့လို့ ကလေးပြန်လာမယ့်အချိန်ကို မျှော်တတ်လာမယ်။ ကလေးပြန်လာရင် ပွေ့ဖက်ပြီး နမ်းရှုံ့ပြီးကြိုမယ် ဘာတွေသင်လာလဲ ဘာတွေ လုပ်လာလဲမေးမယ်။ ကလေးကလည်း ပြန်ပြောပြမယ် ပိုမိုတတ်ကြွလာမယ်။

ဂျီကျချိန်မရှိတော့လို့ ငိုစရာလည်းမလိုတော့သလို မိဘလည်း စိတ်မညစ်ရတော့ဘူးလေ။ မိဘနဲ့သားသမီးကြား ပိုမိုနီးကပ်လာပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေလာတာကိုး။ မဟုတ်ရင် အထူးသဖြင့် မိခင်က စိတ်ကော လူကောအနားမရဘူးလေ။

ဒါတွေက ကျွန်မအကောင်းအမြင်နဲ့ တွေးထားတာတွေပါ။ လက်တွေ့မှာ ရင်ဆိုင်ရမယ့်ပြသနာတွေလည်း ရှိမှာပါ။ ကလေးက မကောင်းတဲ့အပြောအဆို အပြုအမူတွေလည်း တတ်လာနိုင်ပါတယ်။ လူကအမျိုးမျိုးပဲကိုး။
အဲဒီအခါ မိဘကပြန်လည်တည့်မတ်ပေးရပါမယ်။

၃နှစ် လောက်နဲ့ လက်ရေးသင်တဲ့ ကျောင်းမျိုးထက် လက်ချောင်းလေးတွေ သန်မာအောင် လိုရာသုံးလို့ရတယ်ဆိုတာ သိအောင် ပန်းချီဆွဲနည်းလို သင်ပေးတဲ့ကျောင်းမျိုးရွေးထားရပါမယ်။

အလွတ်ကျက်ထက် အတွေးပိုင်းပါသင်ကြားပေးနိုင်တဲ့ကျောင်းမျိုးရွေးရဦးမယ်။ အဓိကကတော့ ကလေးပျော်တဲ့ ဝန်းကျင်ဖြစ်ဖို့ပါပဲ။

ဝန်းကျင်ကောင်းမှာ ကလေးမပျော်ရင်တော့ ဘာပြသနာရှိလဲ စုံစမ်းရပါမယ်။ သင်ယူဖို့ ငြင်းဆန်ရင်လည်း ဘာ့ကြောင့်ဆိုတာ စုံစမ်းရပါမယ်။ ကဲလုပ်စရာတွေကတော့ အများကြီးပါ။ ကလေးရော မိဘပါ သက်တောင့်
သက်သာဖြစ်ဖို့လိုပြီး ပိုမိုနီးကပ်နွေးထွေးတဲ့ မိသားစုလေး ဖြစ်လာမှသာ မူကြိုအရွယ် ပညာရေးကို ဆက်လက်အားပေးသင့်ပါသည်ရှင့်။

source: Motherhood Childcare Development (maukkha fb)

 

**Zawgyi**

"ဘယ္အရြယ္မွာ မူႀကိဳထားသင့္လဲ"ေမးၾကတဲ့ ေမေမတို႔ေရ ..."သားသမီးမ်ားႏွင့္ မူႀကိဳအရြယ္ပညာေရး"ကို ဖတ္ၾကည့္ၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ကြၽန္မတို႔ကေလးေလးေတြ ၂ႏွစ္ေက်ာ္ ၃ႏွစ္ အရြယ္ေရာက္လာရင္ မူႀကိဳထားရမလား မထားရမလား စဥ္းစား႐ပါၿပီ။ "မထားေသးပါဘူး။ ေနာက္က်ရင္ သင္ပါေလ့။ အခုေတာ့ေဆာ့ပါေစဦး။ ေနပါေစဦး"လို႔ ဆိုသူေတြရိွသလို "အိမ္မွာ မႏိုင္ေတာ့ဘူး။ နဲနဲပဲ နားရ နား႐ မူႀကိဳပို႔ေတာ့မယ္"လို႔ ေျပာသူေတြလည္းရိွပါတယ္။

ကြၽန္မသမီးေလးလည္း ၂ႏွစ္ျပည့္ခါနီးေနၿပီျဖစ္တဲ့အတြက္ မူႀကိဳထားဖို႔ မထားဖို႔ ခုကတည္းက ကြၽန္မစဥ္းစားေနရပါၿပီ။ ကြၽန္မကေတာ့ ကေလးအသက္ ၃ႏွစ္ေက်ာ္ေလာက္က စၿပီး မူႀကိဳပညာေရး စေပးဖို႔ ဆႏၵရိွေနပါတယ္။
အေၾကာင္းျပခ်က္ေတြကေတာ့ အမ်ားႀကီးရိွပါတယ္။

(၁) ကေလးေတြဟာ ေမြးကတည္းက သင္ၾကားေနၾကတာပါ။

သင္ၾကားလိုၾကတာပါ။ အေမ့မ်က္ႏွာ အေဖ့မ်က္ႏွာ အေမ့အသံ အေဖ့အသံ စသည္ျဖင့္ မွတ္မိေနၾကတာဟာ သူတို႔ ေလ့လာသင္ၾကားေနၾကလို႔ပါ။ တေျဖးေျဖးနဲ႔ အေမေျပာသလို လိုက္ေျပာမယ္၊ အေဖလုပ္သလိုု လိုက္လုပ္မယ္၊ သူ႔ဘာသာသူ တမ်ိဳးၿပီး တမ်ိဳးကစားမယ္ စတာေတြဟာလည္း သူတို႔ သင္ၾကားရင္းကတဆင့္ သိျမင္လာၾကတာပါ။ သူတို႔မွာေမြးကတည္းက သင္ၾကားစူးစမ္းလိုစိတ္အျပည့္ ရိွၾကပါတယ္။

ဒါ့ေၾကာင့္ ၀န္ပိေစတဲ့ေ ေလ့လာ သင္ၾကားမႈမွ မဟုတ္ရင္ ေလ့လာခြင့္ေပးသင့္ပါတယ္။ ၿပီးေတာ့ ငယ္ေလပိုမိုမွတ္မိ သင္ၾကားႏိုင္ေလပါပဲ။ စကားလံုးေတြကိုတြဲၿပီး လိုအပ္တဲ့ေနရာမွာပဲ သံုးတတ္ေျပာတတ္လာတာပဲၾကည့္ေလ။

(၂) သူတို႔ မွာ သူတို႔အရြယ္ ၀န္းက်င္တစ္ခု အမွန္တကယ္လိုအပ္ပါတယ္။

အိမ္မွာပဲေနရတဲ့ ကေလးနဲ႔ မူႀကိဳေနတဲ့ ကေလးဟာ အမွန္တကယ္ မတူႏိုင္ပါဘူး။ အိမ္မွာေနရတဲ့ ကေလးဟာ အိမ္မွာပဲ အသားတက်ရိွတာပါ။ လူထဲသြားရင္ ေၾကာက္တတ္မယ္။ အျပင္မွာျပသနာရိွလာရင္ မေျဖ႐ွင္းတတ္ေတာ့ဘူး။ အျပင္မွာ အျခားကေလးေတြနဲ႔ ေပ်ာ္ရႊင္စြာေနဖို႔ ယံုၾကည္ခ်က္မရိွဘူး။ အဲေတာ့ မူႀကိဳသာထားလိုက္ရင္ အဲလိုျပသနာ အခ်ိဳ႕ကို ေျဖ႐ွင္းၿပီးသားျဖစ္သြားပါမယ္။ ကိုယ့္ပစၥည္းေလးေတြကို ေ၀မၽွၿပီးကစားတတ္လာမယ္။

လူအမ်ားနဲ႔ညီၫႊတ္ေအာင္ ဘယ္လိုေနရမလဲဆိုတာ မိဘဆရာသင္ေပးစရာ မလိုေတာ့ပဲ သူ႔အလိုလို ေျပာင္းလဲေနတတ္လာမယ္။ အိမ္မွာထက္ ပိုေပ်ာ္စရာေကာင္းမယ္။ ကစားေပးမယ့္အေဖာ္ေတြ စကားေျပာမယ္ အေဖာ္ေတြသူ႔မွာ ရလာလို႔ အေတြ႕အၾကံဳ အသစ္ေတြရလာမယ္။

(၃) knowledge sharing လုပ္တတ္လာမယ္။

အိမ္မွာ အေမအေဖေျပာတဲ့ စိတ္၀င္စားစရာအေၾကာင္းအရာေတြကို သူငယ္ခ်င္းေတြကိုေျပာျပတတ္လာမယ္။ ေက်ာင္းကဆရာမသင္ေပးလိုက္တဲ့ ကဗ်ာေလးေတြ ပံုခ်ိဳးနည္းေလးေတြကို အိမ္ကေဖေဖေမေမ ဖိုးဖိုးဖြားဖြား တို႔ကို ျပန္ေျပာျပတတ္လာမယ္။ ဘယ္အခ်ိန္မွာ ခ်ီးက်ဴးခံရမလဲသိလာမယ္။ ခ်ီးက်ဴးခံရေအာင္ ေကာင္းတာေလးေတြပဲေရြးေျပာတတ္လာမယ္။ ေရြးလုပ္တတ္လာမယ္ထင္ပါတယ္။

(၄) ေကာင္းတဲ့အခ်က္ေတြအမ်ားႀကီးထဲက တစ္ခုကေတာ့ ကြၽန္မတို႔လိုမိခင္ေတြအတြက္ပါ။

အရာရာမိဘကိုပဲ အားကိုးေနရာက တခ်ိဳ႕အရာေတြကို သူ႔ဘာသာသူ လုပ္တတ္လာတဲ့အခါ အေဖအေမနားရတယ္။ သူေက်ာင္းသြားေနရင္ အေမက အျပည့္အ၀နားလို႔ရတယ္။ မနားရင္လည္း လုပ္စ႐ာရိွတာေတြကို သီခ်င္း တေအးေအးနဲ႔ လုပ္လို႔ရၿပီေလ။ မဟုတ္ရင္ သီခ်င္းညည္းဖို႔ေတာင္ ေမ့ရတယ္ေလ။ အလွျပင္မယ္ ေစ်း၀ယ္ထြက္မယ္၊ အေပါင္းအသင္းေတြနဲ႔ေတြ႕မယ္ စကားေတြေျပာၾကမယ္။ ကဲ မေကာင္းဘူးလား အေမလည္းသစ္လြင္ ကေလးလည္း သစ္လြင္။

(၅) ေနာက္ဆံုးအခ်က္ကေတာ့ မိဘနဲ႔သားသမီးပိုမိုနီးကပ္လာမွာပါ။

ကြၽန္မတို႔က အိမ္မွာပဲ ကေလးေတြကိုထိန္းေက်ာင္းတဲ့အခါ ကေလးလည္း ပ်င္းရိသလို မိဘအတြက္လည္း ၿငီးေငြ႕တတ္ပါတယ္။ အဲဒီေတာ့ ဘယ္သူ႔ကို ဘယ့္သူ႔မွ အထိခိုက္မခံေတာ့ဘူး။ ကေလးဂ်ီက်တဲ့အခါ အေၾကာင္းရင္း မစံုစမ္းပဲ ဂ်ီက်ရေကာင္းလားလို႔အျပစ္ျမင္လာမယ္။ ႐ိုက္မယ္။

အဲဒီေတာ့ ကေလးကလည္း ငါ့ကို မၾကင္နာဘူး၊ မခ်စ္ဘူး ၊ အလိုမလိုက္ဘူးလို႔ျမင္လာမယ္။ ထုတ္ေဖာ္ၿပီးေတာ့ ေတာ့မေျပာဘူးေပါ့။ ဒါဟာနီးေနတယ္ထင္ရေပမယ့္ သားသမီးနဲ႔မိဘၾကား ေ၀းလာတာပါ။

မူႀကိဳသာ နာရီပိုင္းေလာက္ ထားလိုက္ရင္ မိဘလည္းအနားရလို႔ မပင္ပန္းေတာ့လို႔ ကေလးျပန္လာမယ့္အခ်ိန္ကို ေမၽွာ္တတ္လာမယ္။ ကေလးျပန္လာရင္ ေပြ႕ဖက္ၿပီး နမ္း႐ွံဳ႕ၿပီးႀကိဳမယ္ ဘာေတြသင္လာလဲ ဘာေတြ လုပ္လာလဲေမးမယ္။ ကေလးကလည္း ျပန္ေျပာျပမယ္ ပိုမိုတတ္ႂကြလာမယ္။

ဂ်ီက်ခ်ိန္မရိွေတာ့လို႔ ငိုစရာလည္းမလိုေတာ့သလို မိဘလည္း စိတ္မညစ္ရေတာ့ဘူးေလ။ မိဘနဲ႔သားသမီးၾကား ပိုမိုနီးကပ္လာပါလိမ့္မယ္။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပလာတာကိုး။ မဟုတ္ရင္ အထူးသျဖင့္ မိခင္က စိတ္ေကာ လူေကာအနားမရဘူးေလ။

ဒါေတြက ကြၽန္မအေကာင္းအျမင္နဲ႔ ေတြးထားတာေတြပါ။ လက္ေတြ႔မွာ ရင္ဆိုင္ရမယ့္ျပသနာေတြလည္း ရိွမွာပါ။ ကေလးက မေကာင္းတဲ့အေျပာအဆို အျပဳအမူေတြလည္း တတ္လာႏိုင္ပါတယ္။ လူကအမ်ိဳးမ်ိဳးပဲကိုး။
အဲဒီအခါ မိဘကျပန္လည္တည့္မတ္ေပးရပါမယ္။

၃ႏွစ္ ေလာက္နဲ႔ လက္ေရးသင္တဲ့ ေက်ာင္းမ်ိဳးထက္ လက္ေခ်ာင္းေလးေတြ သန္မာေအာင္ လိုရာသံုးလို႔ရတယ္ဆိုတာ သိေအာင္ ပန္းခ်ီဆြဲနည္းလို သင္ေပးတဲ့ေက်ာင္းမ်ိဳးေရြးထားရပါမယ္။

အလြတ္က်က္ထက္ အေတြးပိုင္းပါသင္ၾကားေပးႏိုင္တဲ့ေက်ာင္းမ်ိဳးေရြးရဦးမယ္။ အဓိကကေတာ့ ကေလးေပ်ာ္တဲ့ ၀န္းက်င္ျဖစ္ဖို႔ပါပဲ။

၀န္းက်င္ေကာင္းမွာ ကေလးမေပ်ာ္ရင္ေတာ့ ဘာျပသနာရိွလဲ စံုစမ္းရပါမယ္။ သင္ယူဖို႔ ျငင္းဆန္ရင္လည္း ဘာ့ေၾကာင့္ဆိုတာ စံုစမ္းရပါမယ္။ ကဲလုပ္စရာေတြကေတာ့ အမ်ားႀကီးပါ။ ကေလးေရာ မိဘပါ သက္ေတာင့္
သက္သာျဖစ္ဖို႔လိုၿပီး ပိုမိုနီးကပ္ေႏြးေထြးတဲ့ မိသားစုေလး ျဖစ္လာမွသာ မူႀကိဳအရြယ္ ပညာေ႐းကို ဆက္လက္အားေပးသင့္ပါသည္႐ွင့္။

source: Motherhood Childcare Development (maukkha fb)

Tips Read 1248 times